Thursday, July 21, 2011

လိမ်ညာခြင်းနဲ့ဝေးရာ

ဒါဏ်ရာတွေက စည်ကားလို့
ငါ့ဘဝလေးမှအားမနာ
ခံစားစရာ ရင်ဘတ်လည်းမချိ
ဒါဏ်ခတ်ခံရတာလား 
ကျိမ်စာတွေပဲလား
ဝဋ်ဆိုတာဒါလား
ငါ့ကိုငါပြန်ကြည့်တယ်
သနားစရာမှမကောင်းတာပဲလေ
သနားအောင်လည်းမနေဘူး
ဘဝခါးကို ပိုခါးအောင်လည်းမနေဘူး
ငါ့ကိုယ်ငါပဲ တိုင်တည်မိတယ်
ပြေလည်ခဲ့တာတွေမေ့လိုက်တော့မယ်
ဒါဏ်ရာတွေပိုက်ထားလိုက်တယ်
ကျောကထိုးတဲ့ ဓား
ခါးမခါးမသိလိုက်ဘူး
လိမ်ညာခြင်းကိုမုန်းတဲ့သူ
ငါ
နာကျဉ်သွားတယ် ...
လိမ်မေနနဲ့တော့
ကိုယ့်လမ်းကိုယ်လျှောက်တာပေါ့
မင်းပြေလည်ပါစေ
ငါလည်းပြေလည်မှာပဲ
လိမ်ညာခြင်းနဲ့ဝေးရာ
ငါသွားတော့မယ်
ခုတ်မောင်းသွားတဲ့ အခါးတွေအောက်မှာ
ခံစားချက်တွေကသေလို့
ငါ့နှလုံးသားလေးကိုငါ မြေဖို့ထားလိုက်တယ်
လှုပ်လာခဲ့ရင်တောင် အဆိပ်ရေထပ်တိုက်ဖို့အသင့်

အဆုံး

မူးမေ့လဲသွားလား
ဒါပေမဲ့ မသိလိုက်တာ
ခံနိုင်ရည်တွေပျက်သုန်းလို့
လိမ်ခံရတာအရှက်ဆုံးပဲ
ကမ္ဘာမြေကြီးချာချာလည်သွားတယ်
နာကျင်မှုကို စုထားတယ်
ဒါပေမဲ့ မပေါက်ကွဲနိုင်ဘူး
မြိုသိပ်ခြင်းရဲ့နောက်မှာဆွံ့အလို့
တွေဝေတာကိုအကြောက်ဆုံးပဲ
ငါ့နှလုံးသားလေးပြုတ်ကျသွားတယ်
ကြေကွဲမှုကို လွှင့်ပစ်ကြည့်တယ်
ဒါပေမဲ့ အနားမှာရစ်ဝဲလို့
ကျကွဲသွားခြင်းရဲ့နောက်မှာ အံ့သြလို့
ငါ့အနာဂတ်တွေပျောက်ဆုံးသွားလေရဲ့
ဇာတ်လမ်းတစ်ခုရဲု့အဆုံး ။



ခါး

နွေခေါင်ခေါင်မိုးခြိမ်းသံကြားတော့
ခေါင်းမော့လိုက်တယ်
ငါ့အပြစ်တွေများနေပြီ
လောကရဲ့ကမ်းလွန်ပင်လယ်မှာ
သူသေကိုယ်သေနွှဲနေလိုက်မိတာ
ငါလည်းမသေ ၊ သူလဲပျော်နေတာပဲလေ
ခံနိုင်ရည်တို့ကို ဖဲ့ခြွေလို့
ချစ်ခြင်းတွေက ဘာလို့အစွန်းရောက်နေရတာလဲ
နိုးတဝက်အိပ်တစ်ဝက်ညကိုတောင်းပန်မိတယ်
မင်းငယ်ငယ်ကကိုင်တဲ့ပေတံတစ်ချောင်းလို
ခြိုးခြွေကြေမွှလိုက်ပါ ငါ့ဒါဏ်ကိုငါခံရဲပါ၏
အချစ်ဆိုတာ ခဲသားဘောပင်လေးလိုမဖြစ်နိုင်တာပဲ
ဖြစ်ခဲ့ရင်တောင် ခဲသားအသစ်မသုံးလို
ဝတ္တရားတွေပျက်တဲ့ ငါနဲ့
ဝတ္တရားမသိတဲ့ နင်နဲ့ကြားမှာ
လိမ်းကြံထားတဲ့ အချစ်ဆိုတာကရော
ဟောင်းပြီးသား ကာရံတစ်ခုလိုပဲ
လူကြိုက်တော့များမယ်
ဒါပေမဲ့ သစ်မလာနိုင်တော့ဘူး
မေတ္တာတွေသာ အထပ်ထပ်မျှလို့
သစ္စာတွေသာ အခါခါပြု
နိယာမတွေကြားမှာ ဗျာဝါဒတွေပွား
အချစ်စစ်စစ်ကို ခေါင်းခေါက်လိုက်မိပြီးမှပဲ
တရေးနိုးတော့ အိပ်ရေးပျက်လူနုံး
ခံနိုင်ရေလေးတွေတောင် ငါ့မှာကျရှုံးလို့
မနေ့ညကတော့ ခါးတယ်
ခုလဲခါးတယ်
နောင်လည်း ခါးပါရစေတော့ကွယ် ။


သက်ဆိုင်နေသေးတယ်

မနက်လင်းဖို့ နေခြည်ဆောင်
အလင်းရောင်လေးတွေက
တောက်လို့ပလို့
ငါလဲပဲသက်ဆိုင်တာပဲ ....
ဒီလောကကြီးနဲ့
နေ့လည်ခင်းမို့ ပူလောင်လောင်
နေတစ်စင်းထဲနဲ့တောင်
ပူလောင်အိုက်စက်လို့
ငါလည်းပဲသက်ဆိုင်သေးတာပဲ
ဒီလောကကြီးနဲ့
ညနေစောင်းမို့ နေမင်းပြန်
နေမဝင်နေညိုရိပ်က
လှလို့ပလို့
ငါလည်းပဲသက်ဆိုင်နိုင်သေးတာပဲလေ
ဒီလောကကြီးနဲ့
တောက်ပတဲ့မင်းအပြုံးလေးတွေ
ပူလောင်တဲ့ မင်းအလှအပတွေ
ရယ်ရွှင်တဲ့ မင်းဓာတ်ပုံလေးတွေ
ကြည့်ပိုင်ခွင့်လေးတစ်ခုရှိသေးတယ်
ငါလည်းပဲသက်ဆိုင်သေးတာပဲ
မင်းဓာတ်ပုံလေးတွေနဲ့ .....
ငါလည်းပဲသက်ဆိုင်သေးတာပဲလေ
ငါလည်းပဲ သက်ဆိုင်နေတုန်း ....... ပေါ့

ကဗျာသမားလေး

မိတ်ဆွေ
ရင်ထဲအပူဘယ်လိုလူမှယူမရဘူး
မိတ်ဆွေ
ကိုယ့်အကြောင်းကို ဘုရားတောင်ကို့လောက်မသိ
မိတ်ဆွေ
ဝေစားမစားသင့်တာ ချစ်ခြင်းမေတ္တာ

စကားတစ်လုံး ဓားတစ်ချောင်း
ဆောင်းထင်လို့ကိုးကွယ်
အချစ်က နွေလိုပဲ
ကာရံတစ်ခု နှလုံးတစ်ခါနာ
အလှထင်လို့ မက်မော
မာယာသံတွေပဲနှောတယ်
ကဗျာတစ်ပုဒ် ငါတစ်ယောက်
ခံစားချက်တွေမို့ချရေး
ငါ့ကိုခလေးတောင်မလေးစားတော့ဘူး ။
ဒါပေမဲ့
ခံစားချရေး
ကဗျာသမားလေးပါပဲ ။

ချစ်မိနေတုန်း

အတ္တအရည်ခြုံလို့
လူတောထဲရောက်သွားတယ်
ကံဆိုတာ မကောင်းလည်း
ဇွဲကမလျှော့
နာကျင်စရာတွေကို
ခုတုံးလုပ်ပြီးလှမ်းကြည့်တယ်
ပန်းတိုင် နဲ့ဝေးလို့မဆုံး
မေတ္တာတရားကိုမြေလှန်ရှာတော့
ကိုယ်တိုင်တောင် မေတ္တာရှားတာပဲလေ
ရေငတ်သူလိုပဲ တွေ့လေရာငေးလို့
ဂရုဏာ စကားတွေကိုမျှော်ရင်း
ရွှေသမင်အလိုက်မှားသွားတာ
မာယာကျော့ကွင်းထဲတန်းလို့
ငါ့ကိုငါမပိုင်တာ သူများပိုင်ချင်နေတုန်း
အတ္တအရည်ပြန်ချွတ်ကြည့်တယ်
သစ္စာတရားဆိုတာ
စောင့်တတ်သူမှသစ္စာစကားပြောကြေးဆို
ငါလဲ ဒီစကားကြားဘူးမှာမဟုတ်ဘူး
ဒါပေမဲ့မြတ်နိုးမိရာကစသွားတာ
မမှီတဲ့ပန်းလေးလှမ်းချင်းတုန်း
ပန်းမမှီလိုက်ပါဘူး
ရိုးတံကစူးတွေပဲကိုင်မိလိုက်တယ်
ထွက်လာတဲ့သွေးကရဲလို့
ဒါတောင် ချစ်မိတုန်း

