Thursday, July 21, 2011

စေစားနိုင်သူ

နင်ရဲ့ ငြိုးမာန်မဲ့စကားတွေ
ငါ့အတွက်အဖိုးတန်လျှက်ပါပဲ
သံယောဇဉ်တွေဖွဲ့တော့
အလွမ်းတွေဖြစ်မှာပေါ့
လွမ်းတိုင်းပြန်သတ်ကြည့်တယ်
သံယောဇဉ်က မာမာပဲ
နင့်စကားနဲ့ငါ့နား
ငါ့နားနဲ့ နင့်စကားကြား
မာနတရားများလည်းပျောက်ချင်သူ
အတ္တဒါဏ်ရာတွေလည်းမရှိစေချင်သူ
ဘဝက ဓားသွားပဲ
ငါကဓားသွားထက်ထက်ပေါ်လျှောက်တဲ့သူ
နင်ကငါ့အိမ်မက်တွေစားတဲ့ဘီလူး
ယူကျုံးမရမဖြစ်ချင်ဘူး
နင်ကတော့အပြုံးလှလှနဲ့ငါ့နှလုံးသားကိုစေစားနိုင်တဲ့သူ ။

No comments:

Post a Comment