ငါ့ညတွေမင်းပိုင်တယ်
ဆိုင်ချင်ပေမဲ့မခိုင်ယိုင်နဲ့နေတယ်
အသွေးရှိတယ် မင်းအတွက်
အသက်ရှိတယ် မင်းသုံး
ငါ့နှလုံးသားလေးကိုမုန်းချင်တယ်
ပြုံးတတ်အောင်သင်ပေးပါလား
ငါရှုံးနေပြီကွာ ..........
အစမှာ ............. ဆုံးခဲ့တယ်
မင်းအလှမှာတွေဝေစွာ တုန်းခနဲပဲ
ဝုန်း ...... ခနဲမမြည်သော်လည်း
ခံစားရတယ်
ငါ့အချစ်ကိုခြေမွှကာ ကဲ ..... မြေမှာချထားပါ
ဝေဒနာဘဝတွေကိုပေး
စေလိုရာကိုငါသွားမယ်
နွေရောင်ဘဝများလဲ ငါလွမ်းမယ် .......
No comments:
Post a Comment