ချစ်ရနံ့ရယ်မပြယ်

ခြောက်သွေ့ခြင်းနဲ့
အိမ်မက်မဲ့ညတွေကျော်ပါရစေ
မနက်လင်းတိုင်းဆုတောင်းမိတာ
မင်း mail လေးတွေရောက်နေပါစေလို့သာပဲ
ရင်ထဲကဆုတောင်သံတွေမကြားရော့လား
မင်းမလဲ မာန ၊ ငါ့မှာလဲမာန
တံတိုင်းတွေက မြင့်မားလို့
ဒို့ကိုယ်တိုင်ကာထားကြတာလေ
မင်းဘက်က “၁“ ဆို
ငါ့ဘက်က “င“ ဖြစ်လို့
မက်ဘူးတဲ့အိမ်မက်တွေ
ကျောပိုးအိပ်ထဲသွတ်သွတ်သွင်းလိုက်တယ်
ပြောခဲ့ဖူးတာ ကြားဖူးတာတွေ
ရင်ထဲမှာပဲပေါ့ ...... သိမ်းဆည်းလို့
မင်းသိတဲ့ ငါဆိုတာအရမ်းချစ်တတ်တဲ့သူ
ငါသိတဲ့ မင်းကကျိတ်မှိတ်ခံစားသောသူ
ငါကတော့
နာကျင်မှုကို ချချနင်းမိတဲ့အမှု
ဂုဏ် ဓန မရှိလို့
မာန် မာနနဲ့သာရှင်သန်နေရတဲ့လူ
ဒါတွေခဝါချရရင် ငါဘယ်ဘဝရောက်မလဲ
အချစ်ဆိုတာ
ငါ့အတွက်တော့ မိုးပြေးလိုပဲနော့
ချစ်သူ
ညတိုင်းမွှေးတဲ့ ပန်း
နင်တွေ့ရင်သတိရပေး
မနက်တိုင်းမွှေးတဲ့ပန်းဆို
နင်သိပါငါ့အတွက်သက်သေ
နေ့ဆို ခရေလိုပဲ ......
ကြွေသာသွားမယ် ... ငါ့အချစ်ရနံ့ရယ်မပြယ်စေရဘူး ။

တိမ်တိုက်

တိမ်တိုက်တော့ တိမ်တိုက်လေးပါပဲ
ရင်ထဲကသွေးတွေလဲ မဲညို့ရင်ညို့လို့
ကြည်လင်ရင်လည်း ဖြူစင်လို့ပေါ့
တိမ်ဘဝလေးတွေက တစ်ခါငေးရုံနဲ့ရင်လေးစေလိမ့်မယ်
လွင့်မြောရင်း သည်းခြေပျက်သူတွေ
လွင့်မြောရင်း တိမ်ဆိုင်မြင့်မားသူတွေ
အချိန်တန်တော့ အိမ်ပဲပြန်ကြရတာပဲလေ
တချို့တော့ ပြိုကျလို့ငိုရတဲ့ရက်တွေရှိလေရဲ့
တချို့တော့ ကြည်စင်လို့အိမ်ပြန်မြင်သွားကြလေရဲ့
မြောလွင့်ခြင်းရဲ့ဘဝ ။
ခံရတာများရင် လွင့်မြောတတ်တယ်
နာကျဉ်းတာများရင် ကွယ်ပျောက်သွားတတ်ရဲ့
လေဟုန်စီးရင်း ပျော်သူကပျော်
လေဟုန်စီးရင်း ငိုသူကငို
တိမ်လိုလေလိုလေးပဲလွင့်လို့
ပျော်ရွှင်ရက် နည်းလေခြင်း။
ဒီတိမ်တိုက်ကလည်း လေဟုန်စီးပျော်သူ
လေအဟုန်ရဲ့ဒါဏ်ပေတေခံရင်း
ချစ်ခြင်းရဲ့ ငှက်ကျေးလေးကို
သံယောဇဉ်တွယ်မိလေခြင်း
ရင်နဲ့ရင်းတော့ သူ့အနားမခွာချင်အောင်နော့
မျှော်ငေးရင်း လေပေါ်အိမ်လေးဆောက်မိရုံပေါ့
သံယောဇဉ်ရဲ့ အရင်ခံကနာကျဉ်ခြင်းတွေဝေးစေတယ်
မေတ္တာရဲ့ အရင်းခံကမျော်လင့်ခြင်းကိုတက်မက်စေရဲ့
တိမ်တိုက်ဘဝလေး ကျပေးလိုက်မယ်
တိမ်ရဲ့အရိပ်မှာနားပါငှက်ငယ် ။


( တိမ်တိုက်ဆိုတဲ့ နာမည်လေးက အများကမဖြူစင်ဘူးလို့သတ်မှတ်ထားတဲ့
    ငွေကြေးနောက်လိုက်ရင်းဘဝပျက်ကာ အိုဗာစတေးဖြင့်တပါးနိုင်ငံတွင်
ဒုက္ခခံမြောလွင့်ရင်း အလုပ်တစ်ခုမကောင်းတစ်ခုပြောင်းနေရသော သူများကိုယ်စား ။ )

အရှင် ( ၂ )

တောင်ညိုတွေကာဆီး 
ငါ့ခရီးဝေးတုန်းလား အရှင် ။
ပင်လယ်ပြာကာပြီး
ငါ့အလွမ်းစတေးရတုန်းလား အရှင် ။
လေဟုန်ပေါ် ခုန်ပြီး
ငါလာရင်ကြိုမလား အရှင် ။
အပြုံးသခင် ငါ့အရှင်
သူနေကောင်းကင်
ငါလေ မြေအောက်
အဆင့်မတူ
ငါလိုလူအတွက်တော့
အချစ်ကမီးလိုလေးပူတယ် အရှင် ။
ဝေဒနာည
သေရာပါအောင်ခံစား
အလွမ်းရဲ့ မီလျှံတွေကြား
နင့်အမည်ကို
ငယ်သံပါအောင်ခေါ်နေရတာ
မကြားလေရော့လား အရှင် ။

အိပ်ပျက်ညမှလွတ်ခွင့်ပေး

ငါ့ရင်ခွင်လှိုင်းထ
နင်လိုတိုင်းရနေတာက ငါပါ
ငါ့ချစ်ခြင်းမြေခ
နင့်အလိုသာ အရာရာယူဆောင်စေ
ငါ့မျက်နှာဝင်းပ
ဟိုအရင်ကတော့ နင်မြင်ချင်လှရဲ့ဆို
ငါ့စကားချိုမြ
နင့်အကြားတွေ သာယာစေရဲ့ဆို
ငါ့ချစ်ခြင်းတွေမှ
နင့်ဘဝပျော်၇ွှင်စေရဲ့ လို့
နင့်အပြောနဲ့မြောခဲ့ပေါ့ ။

ဒီလိုလေးနဲ့ .....
ချစ်ခြင်းရဲ့နောက်မှာ
ငါပဲ ရင်မောရတယ် ။

တော်ပြီ .. တော်ပြီ ....တော်ပါပြီအမိ
ငါ့အသိတွေကတားလို့
ငါ့နှလုံးသားတန့်ထားတော့မယ်
နင့်အတွက်ခတဲ့ ငါ့နှလုံးသား
နင့်အတွက်ကျတဲ့ငါ့မျက်ရည်နဲ့
နင့်အတွက်ရရလာတဲ့ ငါ့အလွမ်းတွေ
နေ့တွေ ညတွေထဲက ငါ့အချစ်တွေကိုဆွဲထုတ်တော့မယ် ။

နေတတ်သလိုနေ
ငါကျေနပ်လို့နေပေးပါ့မယ်
ပျော်သလိုလေး ဂေါ်
နင်ကငါလိုအဖော်မှမလိုတာပဲ .....
အချစ်စစ်နောက်မှာ ရောက်ရာပေါက်ရာပဲ
ငါကတော့ ကြောက်စရာတစ်ခုအဖြစ်တွေ့လိုက်တယ်
ပျော်သလိုနေတဲ့ နင်နဲ့ သဝန်တိုတဲ့ငါ့အတွက်တော့
လှည့်ဖျားတဲ့ချစ်ခြင်း ငါ့ရင်တွင်းမှာပဲပြီးသွားရတော့မယ်
အိပ်ပျက်ညမှလွတ်ခွင့်ပေး

