Sunday, March 27, 2011

ချစ်ရဲရင့်



မင်းကလမင်းလေးဆို
များစွာသောကြယ်များထဲမှ
သေးငယ်သောကြယ်လေးဖြစ်ခွင့်ပြုပါ
ရွာတော့မဲ့မိုးတိမ်လေး မင်းဖြစ်ခဲ့ရင်
များစွာသော ရေတိုင်ကီများထဲမှ
မင်းအကြင်နာကိုခံယူမယ့်
နို့ဆီခွက်လေးဖြစ်ပါရစေဦးနော်
အကယ်လို့များ
မင်းကပူပြင်းတဲ့ နေမင်းကြီးဆိုရင်
မင်းပေးနဲ့အပူတွေကိုခံယူမယ်
ဥက္ကပျံလေးဖြစ်ပြီး
မင်းဆီအရောက်ေးပြးလာခဲ့မယ်
သေလို့ကသေပေါ့ ..........



မေမေ





မေမေ .... ပြည်မြန်မာမှာနေစဉ်ခါ
သူများတစ်သိန်း ကိုတစ်သိန်းပေါ့
ကျွန်သည့်စကား သားအမှားကို
စဉ်းစားမိတိုင်း
ရှက်စိတ်လည်းပို ဒေါသတိုပြီး
ခေါင်းရင်းဓာတ်ပုံ ဖေဖေမေမေ ပုံကို
ရဲရဲမကြည့်ရဲ လို့ မျက်လုံးစုံမှိတ်
ဦးချအိပ်တယ်
“အဟံဝန္တာမိပါ မေမေ“

ဘ၀ဆိုတာ

ငွေခေါ်ရာနောက်
ကောက်ကောက်ပါရင်း
မြင့်မြတ်မျိုးမှန်
အဖိုးတန်တဲ့ဘဝတွေ
ပျက်စီးသုန်းလို့
ရေမတွက်နိုင်.....
မတက်နိုင်ပါဘူး
ရမက်နောက်ကြောင်း
တောက်လျှောက်မြောရင်း
ခန္တာကိုယ်ပေး
အသက်စတေးပြန်တဲ့
မြန်မာမိန်းခလေး
မနည်းကြပြန်ဘူးလေ.....
တမြေထဲနေခဲ့ပေမဲ့
သွေးသားချင်းဝါးမြို
တစ်ဘို့သမား
ရွှေအေ့ဂျင့်တွေလဲ ပေါမှပေါ....
ဘဝရွက်တိုင်မပြတ်လွှင့်ရင်း
မုန်တိုင်းနဲ့လောကပင်လယ်
စီးရင်းမြောရင်ပဲ
ရှေ့နားရှေ့နားနဲ့
ဘယ်ကမ်းမှမကပ်သေးတဲ့
ကျုပ်တို့လိုလူ ဘဝတူတွေလည်းမနည်းပါလားနော်

နတ်သမီးမသိခဲ့တာက

ဆန္ဒကို တဖဲ.ခြင်း
ဝါးမျိုသွားတဲ.နေ.တွေ
မျော်လင်.ချက်သေးသေးလေးတောင်မှ ပြည်.စုံခွင်.မ၇ှိတဲ. ...... ၇က်တွေ

မင်းစိတ်နှင်.မတွေ.ခင်မှာပဲ
ငါ.အိမ်မက်က တစ်နှစ်ပြည်.ခဲ. ......
လက်ခုပ်သံမကြား၇လည်းပဲ ငါအိပ်စက်နေခဲ.တာ မင်းအမုန်းတွေမှာ နေ၀င်ခဲ.ပြီလေ ။
ငါကလည်း ဥပေက္ခာဆို
ဝေါဟာ၇ထဲမှာတောင်မထားချင်တဲ. ... လူ
မင်းကြည်ဖြူပါ၇စေသားဆိုပြီး တေးသီချင်းတွေ
မညီးဖြစ်တာ ငါ.ဘ၀ပါပဲ

အ၇င်ကတည်းက ခြေဖျားလေးထောက်ထားခဲ.မိသင့်တာဒါ......
ငါ. ..... ရုပ်၇ှင်မှမဟုတ်တာ

ချွေးနံ့မစင်သေးတဲ. ကိုယ်သင်း၇နံ့မှာ
မင်းမတ်ကပ်လေးပျက်မှာ မင်းခေါင်းလေးမှီနွှဲ.လာ၇မှာလည်း ငါ ....... အားနာမိတယ် ။
ဒီလိုပါပဲ
ငွေစက္ကူတွေ ပလူပျံစေချင်တဲ.
မင်းအသိုင်းဝိုင်းမှာ
ဆိုးဆေးမပါတဲ.
ငါ.သစ္စာတွေလေ
အ၇ှုံးတွေပေကျံနေတာပေါ.
သူစိမ်းခန်းမှာတောင်
ငါ.နှလုံးသားက
ဝတ္တ၇ားမပျက်
မင်းနာမည်လေး အော်နေခဲ.တယ်
မင်းမျက်နှာလေး အလွတ်ကျက်ထားတယ်.............................................

