Monday, March 28, 2011

အိမ်မက်ရဲ့အပြီးသတ် (နွေဦးမောင် - မန်းလေး )



တွေးရင်းနဲ့ အိမ်မက် ...
နိုးတစ်ဝက် ပုံ့ပြင်တစ်ပုဒ်လို
ငါ မင်းနဲ့ ဝေးခဲ့ပြီတဲ့ ..နုံအတဲ့
ငါ့အသဲ ကွဲတာ ဆန်းပါ့မလား ..
ချစ်ခဲ့တဲ့အချိန်တွေက ပုံပြင်တစ်ပုဒ်လိုပေါ့ ..
လွမ်းနေတာတောင် ငါ့ရင်ခုန်က
မရပ် မင်းအတွက် အသက်ဆက်နေသတဲ့လေ ...
ဒီလိုနဲ့ ငါ့အသဲ ဆိုဒ်ကိုဝင်ခဲ့ပေါ့ ..
ရူးကြောင်ကြောင် အတွေးတွေနဲ့ ကဗျာရေး ...
မိန်းခလေး ငါ့အသဲတွေ နာနာချည်သေးရဲ့ ...

တိမ်ကဗျာ (တိမ်တိုက်လေး)



နွေမိုးဆောင်း
နှင်းတို့လွင့်ကြွေ
ငါငိုချင်တယ် နတ်သမီးလေးရေ
အတွေးတိုင်းနင်အနားမှာရှိခဲ့သလို
မျှော်လင့်ချက် နဲ့ အနာဂတ်တွေမှာနင်ပါနေခဲ့ပြီ
နွေမိုးဆောင်း
နှင်းတို့ဝင့်ဝေ
ငါမတွေဝေပါဘူး နတ်သမီးလေးရေ
မွေးရပ်မြေ နဲ့ ခွဲနေရသော်လည်း
ငါ့ပိုင်အသည်း နင့်မူပိုင်ပါ
နွေနဲ့မိုးဆောင်း
နှင်းငွေ့နဲ့ချမ်း
ငါအမြဲတမ်းလွမ်းပါတယ် နတ်သမီးလေးရေ
နင့်ကိုလွမ်းတိုင်း လေမှာလွင့်လို့
ငါတိမ်တိုက်လေးဖြစ်နေပြီ
နင်လဲငါ့ကိုလွမ်းရင် လေမှာဝဲလို့
တိမ်နတ်သမီးအဖြစ်ဖန်ဆင်း
ဒို့နှစ်ဦး ရင်နဲ့ရင်းလို့ချစ်ကြမယ်နော် ......
အိုး .......  ငါ့အရိပ်နဲ့ ငါ့ဘဝ
မင်းအလိုကျပေးဆပ်ရင်းချစ်လို့
မင်းမေတ္တာ နဲ့ အကြင်နာ
ငါ့ဖို့ဖြန့်ခင်း ဒီချစ်ခြင်းနဲ့အမြဲတမ်းတွက်
<3<3<3................................မခွဲတမ်းချစ်ပါရစေ  ........................ <3<3<3

နွေရောင်အလွမ်း



ငါ့နေ့တွေမင်းပိုင်တယ်
ငါ့ညတွေမင်းပိုင်တယ်
ဆိုင်ချင်ပေမဲ့မခိုင်ယိုင်နဲ့နေတယ်
အသွေးရှိတယ် မင်းအတွက်
အသက်ရှိတယ် မင်းသုံး
ငါ့နှလုံးသားလေးကိုမုန်းချင်တယ်
ပြုံးတတ်အောင်သင်ပေးပါလား
ငါရှုံးနေပြီကွာ ..........
အစမှာ ............. ဆုံးခဲ့တယ်
မင်းအလှမှာတွေဝေစွာ တုန်းခနဲပဲ
ဝုန်း ...... ခနဲမမြည်သော်လည်း
ခံစားရတယ်
ငါ့အချစ်ကိုခြေမွှကာ ကဲ ..... မြေမှာချထားပါ
ဝေဒနာဘဝတွေကိုပေး
စေလိုရာကိုငါသွားမယ်
နွေရောင်ဘဝများလဲ ငါလွမ်းမယ် .......

အဝေး




တွေ့သော်လည်း လွမ်း
မတွေ့သော်လည်း လွမ်း
မျက်မှောက်လောကမတွေ့ဆုံသေး
ငါသည်ရူးမိုက်
ပင်လယ်ဝေးဝေး ...................
ဘယ်မျှ ၊ ဘယ်တိုင်ချစ်မိမေတ္တာ
တွေ့ဆုံကြုံရန် ၊ ဆုတောင်းမိတယ်
ငါချစ်တဲ့သူ ...................
ထူးပင်တောင်းတ ၊ ရူးမိဆုတောင်း
ကြောင်းကျိုးစပ်လျှင် ၊ တစ်ကယ်ချစ်တယ်
ငယ်တုန်းရူးမိုက် ၊ စူးစိုက်ပျော်ပါး
လျှော်ထားခဲ့ပြီ ၊ ဒို့တွေ့စဉ်