မူရင်းသံ

မျက်ရည်တွေက အတားအဆီးမဲ့သွားခဲ့တယ်
ချစ်ခြင်းဆိုတာကရော... ဘယ်လိုလဲ
မျက်ရည်နဲ့ ခင်းတဲ့လမ်းများလား
သံယောဇဉ်ဆိုတာတွေ စမိခဲ့တော့
အနာတရအချိန်တိုင်းမှာ .. ကြားလိုက်လားချစ်သူ
ရင်ထဲမှာ တဆစ်ဆစ်နဲ့
ငိုကြွေခြင်းကို သံစဉ်ရှာကြည့်တယ်
ဂစ်တာလေးတောင် ပူလောင်သွားပုံပဲ
ငါ့စိတ်ကြိုက်တေးသွားရှာမတွေ့ဘူး
အသဲကွဲရာလေပင့်လိုက်လေခြင်း
ညို့ချက်မိတဲ့ ဂျီသငယ်လို ငါလိုကောင်ပေါ့
ညို့ထားတဲ့မြွေမင်းသမီးက အိမ်မက်ထဲမှာလှောင်ပြုံးတွေနဲ့
အကြင်နာကြည့်တွေကို မက်မောလို့
သူခေါ်ရာနောက်အလိုက်သင့်လေးပဲ
ကွေ့ကွင်းခြင်းဆိုတာ အချစ်စစ်မှာမပါဘူးထင်ရဲ့
ငါ့ဘဝလေးကို ပေးအပ်ပါရစေ
မင်းသိလားချစ်သူရယ်
မင်းပိုင်တဲ့ အကြင်နာတွေ
မင်းပိုင်တဲ့ အနမ်းတွေတမ်းတလို့
ငါပစ်လိုက်တဲ့အချစ်မြှားတွေက ငါ့ကိုပြန်စိုက်သွားတယ်
ငါ့ဒါဏ်ရာလေးတွေကို
ကိုယ်တိုင်ကိုင်ကြည့်ရင်းပဲ ဖြေသိမ့်မိတယ်
အချစ်ဆိုကတစ်ကယ်တော့ နာကျဉ်းတာလေးတွေမရှိရင်ပျော်စရာတစ်ခုပဲ
နောက်တစ်ခါလေ့လာမိတော့ .... ငါ့အလွမ်းဂီတသံလေးပြောင်းလိုက်တယ်
ဒီတစ်ခါ ထွက်တဲ့အသံက မင်းချစ်ခြင်းရဲ့တန်ပြန်သံဖြစ်စေရမယ်
အခုတော့ ... အခုတော့ ...
ငါမျှော်နေတာ ပုံဖော်ရတော့မဲ့ မင်းရင်ထဲကလာမည့်မူးရင်းသံပေါ့ ။

(ကျွန်တော့ရင်ထဲက ရှိတာလေးတွေချရေးတာဖြစ်လို့ သီးခံဖတ်ရှုပေးပါလို့တောင်းဆိုပါတယ် )

အချစ်ရက်

လွမ်းရက်တို့ရဲ့ ရှည်ရှည်
အတွေးစတို့လည်း ဝေဝေ
အကြင်နာပန်းခင်း ဖွေးဖွေး
သဝန်တိုစိတ်မို့ တိုးတိုး
ချစ်ခြင်းကလည်း ဆိုးဆိုး
ကို့ချစ်သူကို ခိုးခိုး
အနမ်းလေလွင့် ဟိုး ... ဟိုး မိုးပေါ်သို့

လွမ်းရက်လည်းရှည်
ငါ့ အချစ်ရက်တွေထဲမှာ
အတွေးစတို့က ဝေလို့ မေ ။

အကြင်နာတို့ ပန်းခင်းလို ဖွေး
ငါ့ အချစ်ရက်တွေထဲမှာ
သဝန်တိုစိတ်တို့က တိုးလို့ မေ ။

ဒီကချစ်ခြင်းတွေက ဆိုး
ငါ့ အချစ်ရက်တွေထဲမှာ
လက်တစ်ကမ်းအထင်နှင့်
ချစ်သူ့ပါးပြင် ခိုးလို့
အလွမ်းတွေလေလွင့် ဟိုး .... မိုးပေါ်သို့ပျံ့လွင့်လို့ မေ ။

ဆွံ့အခြင်းရဲ့စိတ္တဇ

နေရောင်အောက်မှာ ဒူပေဒါပေခံရင်
ပြေလည်ခွင့်တစ်ခုလိုချင်သွားတယ်
မထင်မှတ်နဲ့နေ့မှာ မိုတွေရွာချတယ် လျှပ်စီးတွေလပ်လို့
မျှော်လင့်ချက်ရောင်ခြည်တစ်ခုကောက်ရသွားတယ်
အလင်းတန်းကို ကြည့်ဖို့မရဲဘူး ..
ငါကမှေးမှိန်တဲ့ဘဝ ။
ပျော်ရွှင်ခြင်းလေးရင်ထဲ လှစ်ခနဲပေါ်သွားတာ
မထင်မှတ်တဲ့ အိမ်မက်တစ်ခုလိုပဲ
အရာရာပိုင်ဆိုင်ဖို့ကြိုးစားရင်း ငါ့အချစ်တွေပေးလိုက်ရတယ်
ယူဆောင်ခြင်းက မြန်ဆန်လိုက်တာ
ထင်ထားတဲ့နေ့မှာ မိုးတောင်မအုံ့သွားဘူး
ဒါပေမဲ့ စောဒကတက်ဖို့အင်အားတွေပျောက်နေလေရဲ့
အားချိတဲ့ ဘဝ ။
ကောင်ကင်ကြီးကကြည်လင်လိုက် မှောင်မှိုင်းလိုက်
ဒါဏ်ရာတွေလေတိုက်ရာလွင့်လို့ရရင် လွှင့်လိုက်ပါရစေ
အတွေးနဲ့စကားပြောတော့ ဆင်ခြေတွေကအပြည့်
ကိုယ့်ငါးချဉ်ပဲ ကိုယ်ချဉ်တာပဲလေ ငါလဲလူ
ကောင်းကင်မဲရင် ငါ့စိတ်လေးတွေငိုလို့
လိုရမယ်ရဆေးတစ်ခွက်ဆောင်ထားတယ်
သေတစ်နေ့မွေးတစ်နေ့ဖြစ်နေလို့ပါပဲ
တေးသံသာယာ ငှက်တွေမြူးတဲ့အချိန်မှာ
အပေါ်ကိုမကြည့်ရဲခဲ့ဘူးကောင်းကင်ရေ
မော်မကြည့်ရဲတဲ့ခန။

ဒါဏ်ရာတွေဖြေဖို့ငါ့အဖို့ ကဗျာ။
ဝေဒနာတွေ လျှော့ဖို့ ငါ့အတွက်စာ။
ကြင်နာသူသိဖို့ကရော ကာရံတွေကိုပဲရှာ။

တစ်ချိန်ကရှိခဲ့တဲ့မာနတွေကိုပြန်ခေါ်ပေးကြပါ
သူတို့ကို လွမ်းလှပါပြီ ........ ။....................  ဒီကကောင်က ဆွံ့အခြင်းရဲ့စိတ္တဇ

မုန်းလှပြီ

သွေးတွေ ... သွေးတွေ
နှလုံးသားလေးသွေးတွေယိုလို့
ငိုကြေွးဖို့လည်း မျက်ရည်ပါမလာဘူး
သီသန့်နေရာလေးမှာ ဖြစ်တည်သွားတယ်
အချစ်ဆိုတာ ဝင်္ဂပါလေးတစ်ခုလိုပဲ
ဝင်မသွားပဲလည်းရောက်တတ်တယ်
ထွက်ချင်တိုင်းလည်း ထွက်မရဘူး
အချစ်အောက်မှာ ဒူးထောက်မိပေါ့
ကြိုဆိုသူက ခံစားတတ်မှလေ
အလေးမထားရင် ဟာသလေးတစ်ပုဒ်လိုပဲ
ကြင်နာသူရေ အော်ခေါ်နေလည်း
နင်မထူးတော့ ငါပြန်မကြားရဘူး
ရယ်သံလေးပဲ သဲ့သဲ့ကြားလိုက်ရတယ်
ချစ်တတ်တဲ့ ငါ့နှလုံးသားကိုဖျောက်ဖျက်ပေးကြပါ
ထွက်ကျလာတတ်တဲ့ သွေးတွေကိုမုန်းလှပြီ

သခင် ( ၂ )

သခင် ခြွေရစ်
နေရစ်မဲ့သူပင်
မျက်နှာငယ်ဖြင့်
ရင်နင့်အောင်မပြောရက်
ကံကိုသာအပစ်ဖို့
ချစ်တတ်လို့
ကျန်ခဲ့လိုက်မယ်
ကဗျာညက“လ“ရယ်မသာဘူး
သခင့် စကားနားထဲကြားမြဲပါပဲ ။

သခင် အပါး
အနားနေချင်သူ
ဒါဏ်ရာပယ်ဖျောက်
သခင့်နောက်မှရပ်လို့
အမြဲဖေးမ
အမှားတွေ့ရင်
စကားတစ်မျိုးဆိုဆုံးမလို့
သခင့် လမ်းကိုညွှန်ချင်လို့သာ
သခင့် အပါးခခစားစား
သခင့်နှလုံးသားလှစေချင်မိသူ ။

သို့ပါသော်လည်း ...

ချစ်ခြင်းသခင်
ငါ့အရှင်ရယ်
တွယ်တာရစ်မော
ပျော်ရွှင်ဖွယ်
အမောကြားမှ
ငါ့ချစ်မမြင်
တစ်ရံတစ်ခါ
နှင်ရက်တယ်
ရင်လှိုက်သဲဖို
ငါငိုနေလည်း
သင်ကားမကြား 
ငါ့အားထားရက်လေခြင်း
သင့်အမိန့်တို့စွဲ
ငါ့နားထဲဝဲ
အသွားထက်ဓား
ငါ့ရင်ဝမှာ
သင်စိုက်ထားတာကြာပြီ သခင်။

ပန်းရယ်လှလှ

ပန်းရယ်လှလှ
ငါ့လက်နဲ့မတန်
နွမ်းမိပေါ့ ဒီအသည်း ။

အပြုံးရယ် လှလှ
ငါ့ဘဝ နဲ့မတန်
ကြံဖန်ဖန်ရယ် ဆုံရက်တယ်
လွမ်းလျှက်အထီးကျန် ။

ပျော်စရာ ပျောက်ဆုံး
ငါ့နေ့ဆိုးလေးတွေ
လှပလို့တင့်တယ်
နင်ရယ် ခနဖြတ်သန်းသွားတယ်
ဒီတစ်ညတော့ လွမ်းလိုက်ပါ့မယ် ။

