နှင်းတို့လွင့်ကြွေ
ငါငိုချင်တယ် နတ်သမီးလေးရေ
အတွေးတိုင်းနင်အနားမှာရှိခဲ့သလို
မျှော်လင့်ချက် နဲ့ အနာဂတ်တွေမှာနင်ပါနေခဲ့ပြီ
နွေမိုးဆောင်း
နှင်းတို့ဝင့်ဝေ
ငါမတွေဝေပါဘူး နတ်သမီးလေးရေ
မွေးရပ်မြေ နဲ့ ခွဲနေရသော်လည်း
ငါ့ပိုင်အသည်း နင့်မူပိုင်ပါ
နွေနဲ့မိုးဆောင်း
နှင်းငွေ့နဲ့ချမ်း
ငါအမြဲတမ်းလွမ်းပါတယ် နတ်သမီးလေးရေ
နင့်ကိုလွမ်းတိုင်း လေမှာလွင့်လို့
ငါတိမ်တိုက်လေးဖြစ်နေပြီ
နင်လဲငါ့ကိုလွမ်းရင် လေမှာဝဲလို့
တိမ်နတ်သမီးအဖြစ်ဖန်ဆင်း
ဒို့နှစ်ဦး ရင်နဲ့ရင်းလို့ချစ်ကြမယ်နော် ......
အိုး ....... ငါ့အရိပ်နဲ့ ငါ့ဘဝ
မင်းအလိုကျပေးဆပ်ရင်းချစ်လို့
မင်းမေတ္တာ နဲ့ အကြင်နာ
ငါ့ဖို့ဖြန့်ခင်း ဒီချစ်ခြင်းနဲ့အမြဲတမ်းတွက်
<3<3<3................................မခွဲတမ်းချစ်ပါရစေ ........................ <3<3<3
No comments:
Post a Comment