မင်းကတော. ကမ္ဘာကျော် အတွေးတွေကြားမှာ
မင်းအိမ်မက်လေး စိုက်ပျိုးထားမယ်
လိုချင်တာဝယ် ဆိုတဲ.
မင်းချစ်သူလက်မှာ
မင်းအပြုံးတွေအပ်ထားမယ်...............
ငိုချင်စ၇ာပေါ.
အဖြူေ၇ာင်တွေ ဈေးကျတဲ.ခေတ်မှာ
ငါ.အချစ် ကိုမင်းမမြင်နိုင်တာ
တ၇ားပါတယ်............................................................

တနေ.နေ.ဆိုတဲ. အတ္တတစ်ခုနှင်.
၇ူးနေခဲ.တာ
ဒီနေ.အထိပေါ.
မင်းအနှောက်အယှက်ဖြစ်မှာစိုးလို.တောင်
တကယ်ပါ ...
ငါ ...........................................
တိတ်တိတ်လေးလွမ်းနေတာ။

(နွေဦးမောင်(ရွှေပြည်သာ) မှ နတ်သမီးသို့ )

ရှင်သန်ခြင်းတစ်ခု





သေခြင်းဆိုတာ ရှင်သန်ခြင်းရဲ့
ပြောင်းပြန်ပေါ့ ... ငါနေထိုင်ရင်းပဲ
လည်လို့ရှုပ်တာမဟုတ်ဘူးနော်
မလည်လို့ရှုပ်နေတာ
ချစ်ခြင်းဆိုတာလည်း မုန်းတီးခြင်းရဲ့
ပြောင်းပြန်မဟုတ်လား
မုန်းလို့ ကဗျာဖြစ်တာမဟုတ်ဘူးနော်
မမုန်းလို့ ကဗျာဖြစ်နေတာ
သိမ်းပိုက်ခြင်းဆိုတာ ပေးဆပ်ခြင်းရဲ့
ပြောင်းပြန်ဖြစ်ပြန်ရော ... ဘာမှငါမလိုချင်ပဲ
လောဘမရှိလို့မဟုတ်ဘူးနော်
လောဘရှိလို့ရေးနေတာ ....
တောင့်တတယ် ငါ ၊ ကြောင့်ကြတယ် ငါ
အေးဆေးချင်တယ် ၊ တည်ငြိမ်ချင်တယ်
အချိန်တိုင်းမဟုတ်တောင် ခဏ ခဏ တော့
ပျော်ရွှင်ချင်တယ်.... တကယ်ပါ
ပြောရင်း ...ပြောရင် ငါ့ကဗျာ
ဘာကဗျာလဲမေးမလား ... ငါမသိဘူး
စိတ်ထဲရှိတာချရေးတာ ...
ဘာပြောချင်တာလဲသိချင်လား
ငါ့မှာအဓိပ္ပါယ်မဲ့နေတာကြာပြီ ...
စိတ်မကောင်းဘူး မင်းအချိန်တွေပုပ်ကုန်ပြီ
ဂရုစိုက်လို့ကျးဇူး အထပ်ထပ်တင်ထားတယ် အတည် ......

တစ်ကယ်ပါ .. ဒါအချစ်လား ?




နွေတွေ
ဝေနေတာလားမသိလိုက်ဘူး
ပူလောင်ခဲ့တာပါ
ရေတွေရေတွေလေ
မျက်ရည်မှန်းလူတွေမသိကြဘူး
ရိုးသားပါတယ်နော်
နင်မသိတဲ့အချိန်ကစလို့ပေါ့
နွေးထွေးစေမဲ့အကြင်နာတွေကို
ငါကိုတိုင် သုတ်လိမ်းထားလိုက်တယ်
မေတ္တာတွေနဲ့ ...
နင်မသိချိန်မှာပဲ
ငါထုတ်ပိုးထားတာတွေများနေတယ်
အဲ့တာ ပိုင်ဆိုင်တဲ့ငါ့အချစ်တွေပေါ့
ရင်နဲ့ရင်းမိတယ် နွေလိုပူပါစေ
အမြင်နဲ့မနိုင်းမိပါစေနဲ့
ရင်ခုန်သံတွေနားထောင်ပါ
မာယာဆိုတာ ငါမပိုင်တဲ့
ဂုဏ်တစ်ခုလူတွေပေးကြတာပါလေ
မာယာမဟုတ်ဘူး
ဘဝပေးတဲ့မာနတော့ရှိရဲ့
အသိနဲ့ထိန်းထားတယ်
အကြည့်တွေမတိန်းပါနဲ့
ချစ်သူ့ဘဝမှာအမြဲပြေလည်ချင်တာလား
လူ့ဘဝဆိုတာ
အခက်အခဲတွေစုံတယ်
ဘယ်တော့အရှုံးမပေးတတ်ဘူး
သေချာတာ
မင်းကိုသိပ်ချစ်တယ်လေ