ဒါဏ်ရာဆိုတာ များလို့
ငါ အခိုးလိုပျောက်ချင်မိတာ
သတ္တိရယ်ပေါက်ဖွား
နင်ရယ် ခနလာအားပေးသွားတယ်
ဒီတစ်ညတော့ သတိရနေပါ့မယ် ။

ပန်းရယ်လှလှ
ငါ့လက်နဲ့မတန်
နွမ်းမိပေါ့ ဒီအသည်း
လူထဲက လူပေမဲ့
နင့်ဘဝလှလှ
ပျောက်ပျက်မှာကြောက်မိသူ
ချစ်သူ့ ဘဝပန်းရယ်လှလှ
အနမ်းဖွဖွပေးချင်သော်လည်း
စေတနာ့ချစ်အား ငါမှပေးဝေ
အနမ်းဖွဖွ ငါကိုယ်တိုင်ပင်စတေးစေ ................... ။

၁၀၀%

မျှော်သူရယ်မော သူ့ဇောနဲ့
ချွေးများစို့လာ ကိုယ့်ခန္ဓာမှာ
ရင်လွှာစိုးရိပ် ချစ်ခိုးဝေလို့
မြင်လွှာဝေဝါး ချစ်သူ့တေးသွားအောက်မှာ
ပျော်ရွှင်ကြည်နူး ချစ်ရည်လူးပုံများ
သူ့အလှရစ်ခိုး ပြစ်မျိုးမှဲ့မထင်
ဒီရင်ပူလို့ ဘယ်လူသိမတုန်း
မျက်နှာပွင့်လန်း သူ့ကံစန်းက
ဒီကောင့်အမော လူပင်နှုန်းလှ
ပျောက်ဆုံးမေတ္တာ သူ့ချစ်လွှာတို့
နောက်ပေါက်ရွှေကြာ သူသွားရှာမှာ
ဝေဒနာတော အကြင်နာဇောနဲ့
ချစ်သူ့စကား ယုံချင်ပါညား
နှလုံးကိမ်းအောင်း သဝန်တိုနှုန်းက
သူရယ်လည်းသိ ရာခိုင်နှုန်းပြည့်ရယ်ပါ ။

ဒီည

ဒီည
အကြင်နာတို့ မြေခ
နှလုံးသားလေး ကြွေကျ
ငါဘဝလေးက သေသွားရသလို ။
ဒီည
ချစ်ခြင်းရဲ့ စေတနာ
သံယောဇဉ်ပေးတဲ့ ဝေဒနာ
သေရာပါမဲ့ ဒါဏ်ရာကိုပဲ မိုက်လို့ ။
ဒီည
ခခယယ ဒူးထောက်
အရူးကြီးတစ်ယောက်လို ငါက
အပယ်ခံရဲ့ ဘဝအား
စာနာလို့နာကြား ခံစားမိကြပါသလား ။

မမုန်း

ပြုံးရောင်ရယ်သမ်း
ပန်းချီကားနှယ် ရွှင်လန်းပါစေ
ချစ်သူ့ဝိဥဉ် ဗိမ္မာန်လိုဆင်
ငါ၏ဖြစ်အင် ချစ်ခြင်းသွင်ပြင်
စာနာမွေးဖွား ဒီအကြင်နာအား
ခံနိုင်ရေအား မပြည့်ဝခဲ့သူရယ်ပါ ။
ပြုံးမယ်ဟန်ပြင်
ငါ့အမြင်ထဲ သုခပန်ချီ
ချစ်ခြင်းစေရာ ဝေဒနာအိမ်မက်
မြတ်နိုးလျှက်ငါ နင့်ဓာတ်ပုံသာ
မူရယ်မပို သူလိုလျှင်မြေခ
နှလုံးသားလေး ကွဲလည်းမမုန်း
ခံစစ်လေးကို ဆင်ထားတဲ့သူရယ်ပါ ။

မေမေ(၂)

မေမေ
မေမေ့ရည်ရွယ်ချက် သားအိမ်မက်
မေမေ့ပန်းတိုင် သားနိဗ္ဗာန်
မေမေ
ဆုံးမစကား အမြဲကြားလည်း
လိုက်လျှောညီထွေ လောကလေနှင်ရာသာ
ပေတေမဟုတ် သေချာလုပ်လဲ
ကံရယ်မပါ မေမေ့သားရယ်သာ ခံနေရတုန်း ။
မေမေ
မေတ္တာစကား အမြဲကြားလည်း
နီးဖို့ကြိုးစား ဝေးကွာခြင်းအား
အန်တုယှဉ်ပြိုင် မနိုင်နိုင်တော့ရူး
ကံရယ်မလာ မေမေ့အားအဝေးမှသာလွမ်းရသူပါဗျာ ။
မေမေ
ဂရုဏာသံ မေတ္တာဟန်
ဆေးမွဲပန်ချီ ပြခန်းတင်လည်း
မေမေ့ချစ်ခြင်းတင့်တယ်ခြင်းဖြင့်
သားရဲ့ရင်တွင်း ပြတိုက်လေးမှာ
တင့်တယ်လှပ ကြည်လင်တောက်ပလို့
အမြဲရှင်သန်တောက်ပနေမှာရယ်ပါ ။

မင်းကိုသိပ်ချစ်တယ်

ငါ့ဝင်လေထွက်လေလွဲသွားတယ်
ဘာကိုယုံကြည်လို့ ဘာကိုနားလည်ရမလဲ
ဘာကို လက္ခံရမလဲ ငါ့အသဲက ကွဲလိုက်ပြန်ဆက်လိုက်
ကမ္ဘာကြီးကလဲ လည်ပတ်လိုက် မျက်စိရှေ့မှာတင်ရပ်သွားပြန်တယ်
သူ့စကားတွေက ချိုလိုက်ခါးလိုက် နားထဲမှာလဲကြားလိုက်မကြားလိုက်
မြင်ကွင်းတွေက ဝေလိုက်ဝါးလိုက် လေတိုးသံတွေက အိုး .... ဆိုးလိုက်တာ

ငါ့ဘဝရဲ့ သူက အရှင်သခင် ၊ ငါ့ဘဝရဲ့ မီးအိမ်ရှင် ၊ သူသာဘုရင်မလေးပါ
သူကငါ့ရဲ့အလင်းရောင်...................................................................
ငါ့ရင်နှင့်အမျှချစ်ခဲ့မိတာ ... သူရောခံစားနေရမလား .........
ငါ့ရင်ထဲက ... အသံတွေထွက်လာတယ် ...... တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်မျိုး
ငါခိုးခိုးပြီး သူ့ပါးလေးကိုနမ်းကြည့်တယ် ဆိုးလိုက်တာ လေထဲမှာပဲဖြစ်သွားတယ်
သူ့ထံရောက်ပါစေ ..................
တိုးတိုးလေး မဟုတ်ဘူးကျယ်ကျယ်ရောပြောလိုက်မယ် ....

မင်းကိုသိပ်ချစ်တယ်

မင်းကိုသိပ်ချစ်တယ် ................................ <3


ဘဝ

နွေရာသီရဲ့ညပါပဲ
အရာရာအသစ်ကစချင်လဲ
ပူလောင်ခြင်းကြောင့်ပဲ
ငါ့မှာမနည်းရပ်တည်လိုက်ရတယ်
ဘာမှမသိ ၊ မရှိတဲ့
လောကလည်မှာလွင့်မြောရင်းသိသွားတယ်
အရာရာ ဒုက္ခနဲ့ မျိုးဖောက်ထားတာတွေပဲ
လူတွေကကြည့်တာငွေပဲမဟုတ်လား
မရှိစကားမကြားသူမှာ သနားစရာ
ဘဝရဲ့အရိပ်အောက်မှာ
အရာသာပျောက်သွားကြတယ် သူတို့မေးတယ်
ဘဝဆိုတဘာလဲ .............
ငါအသည်းနည်းနည်းတော့ခါးသွားတယ်
ငါတို့ကတော့ ...
ဘာမဆို မရှိစကားပဲနားထဲစွဲတော့
နူနူဝဲဝဲ ရင်ထဲလည်းနာရုံပဲရှိတယ်
ဖြတ်သန်းပါများတော့ ဘဝလေးချိုလို့
ခလေးဘဝကစလို့
အမိ ၊ အဖ အရိပ်အောက်မှာရပ်တည်းသော်လည်း
ကြိုးစားလို့ ရွယ်မတိုင်ခင် နှဖူးချွေးစို့ခဲ့ရတယ်
ခုတော့ ခြေမရောက်ရော ... ဘဝလား
မေမေပြောတော့ နာစရာတဲ့လေ
ဘဝလေးကပေးတော့ ကျတဲ့ချွေးလေးမွေးသွားတယ်
မေမေရေ ဘဝဆိုတာ ခနခနရေရွတ်ရင် စိတ်ဓာတ်ကျတတ်လား
တစ်ကယ်တော့ရောက်တာ ဘဝအစပဲရှိသေးတယ်
ချွေးကအိုင်လို့ ၊ မနိုင်လို့များထင်နေလား
တစ်နေ့တော့ ဘဝဆိုတာကို အားမာန်နဲ့ကိုင်လှုပ်မယ် ။ ။ ။
စိတ်မပူနဲ့ မေမေ ....
မေမေ့သားက မေမေ့သွေနဲ့ မနက်ဖြန်တိုင်းရဲရင့်နေခဲ့သူ .................

လွမ်းလို့

သူ့ကိုလွမ်းလို့
ပန်းတွေသီ
ငါ့ချစ်ခြင်းသည်
စမ်းရေကြည်လိုစီးနေမည် ။
သူ့ကိုလွမ်းလို့
ပင်ပန်းနေပြီ
ငါ့ချစ်ခြင်းက
တောင်ကျရေလိုချစ်နေပြီ ။
သူ့ကိုလွမ်းလို
နွမ်းနေပြီ
ငါ့အချစ်က
လတစ်စင်းလိုမျှော်နေပြီ ။



စေစားနိုင်သူ

နင်ရဲ့ ငြိုးမာန်မဲ့စကားတွေ
ငါ့အတွက်အဖိုးတန်လျှက်ပါပဲ
သံယောဇဉ်တွေဖွဲ့တော့
အလွမ်းတွေဖြစ်မှာပေါ့
လွမ်းတိုင်းပြန်သတ်ကြည့်တယ်
သံယောဇဉ်က မာမာပဲ
နင့်စကားနဲ့ငါ့နား
ငါ့နားနဲ့ နင့်စကားကြား
မာနတရားများလည်းပျောက်ချင်သူ
အတ္တဒါဏ်ရာတွေလည်းမရှိစေချင်သူ
ဘဝက ဓားသွားပဲ
ငါကဓားသွားထက်ထက်ပေါ်လျှောက်တဲ့သူ
နင်ကငါ့အိမ်မက်တွေစားတဲ့ဘီလူး
ယူကျုံးမရမဖြစ်ချင်ဘူး
နင်ကတော့အပြုံးလှလှနဲ့ငါ့နှလုံးသားကိုစေစားနိုင်တဲ့သူ ။

စွန့်မယ်

ချစ်တာတော့ချစ်ပါတယ်

မေတ္တာလဲရှိပါရဲ့
သစ္စာလဲရှိပါ့မယ်
ဂရုဏာလဲထားချင်တယ်ကွဲ့
ပစ်ခွာလို့ထားမယ်ဆိုလဲ
လွမ်းကမ္ဘာထဲငါနေမယ်
မေတ္တာတရားပြန်လာရင်
ယုယကာ ငါလေမခွဲ
အနားနားပဲနေချင်တယ်
အသွေးသားကဆာလောင်တဲ့
မင်းအချစ်တို့လိုချင်တယ်
နွေးထွေးမဲ့အကြင်နာနဲ့
မင်းစကားသံချိုမြိန်မယ်
ဘဝဒုက္ခခါးနေလည်း
ရွက်လွှင့်ကာရင်ဆိုင်မယ်
အတားအဆီးတွေဆုံကြုံလာလည်း
ဇွဲမလျှော့နဲ့ တွန်းလှန်မယ်
အတ္တကိုယ်စီပြိုင်လာရင်လည်း
ငါ့အတ္တကိုဖဲ့ချွေမယ်
မာနတွေပြင်းထန်လာလဲ
ငါ့မာနကိုသုတ်သင်မယ်
ဒီကဗျာရဲ့အဆုံးသတ်မှာ
ရိုးသားစွာဝန်ခံတယ်
ပြတ်သားတဲ့စိတ်ဓာတ်နဲ့
ထွက်သက်တို့ကြုံလာရင်လည်း
ချစ်လျှက်ပဲအသက်စွန့်မယ် ။

ဝေမျှမိမယ်

ဝေးးးးးးးးးးးးးးးးးးးးးး
ငါ့အတွေးနဲ့ဆွေးတဲ့ညက နင်ပြေးတယ်
သတိ ငါ့နှလုံးက ထိခိုက်လွယ်တတ်တယ်... အမိ ။
ဆွေးးးးးးးးးးးးးးးးးးးး
ငါ့နှလုံးသားလွမ်းတဲ့ည နင်မရှိခဲ့
ကျေးဇူးပြုပြီး ဂရုတစိုက်ကိုင်တွယ်ပါ
ငါ့နှလုံးသားလေး ကွဲလျှတတ်တယ် နင်သိ ။
လွမ်းးးးးးးးးးးးးးးး
ငါ့ရင်ထဲ နွမ်းတဲ့ခါတိုင်း နင်ကျွမ်းကျင်စွာခါချရဲ့
ဖြတ်သန်းသွားလာခွင့်မပြု မင်းတို့အချစ်မှာမာနတွေရှိနေသမျှ
ဘယ်လိုမိန်းမမှ ငါ့ဘဝထဲ ဖြတ်သန်းသွားလာခွင့် မရှိ ။
ချစ်သူ
အချစ်မှာ မာနတရားရှိမှတော့ ငါတို့ရှေ့လမ်းခါးမယ်
စမ်းတဝါးဝါးလွမ်း ... စမ်းတဝါးဝါးမှန်း
စိုးတထိတ်ထိတ် ချစ်ရတဲ့ဘဝမှာ ...
တစ်ယေက်နဲ့တစ်ယောက် ဂရုစိုက်မှ
ယုယစွာပိုက်ထွေးဖြစ်ကြမယ်ထင်
ငါ့ရင်ထဲကို ဒါဏ်ရာမပေးနဲ့
ကဗျာလေးတွေနဲ့ ကြေကွဲတတ်တယ်
ငါ့ကိုဝေဒနာလာမပေးနဲ့
နာကျဉ်းမှုကို ကာရံမဲ့ဝေမျှမိမယ် ။

တစ်နေ့ကတွေ့လိုက်တဲ့စာသားလေး ..... .
“ အချစ်ဆိုတာ ဆေးလိပ်သောက်နေသလိုပဲ ၊ ခနခနမဖွာရင် မီးသေတတ်တယ်တဲ့လေ။“
ငါက
“ လေကောင်းလေသန့် ရှူရှိုက်ရတာထက် မီးခိုးငွေ့ရှိုက်ရတာပိုသဘောကျသူ ၊
ထို့နည်းတူအချစ်ကိုလည်း အမြဲဖွာရှိုက်ချင်ခဲ့သူ “ ။
နင်က
“ လွတ်လပ်သောလေကောင်းလေသန့်အား ပိုမိုနှစ်သက်သူ ၊ ထို့ကြေင့်အမြဲခွာချင်သူ “ ။



( သူငယ်ချင်းတို့ ကျွန်တော်ကဗျာလှလှလေးတွေရေးတော့ရေးတယ်ခင်ဗျ ၊ တစ်ခါတစ်လေ
ကဗျာမှာ ကျွန်တော့ အတ္တလေးတွေပါသွားတဲ့အခါ ဖတ်မကောင်းတတ်တော့ဘူး
သူငယ်ချင်းတို့ကို လှလှလေးတွေပဲပေးဖတ်ချင်တာပါ ၊
ဒါပေမဲ့ ကျွန်တော်က ခံစားချက်လေးတွေကဗျာလုပ်ရတာပိုသဘောကျလို့ပါ
......... ဝေဖန်ပေးပါနော် ၊ နောက်ပြီး သည်းခံပြီးအားပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်  )

နောက်တစ်လှမ်း

တစ်နေ့က
အိမ်မက်ထဲမှာတွေ့တယ်
ပျော်ရွှင်ကြည်နူးခြင်းတွေပြည့်လို့နင် ။
မနေ့က
အိမ်မက်ထဲမှာတွေ့တယ်
တောက်ပတဲ့အပြုံးလေးနဲ့
ငါခိုးခိုးနမ်းတဲ့ နင့်ဓာတ်ပုံလေးထဲကလို ။
ဒီနေ့ည
အိမ်မက်ထဲမှာတွေ့မယ်
ငါအမြဲမတွေ့ချင်တဲ့
မာနနဲ့ နင့်ဒေါသတောင်ပုံယာပုံ ။
မင်းနဲ့ငါနဲ့ ပြတ်စဲခြင်းတံခါးကို
တွန်းဖွင့်လိုက်သံကြားလိုက်တယ်
ငါ့တောင်းပန်စကားတွေလေမှာလွင့်လို့
မင်းထံကတန်ပြန်သံက မာနရဲ့ကျားရဲမာန်
သွားခဲ့မယ်ဆိုလည်း မတားရက်ဘူးလေ
ခွင့်ပြုပေးပါ့မယ် 
ပြန်လာမယ်ဆိုလည်း မနှင်ရက်ဘူး
ဒီကချစ်နေရသူ 
နင်ကတော့အပြစ်တွေရှာသူ
တစ်ခုတော့ ပြောပါရစေ
မင်းရဲ့ရှေ့တစ်လှမ်းက ငါနဲ့သူစိမ်းလမ်းပဲ
အတွေးနဲ့တင်ငါကျောချမ်းတယ်
ငါမရှိပဲ နေတတ်မှာသိတယ်
နင်မရှိရင် သေဖို့ပဲရှိတယ်
အတွေးလေးထဲမှာ တောင်းဆိုမိတယ်
မင်းငါနဲ့ ဝေးရာနောက်ထပ်တစ်လှမ်းမသွားပါနဲ့တော့
......................နောက်ထပ်တစ်လှမ်းမသွားပါနဲ့တော့
........................................................နောက်ထပ်တစ်လှမ်းမသွားပါနဲ့တော့ ............... ။

ပန်းသည်ဗျို့

မိန်းမလှ - သစ္စာပန်းရှိလား
ပန်းသယ် - သစ္စာပန်းတော့မရှိဘူးဗျ ၊ မေတ္တာပန်းပဲရှိတယ်
မိန်းမလှ - ဘာပြောတယ်ရှင့် ၊ လူကိုရိသဲ့သဲ့နဲ့ကျက်သရေကိုမရှိဘူး
ပန်းသယ် - တကယ်ပြောတာပါ မေတ္တာပန်းပဲရှိတယ် ကျွန်တော်တို့ ပန်းဥယျဉ်မှူးတွေက စံပယ်ကို မေတ္တာပန်း
ခရေကို နစ်နာပန်း ၊ နှင်းဆီကို ချစ်သဒ္ဒါပန်းရယ်လို့ သတ်မှတ်ကြပါတယ် အမိတို့လိုမျိုး ဂျန်းတော့တွေကတော့
ပန်းမျိုးကို ဘယ်သိပါ့မလဲ ဒါနဲ့ကျက်သရေဆိုတာ မက်မပြေနိုင်တဲ့ အမိတို့ရဲ့ဂုဏ်ပါဝါတွေကို ပြောတာလား ။
မိန်းမလှ - ဟုတ်တယ်ရှင့် ၊ ဟုတ်တယ် ။
ပန်းသယ် - ဒါဆို အမိက မြင့်မြတ်တဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာတယ် ထင်ပါရဲ့
မိန်းမလှ - ဟုတ်တယ်လေ
ပန်းသယ် - ဒါဆိုဂုဏ်ပါဝါကို ဆည်းကပ် ပုဇော်တတ်တဲ့ အလေ့အထရှိမယ်ထင်တယ်
မိန်းမလှ - ဒါလဲဟုတ်တာပဲ
ပန်းသယ် - ဒါဆိုအမိက ရွှေလင်ဗန်းနဲ့အချင်းဆေး မင်းမွေးတဲ့သမီးပေါ့ ။
မိန်းမလှ - ရှင်သိပ်တော်နေပါလား ။
ပန်းသယ် - ဘုရားရှင်ရဲ့ နှမတော်ကြီးမယ်ခေမာ ကြီးဆိုးတဲ့ အချိန်ကဆို အမိရုပ်နဲ့အမိရည်က ပုဆိုးဆုတ်နဲ့ကြမ်းသုတ်
ထမင်းတစ်လုပ်ကို ခက်ရာခက်ဆစ် ရှာဖွေစားသောက်ရမဲ့ကြင်အင် လက္ခဏာပဲ အမိရဲ့ ။

လှပါရစေလား

ခြွေတာရင်းမြေခတဲ့ ဒို့မျက်ရည်
ရက်တွေ ရက်တွေတိုင်းမှာပဲရှက်မနေနိုင်ဘူး
လွမ်းရက်ရှည်တာ ငါ့နှလုံးသားလေးကသက်သေ
မပျက်ပဲလေ ရေတွက်နေတဲ့ဝေးနေ့တွေကို
သွေး နဲ့ သားနဲ့ နှလုံးသားလေးရင်းထားလိုက်တယ်
မြင်မလားချစ်သူ ................. ကံ၏ စေရာ
ကျင်လည်နေတဲ့ သူစိမ်းလောကထဲမှာ
နင်ရော ငါရော မယိမ်းတဲ့စိတ်နဲ့ချစ်မယ်နော်
ဘဝပေးတဲ့အတိုင်းလေးပဲ ခနဝေးပါရစေ
မလာသေးတဲ့ ဖူးစာလေးကိုမျှော်ရင်းပဲလေ
ငါနင်နဲ့ပဲ ချစ်မိတာ ... တစ်နေ့တော့နီးပါရစေလား
အနေဝေးလို့သွေးအေးရင်
ငါ့အတွေးလေးတွေပျက်မယ်
နင့်အသဲလေးမာသလား ငါမသိ
ကြည့်ပါလားငါ့ကို နင်ပျော်သလိုနေရင်းကြည့်
ငါ့ဘဝလေးရဲ့ အဆုံးထိ .........သိလား
တို့အချစ်ရေးမှာဒါက ..... ဘဝရေးတဲ့ကဗျာ
ငါ့အနွေးထွေးဆုံးစကားလေးတွေပေးချင်တယ်
ပစ်ပယ်ထားခဲ့ရင်လည်းချစ်မယ်ပဲ
မေတ္တာထားလို့ ချစ်မှာလားပဲမေးမိတာပါ
အနေဝေးလို့ ဆွေးမြေ့တာတွေက .. ရင်နဲ့အမျှ
ခံစားသမျှလေးတွေက ဘဝပေးလို့ကဗျာအဖြစ်ရေးလိုက်တယ်
ငါ့ညလေးမလှလှအောင် အိမ်မက်လေးတို့အသက်သွင်း
ငါ့တို့ချစ်ခြင်းလှပပါရစေလားလေ .............. ။

ဓား

ဓား
ဟုတ်တယ်မင်းအတွက်ဆို
ငါကဓား ..
မင်းအနားမှာ မြင်တာခုတ်ပါ
ဓားအိမ်ထဲကလည်း ထုတ်လိုမှ ထုတ် ။
ငါ့အချစ်က မင်းမသွေးပဲထက်တာ ယုံ
ဓားအိမ်ထဲမှာ ထားလိုကထား
ငါမင်းအနားမှာ ဆောင်တဲ့ဓား
ညိမ်ညိမ်လေးပဲနေမယ် အသုံးလိုမှ ရှာ
ငါ့အသွားမှာ မင်းအမည်ထိုးထားတယ်
ထားလိုကထား  ၊ ဆောင်လိုက ဆောင်
ငါလိုကောင်က မင်းသုံးမှရဲရင့်မဲ့ ဓား ။
ကြမ္မာသံကိုခုတ်မလား
ဘဝ သစ်သားကိုခုတ်မလား ငါအနားမှာရှိမယ် ။

ချစ်ခြင်းရဲ့အပူမီး

အလွမ်းတွေပေး
ငါတို့ဝေးနေတာပဲလေ
စွမ်းမယ်ထင်တဲ့ အချစ်တွေက ခါးလို့
ငါ့လမ်းလေး ပြပေးပါဦးအချစ်ရယ် ။
အဆွေးတွေပေး
ငါ့တို့ ရင်ခုန်သံတွေနွေးနေချင်တယ်
အားရှိမယ်ထင်တဲ့အချစ်က အားချိလာပြီ
ငါ့နှလုံးသားကို နည်းနည်းလေးယုယပါလား အချစ်ရယ် ။
အချစ်ကို ဒိုင်ယာယီဟောင်းလေးလိုမဖြစ်ပါရစေနဲ့
ဒါဏ်ရာဟောင်းလေး လိုလဲ အနာရွတ်လေးမြင်တိုင် တသသ မဖြစ်ချင်ဘူး
တစ်ကယ်တော့ .. တစ်ကယ်တော့
ဘဝက ခက်တဲ့ အထဲ ငါ့အသက်ပိုင်တဲ့ နှလုံးသားလေးမှာ
အချစ်ဆိုတာ ကို .. နေရာပေးမိတာက စတင်လို့ .. ကျွမ်းလောင်ခဲ့တာပါ
ချစ်ခြင်းရဲ့ အပူမီးတစ်စ ။

ချစ်လို့

ချစ်သူ

မင်းလည်းခံစားတတ်တဲ့ လူ

ငါလဲ ခံစားတတ်တဲ့သူ

အချစ်အတွက်နဲ့ ရူးတာချင်းတူချင်သူပါ

ကဗျာရေးစာရေး ငါ့အတွေး နင်ပဲရှိရဲ့

မင်းစကားသံတွေ ဘာလေးညာလေးငါအမြဲမေးနေတတ်သူ

လိုမှသာသုံး ၊ ငါအရှုံးပေးတယ်

မကြင်နာလို့မုန်းလဲ ငါပြုံးပြုံးပဲနေမယ်

ရင်ထဲမှာကြွေလို့ ။

ချစ်သူ

မင်းလဲ တွေးတတ်တဲ့လူ

ငါလဲမဝေးရက်တဲ့ သူ

ကမ္ဘာခြားမှာကြောက်လို့ ငါ့အနားနေပါ ပျောက်မှာစိုးလို့

မာနလေး အတ္တလေးတွေနဲ့နင်ပြေးနေသမျှ ငါကျကျန်နေခဲ့မှာပဲ

ကမ္ဘာကြီးကို ဘာနဲ့ပဲဖန်ဆင်းဖန်ဆင်း နင်နဲ့ငါ့ကြား

အချစ်နဲ့ပဲ ဖန်ဆင်းပါရစေ

နှလုံးခုန်တိုင်းချစ်လို့ ။

ဝေးမှာကြောက်လို့

ညဆိုလွမ်းလို့
တစ်သက်တာလှမ်းလို့လာ
အတ္တနဲ့ မာန
ငါ့နဲ့နင့်ကြားမထားနဲ့ကွယ်
နေ့ဆိုအကဲပို
ငါ့အတွေးတို့လည်းနင်သာလာ
ချစ်ခြင်း နဲ့ မေတ္တာသာ
သယ်ဆောင်လို့လာခဲ့ပါ ကွာ
အပူမီးတွေကြားမှာ
ဘဝကိုစမ်းတစ်ဝါးဝါးလျှောက်
ငါကြောက်တာနင့်အမုန်းပဲ
နင်ဂရုမစိုက်လဲ
ငါကရူးမိုက်နေမဲ့ကောင်
လှောင်ချင်သူတွေလှောင်
ရန်ဆောင်သူတွေဆောင်
ငါလိုကောင်က ချစ်မိခဲ့ပြီ
ကမ္ဘာက ချာချာလည်
ငါကလည်းပြာယာကိုခတ်လို့
မနက်တို့ ညတို့ကြားမှာ
လွမ်းနေတာကို
ဆိုင်သူရယ် တွယ်တာလှည့်ပါ
အသွေး နဲ့ အသားက
မင်းနဲ့ဝေးမှာကြောက်လို့တဲ့ ။

နှလုံးသားကဗျာ

နင်ရယ်
ငါတို့ကြား မာနထားမှတော့ နီးမလားဟယ်
နင်ရယ်
ငါတို့ကြား အတ္တထားမှတော့ စူးရှမယ်
ငါရှောင်တာလေ
ဟန်ဆောင်သလိုလေးပေါ့
ကာရံလေးတွေပေးကဗျာရေးလို့
နင့်နှလုံးသွေးလေးတွေ စီးဆင်းခိုင်းနေမိတာကွယ်
အပြင်မှာဖြစ်ပျက်နေတာထက်
ရင်မှာဝှက်ထားတာတွေများမြင်မလားဟင်
ဒါဏ်ရာဆို ငါနဲ့ ပနံသင့်နေကျလေ
နာစရာဆို ငါက ဒိုင်ခံ ဖြစ်နေကျပေါ့
အချစ်ဆိုတာတွေ့တော့ ရင်ကိုနင့်ရော
အရာရာ အစက ပြန်စမရတာသိသားပဲ
သို့သော်လည်း  မင်းအတွက်ဖြူစင်စွာရှင်သန်ချင်မိခဲ့တာ
မုသားတွေသုံးလို့ နင်နာကျင်မယ်ဆို
ငါသုံးမလားကွယ် ...
သဝန်တိုမှုတွေ ရှိလို့နင်ရင်နာနေမယ်ဆို
ငါမုန်းလိုက်မယ် ....
ဒါပေမဲ့ ... ခနလေးတောင်မခွဲနိုင်ခဲ့လို့
ထာဝရဝေးဖို့မပြောနဲ့
ငါ့ရင်နဲ့ရေးတဲ့စာတွေ
နင့်အမြင်မှတဆင့် စာလုံးပေါင်းလို့
ရင်ထဲရောက်ပါစေလို့ဆုတောင်းရင်း
ကဗျာအဆုံးသတ်လိုက်မယ်
နှလုံးသားကပေး
နှလုံးသားနဲ့ရေးတော့
ဒီကဗျာရဲ့စေစားရား
နှလုံးသားရဲ့ကဗျာပေါ့ကွယ် ။


မမှန်တရားကိုကွယ်သူ

မိုးလင်းက မိုးချုပ်
အလုပ်ရှုတ်တတ်တဲ့ငါ
မွမ်းကျပ်မှုတွေ အလှဆင်
ငါ့ဘဝလေးမှာတော့ငါကဘုရင်ပဲ
ကဗျာရေး စာရေးအပြေးလေးပဲခံစားတတ်တယ်
ခံစားချက်ဆိုတာက ချန်ထားလို့မှ မကောင်းတာပါ
ပေါက်ကွဲမှ နေသာသလိုပျော်တာမို့
လျှောက်ဆဲတော့ လူတွေလာအော်လို့ဆော်မယ်
ငါကတော့ တော်သလိုလေးပဲနေတယ်
ဒီနေ့မနက်ထမင်းစားပြီးရင် ညနေပဲလေ
ခံစားချက်ကိုလည်းတန်ဆာမဆင်တတ်ဘူး
ဝင်သက်နဲ့ ထွက်လေတွေမှာ
လွမ်းတာ နဲ့ ချစ်တာပဲချရေးမိတာ
ရေးနေဆဲခနလေးတိုင်မှာ ငါခံစားချက်တို့
နွေးနွေးသွားတယ်
စာလေးရေး ကဗျာလေးရေးတော့
စိတ်ကလေးနုသွားတယ်
ဖြစ်နေမိတဲ့ ဒေါသတွေပျောက်
လျှောက်လျှောက်မဲချင်တာတွေပျောက်သွားတတ်တယ်
သံသရာတစ်ကွေ့ ခနတွေ့သူတွေလေ ..
မမုန်းဘူး ....  မမုန်းလို ...
ငါ့မေတ္တာအောက်မှာပဲ ကျရှုံးမှသာကျရှုံးမယ်
ငါကတော့ ပြုံးလို့ ... ပြောပါတယ်
ကိုယ်ပြုသော ကံ လေးတွေ ကိုယ့်ထံပြန်လာတတ်တယ်ဆိုပဲ
ငါ့ကိုမုန်းသူမုန်းပါ ငါ့မှာမုန်းဖို့ မရှိ
ငါ့ကိုချစ်သူချစ်ပါ ငါကပေးဖို့ အသင့်
မေတ္တာနဲ့ ဂရုဏာ ကြားမှာ ယောင်ပေပေနဲ့
ကိုယ့်မရှိလည်း ကူညီ ၊ ရှိလည်းကူညီ
ငါ့ကိုပြန်မကူလည်း မမှု
တစ်နေ့ပြန်လာလိမ့်မယ် ကိုယ်ပြုသော ကံ
ကိုယ်ချင်းစာတရားလေးရင်မှာပိုက်လို့
လူပြောများတဲ့ အမှန်တရားလေးနောက်လိုက်မိတာ 
မြတ်နိုးမိလို့ပေါ့  ..... ဒါပေမဲ့
တစ်ခါတစ်ခါ အမှန်လေးတွေကမှားလို့
စိတ်ခုပေမဲ့ သိပ်တော့မထူးပါဘူး
ငြင်းနိုင်တဲ့ဘက်ကမှန်တာပဲလေ
အခုဆိုလောကကြီးက
မမှန်တရားလေးတွေကိုးကွယ်သူများနေကြပြီလေ။


” အမှန်တရားသည် ခရီးထွက်ရန် ဟန်ပြင်နေစဲမှာပင်
 မုသာဝါဒသည် ကမ္ဘာကို တစ်ပတ် ပတ်ခဲ့ပြီးပေပြီ “

(ဒီစာသားလေးက ငယ်ငယ်က ဖတ်ခဲ့ဘူးတာပါ အမှန်တရားနောက်လိုက်သူတွေ
  အားမငယ်ပါနဲ့အမှန်တရာလည်းတစ်နေ့ ကမ္ဘာကိုတစ်ပတ်ပြည့်မှာပါ )

ဒီလိုပါ

သူရယ်ကြည်ဖြူမယ်ဆို
ဒီလူက ရင်ကိုလှူထားတယ်
သူရယ်မကြည်ဖြူရဲ့ဆို
ဒီကလူက ငိုကိုငိုမိမှာ
ဇွဲနဲ့နပဲ အသဲထဲစွဲလို့
နင်နဲ့နီးဖို့ကြိုးစားနေသူ
အတ္တ မာန ခဝါချလို့
မင်းငါ့အနားနေ
ငါလည်းမင်းအနားသေမယ်
နွေပူမှာလမ်းလျှောက်
ငါတစ်ယောက်ထဲပဲ သူရေ
လမ်းပူပူမှာ
ဖိနပ်မယူပဲလျှောက်တဲ့သူဖြစ်လို့
ခေါ်ဖို့မရဲ ငါ့အသဲလေးနာတယ်
နင်ဘယ်လိုပြောပြော
ငါ့မနောက ဖြူစင်ပါတယ်
နှင်တာမဟုတ်
ကြင်နာလို့သာ
ချစ်စကားခြွေတိုင်း
တစ်ခုခုကိုပစ်မှားနေမိသလို
အဖြေရယ်ရှာချင်မိသူ
လောကတစ်ခွင်
အသက်ရယ်ရှင်လို့ရသေးရင်
ဒီလိုပါ
ချစ်သူလိုတိုင်းတ
ရအောင်စွမ်းချင်သူ
ချစ်သူလှမ်းသမျှ
ကတ္တီပါလမ်းလေးခင်းချင်သူ
ချစ်သူကြည့်မဲ့ည
“လ“လေးတစ်စင်းဖြစ်ချင်သူ ။

လိုက်ပွဲ

ချစ်သူရေ ..
ငါ့အတွေးတွေကဝေးနေတဲ့နင့်အတွက်ပါပဲ
ရင်နဲ့လည်းရင်းရဲ့
နှလုံးသားနဲ့လည်းစတေးရဲ့
ခန္ဓာကိုယ်တွေချို့တဲ့ပါစေ
တို့ဝေးတဲ့ရက်တွေကိုငါဆွေးနေပါရစေ
ရေးတုန်းက ကဗျာအေးပဲ
ရင်ထဲမှာတော့ ပူလောင်လို့
နင်ငါ့ကိုလှည့်စားရက်တာလား
ငါကပဲ အလှည့်စားခံလိုက်တာလား
ဘာမှန်မသိပဲ အချစ်ပန်းခြံလေးထဲလေးမှာ
တဝဲဝဲလည်လို့ နင့်မာယာလေးတွေချိုပါစေ
ငါသာလျှင် နင့်အချစ်ဆုံးထင်ခဲ့တာ
ငါသာလျှင်နင့်ဘဝပေါ့
တစ်ခါတစ်ခါ ... ငါ့ဆန္ဒတွေကိုရိုက်ချိုးလို့
ငါကလဲ အမြဲမိုက်မဲလို့
ငါ့မှာ ခုဆို နင့်အပြင်လိုက်ပွဲပြင်မထားဘူး
နင်ပြင်ထာလဲ ငါရင်နာရုံပဲ ပေါ့
နင့်မာယာတွေကလဲချို
ငါ့ခန္ဓာ တွေကလဲပြို ..
ရင်ထဲမှာငိုငိုနေခဲ့ရတာ
နင်မသိလည်း ငါ့ရင်ထဲမှာပဲထားလိုက်တယ်
နင်မကြည့်လဲ ငါ့ရင်ထဲမှာပဲ
နင်ဝင်မလာလဲ ငါမျှော်နေမှာပဲလေ ...
ထားရာနေ စေရာသွား
ငါ့အချစ်တွေက ခါးတယ်မထင်ဘူး
ဒီစကားကြားရင်နင့်နားကခါးမယ်
နင့်လိုက်ပွဲတွေ မြိန်ပါစေ ။

Wednesday, July 20, 2011

အတွေးနဲ့ပဲရူး

ညမိုးမှောင်
ငိုယောင်သမ်းမိတယ်
သီချင်းတွေက
ုဆို သယောင်
ဆွေးနံ့သာ
ရင်ဝယ်လိမ်းလို့
ငါ့အတွေးပါ
နင်အကုန်သိမ်းတယ်
ဆိုတေးဖွဲ့တော့မေ
မာနကိုခဝါချ
ပြာဖြစ်မဲ့
လွမ်းညကျော်မယ်
မှန်းဆလို့ပျော်
တမ်းတလို့မော်ကြွား
ဘဝလေးထဲခေါ်ဲချင်တောင်
နှုတ်မရဲဘူး
အတွေးနဲ့ပဲရူး ။ ။ ။

မေ

နွေးထွေးအိမ်မက်မေ့အတွက် 
ကြေနပ်တော့မေ
ပြေလှည့်တော့မျက်တွေရယ်
ရက်တွေရှည်ရင်လွမ်းရမယ်
မှန်းရွယ်လို့နွမ်း
ငါ့လမ်းလည်းပျောက်တယ်
စေလိုရာသာစေ
ပျော်သလိုသာနေပါမေ
တော်သလိုငါကကျန်မယ်
ချစ်ခြင်းတွေ အပြစ်မကင်းတော့
ရင်နဲ့ရင်းလည်းမှားတာပဲ
ဘဝလမ်းကကြမ်းတော့
အဆွေးက ပိုကဲ
အချစ်ကချိုလဲ
အလွမ်း ကပိုခါးတယ်မေ ။ ။

I mIsS yOu

တွေ့သော်လည်း လွမ်း
မတွေ့သော်လည်းလွမ်း
ငါသည်ရူးမိုက်
ပင်လယ်ဝေး ....... ဝေးးးးးးးးးးးးး
ဘယ်ထိဘယ်မျှ ၊ ချစ်ခင်ကြင်နာ
ဒီရင်မှနှလုံး ၊ အသုံးချလျှက်
တွေ့ဆုံကြုံရန် ဆုတောင်မိတယ်
အကြင်နာ နွေး ........... နွေးးးးးးးးးးးး
ထူးပင်တောင်တ ၊ ရူးမိဆုတောင်း
ကြောင်းကျိုးစပ်လျှင် ၊ တွယ်တာရစ်တယ်
ငယ်တုန်းရူးမိုက် ၊ စူးစိုက်ပျော်ပါး
လျှော်ထားခဲ့သည် ၊ တို့တွေ့စဉ် ။ ။ ။ ။

(ဒီကဗျာရေးထားတာကြာပါပြီ ခုမှပဲတင်ပြမိတယ်)

ဒါဏ်ရာ

ဆွေးစိတ်မပြေ ၊ ဒို့ဝေးရက်တွေ
မြူခိုးလိုဆိုင်း ၊ လူတိုင်းကြုံဖူးပါ့မလား
အလွမ်းတွေရှိတော့ ၊  နွမ်းနေတတ်တယ်
လွမ်းတိုင်းစူးရှ  ၊ ကြည်နူးရတဲ့ရက်တွေရှိတယ်
မက်မောဖွယ်ရူးရ ၊ ကြည်နူးခဲ့တာဆိုးတယ်
မင်းချန်ရစ်လည်း  ကျန်ခဲ့မဲ့ကောင်
ခြေရာဖျောက်လည်း သေမလောက်လွမ်းမယ်
ဝေဒနာကပူ လူတွေကဆူလည်း
အယူမလွဲ ဒီလူအသည်းမင်းပိုင်တယ်
ဆိုင်ချင်မှသာ ဆိုင်ပါနော်
အပိုင်သာပြောနေရတယ် ဒီကအရှုံးပဲ
ဆွေးရပြီအချစ်ရယ် ရစ်တွယ်လှလို့ထင်ရဲ့
နေ့တိုင်သာနေမြင်ရတယ်
ငါ့ဘဝလေး လင်းမလာဘူး
ဆွေးဘူးတယ်အချစ်ရယ် ..........
ဒီကဗျာ အဆုံးသတ်တော့
ငါအပြုံးပျက်နေတယ်
ရစ်သထက်ရစ်တာသံယောဇဉ်တဲ့
ငါ့သဘောနင်မြင်မှာပါ
ချည်ပြီးတုတ်ပြီးစကားတစ်ခုရှိတယ်
“အချစ်ကြီးရင်အမြတ်ကြီးတယ်“ တဲ့လေ
အရင်အနှီးကြီးခဲ့တော့လည်း
ငါ့အသည်း လွမ်းဆဲ ဆွေးဆဲ ..... နာကျဉ်းဆဲ .............

သဲပွင့်လေးပါ

သဲပွင့်လေးတစ်ပွင့်ပါ
ငါကလေ ...လေအဝှေ့မှာအမြင့်ရောက်သွားတာ
လေငြိမ်ရင် လေမတိုက်တော့ရင် လေဆိုတာမရှိတော့ရင်ပေါ့
တစ်ခါတစ်လေလဲ ကံကောင်းထောက်မလို့ ပါရမီလေးလေးသေးသေးရှိလို့
ခနလေးတော့ ကျေနပ်နေရတာပဲလေ ...........
ဘဝဆိုတာ သူများတော့မသိလိုက်ပါဘူး ....... ငါကတော့လေ
မောပန်းခဲ့တာလေးတွေ ကိုလေပြေညှင်းလေးနဲ့အတူ မျောလွင့်ပါသွားတယ်
ငါကသပွင့်လေးတစ်ပွင့်လေ
သယ်ဆောင်သွားတဲ့လေပြေ ၊ လေနီကြမ် ၊ မုန်တိုင်း ညှင်သာမှုရှိရှိမရှိ ရှိပါလေ
ခနတော့ အမြင့်ရောက်သွားတယ် အတွေ့အကြုံအသစ်လေးပေါ့
ဘဝလေးကို ခနတော့မေ့သွားမိရင်မေ့သွားလိမ့်မယ် ......
ဒါပေမဲ့ ..... ဒါပေမဲ့ ..... ဒါပေမဲ့
အချိန်တန်ရင် မြေမှာပဲ လဲလျောင်းရမှာပဲလေ ............
ငါကသဲပွင့်လေးပါ သူငယ်ချင်းတို့ ....
ငါကသဲပွင့်လေးပါ မိတ်ဆွေတို့ .....
ငါကသဲပွင့်လေးပါ ချစ်သူ ........
ငါကသဲပွင့်လေးပါ လောကကြီးရေ .....................

နေနိုင်သူလေးရယ်

နေနိုင်သူလေးရယ်
ဝေးမယ်ဆိုလည်း
မချစ်စကားပြောပါ
ဆွေးမယ်ဆိုလည်း
မုန်းစကားပြော
ပြေးမယ်ဆိုလည်း
ချန်စကားတော့ပြော ။

နေနိုင်သူလေးရယ်
သူမကြင်နေနိုင်တုန်း
ငါ့နှလုံးသားကြွေဆင်းတယ်
သူမခင် နေနိုင်လေတုန်း
ငါ့မေတ္တာတွေယိုစိမ့်တယ်
သူ့မေတ္တာခြွေတာနေတုန်း
ငါ့အချစ်က လျှံကျတယ် ။

နေနိုင်သူလေးရယ်
ချစ်မပါ မင်းမုန်းပဲမလာပါနဲ့
ချစ်မပါ မင်းအပြုံးလဲမလာပါနဲ့
ချစ်မပါ မင်းနှလုံးသားမညာပါနဲ့
ချစ်မပါ အပြစ်ဆိုတာဘယ်လိုဖုံး
ရုန်းရုန်းထွက်မှာပဲလေ ..........
ခုတော့ .............
ဆုံးရှုံးမှုပိုက်လို့ တဒင်္ဂလေးရူးလိုက်မိသူပါ

နေနိုင်သူလေးရယ် ။


သူ့ဟန်ပန်နဲ့ကိုယ့်ဟန်ပန်

ဆံနွယ်ပျော့ပြောင်း
ပါးမို့ဖောင်း
ရယ်ရင်း ပြောဟန်
သူ့ဟန်ပန်
မူမပို နွဲ့မနှောင်း
မှန်တိုင်းပြောပြန်
ဖြူစင်သံ ဒါလဲ
သူ့ဟန်ပန်
စွဲလမ်းရစ်မူး
အလှထူး
လှတစ်ပါးမဟုတ်သော်
ချစ်မိပြန် .... ဒါလဲ
သူ့ဟန်ပန်
ပန်းမျိုးလှတော့
ဝိုင်းအုံပြန်
ဒါလဲ လူ့ဓလေ့မှန်
ပိုင်ဆိုင်ထားတော့
ရင်ခုန်သံ
ချိုမြန်လွန်းလှပြန်
ဝိုင်းကြောင်ကြတော့
သဝန်တိုပြန်
ဒါတော့ ငါ့ဟန်ပန် ။ ။ ။ ။ ။



(ဘယ်လိုရေးရင်ကောင်းမလဲစဉ်းစားရင်း အဲ့လိုလေးရေးဖြစ်သွားပဲ့ သူငယ်ချင်းတို့ရေ)