Wednesday, July 20, 2011

အတွေးနဲ့ပဲရူး

ညမိုးမှောင်
ငိုယောင်သမ်းမိတယ်
သီချင်းတွေက
ုဆို သယောင်
ဆွေးနံ့သာ
ရင်ဝယ်လိမ်းလို့
ငါ့အတွေးပါ
နင်အကုန်သိမ်းတယ်
ဆိုတေးဖွဲ့တော့မေ
မာနကိုခဝါချ
ပြာဖြစ်မဲ့
လွမ်းညကျော်မယ်
မှန်းဆလို့ပျော်
တမ်းတလို့မော်ကြွား
ဘဝလေးထဲခေါ်ဲချင်တောင်
နှုတ်မရဲဘူး
အတွေးနဲ့ပဲရူး ။ ။ ။

မေ

နွေးထွေးအိမ်မက်မေ့အတွက် 
ကြေနပ်တော့မေ
ပြေလှည့်တော့မျက်တွေရယ်
ရက်တွေရှည်ရင်လွမ်းရမယ်
မှန်းရွယ်လို့နွမ်း
ငါ့လမ်းလည်းပျောက်တယ်
စေလိုရာသာစေ
ပျော်သလိုသာနေပါမေ
တော်သလိုငါကကျန်မယ်
ချစ်ခြင်းတွေ အပြစ်မကင်းတော့
ရင်နဲ့ရင်းလည်းမှားတာပဲ
ဘဝလမ်းကကြမ်းတော့
အဆွေးက ပိုကဲ
အချစ်ကချိုလဲ
အလွမ်း ကပိုခါးတယ်မေ ။ ။

I mIsS yOu

တွေ့သော်လည်း လွမ်း
မတွေ့သော်လည်းလွမ်း
ငါသည်ရူးမိုက်
ပင်လယ်ဝေး ....... ဝေးးးးးးးးးးးးး
ဘယ်ထိဘယ်မျှ ၊ ချစ်ခင်ကြင်နာ
ဒီရင်မှနှလုံး ၊ အသုံးချလျှက်
တွေ့ဆုံကြုံရန် ဆုတောင်မိတယ်
အကြင်နာ နွေး ........... နွေးးးးးးးးးးးး
ထူးပင်တောင်တ ၊ ရူးမိဆုတောင်း
ကြောင်းကျိုးစပ်လျှင် ၊ တွယ်တာရစ်တယ်
ငယ်တုန်းရူးမိုက် ၊ စူးစိုက်ပျော်ပါး
လျှော်ထားခဲ့သည် ၊ တို့တွေ့စဉ် ။ ။ ။ ။

(ဒီကဗျာရေးထားတာကြာပါပြီ ခုမှပဲတင်ပြမိတယ်)

ဒါဏ်ရာ

ဆွေးစိတ်မပြေ ၊ ဒို့ဝေးရက်တွေ
မြူခိုးလိုဆိုင်း ၊ လူတိုင်းကြုံဖူးပါ့မလား
အလွမ်းတွေရှိတော့ ၊  နွမ်းနေတတ်တယ်
လွမ်းတိုင်းစူးရှ  ၊ ကြည်နူးရတဲ့ရက်တွေရှိတယ်
မက်မောဖွယ်ရူးရ ၊ ကြည်နူးခဲ့တာဆိုးတယ်
မင်းချန်ရစ်လည်း  ကျန်ခဲ့မဲ့ကောင်
ခြေရာဖျောက်လည်း သေမလောက်လွမ်းမယ်
ဝေဒနာကပူ လူတွေကဆူလည်း
အယူမလွဲ ဒီလူအသည်းမင်းပိုင်တယ်
ဆိုင်ချင်မှသာ ဆိုင်ပါနော်
အပိုင်သာပြောနေရတယ် ဒီကအရှုံးပဲ
ဆွေးရပြီအချစ်ရယ် ရစ်တွယ်လှလို့ထင်ရဲ့
နေ့တိုင်သာနေမြင်ရတယ်
ငါ့ဘဝလေး လင်းမလာဘူး
ဆွေးဘူးတယ်အချစ်ရယ် ..........
ဒီကဗျာ အဆုံးသတ်တော့
ငါအပြုံးပျက်နေတယ်
ရစ်သထက်ရစ်တာသံယောဇဉ်တဲ့
ငါ့သဘောနင်မြင်မှာပါ
ချည်ပြီးတုတ်ပြီးစကားတစ်ခုရှိတယ်
“အချစ်ကြီးရင်အမြတ်ကြီးတယ်“ တဲ့လေ
အရင်အနှီးကြီးခဲ့တော့လည်း
ငါ့အသည်း လွမ်းဆဲ ဆွေးဆဲ ..... နာကျဉ်းဆဲ .............

သဲပွင့်လေးပါ

သဲပွင့်လေးတစ်ပွင့်ပါ
ငါကလေ ...လေအဝှေ့မှာအမြင့်ရောက်သွားတာ
လေငြိမ်ရင် လေမတိုက်တော့ရင် လေဆိုတာမရှိတော့ရင်ပေါ့
တစ်ခါတစ်လေလဲ ကံကောင်းထောက်မလို့ ပါရမီလေးလေးသေးသေးရှိလို့
ခနလေးတော့ ကျေနပ်နေရတာပဲလေ ...........
ဘဝဆိုတာ သူများတော့မသိလိုက်ပါဘူး ....... ငါကတော့လေ
မောပန်းခဲ့တာလေးတွေ ကိုလေပြေညှင်းလေးနဲ့အတူ မျောလွင့်ပါသွားတယ်
ငါကသပွင့်လေးတစ်ပွင့်လေ
သယ်ဆောင်သွားတဲ့လေပြေ ၊ လေနီကြမ် ၊ မုန်တိုင်း ညှင်သာမှုရှိရှိမရှိ ရှိပါလေ
ခနတော့ အမြင့်ရောက်သွားတယ် အတွေ့အကြုံအသစ်လေးပေါ့
ဘဝလေးကို ခနတော့မေ့သွားမိရင်မေ့သွားလိမ့်မယ် ......
ဒါပေမဲ့ ..... ဒါပေမဲ့ ..... ဒါပေမဲ့
အချိန်တန်ရင် မြေမှာပဲ လဲလျောင်းရမှာပဲလေ ............
ငါကသဲပွင့်လေးပါ သူငယ်ချင်းတို့ ....
ငါကသဲပွင့်လေးပါ မိတ်ဆွေတို့ .....
ငါကသဲပွင့်လေးပါ ချစ်သူ ........
ငါကသဲပွင့်လေးပါ လောကကြီးရေ .....................

နေနိုင်သူလေးရယ်

နေနိုင်သူလေးရယ်
ဝေးမယ်ဆိုလည်း
မချစ်စကားပြောပါ
ဆွေးမယ်ဆိုလည်း
မုန်းစကားပြော
ပြေးမယ်ဆိုလည်း
ချန်စကားတော့ပြော ။

နေနိုင်သူလေးရယ်
သူမကြင်နေနိုင်တုန်း
ငါ့နှလုံးသားကြွေဆင်းတယ်
သူမခင် နေနိုင်လေတုန်း
ငါ့မေတ္တာတွေယိုစိမ့်တယ်
သူ့မေတ္တာခြွေတာနေတုန်း
ငါ့အချစ်က လျှံကျတယ် ။

နေနိုင်သူလေးရယ်
ချစ်မပါ မင်းမုန်းပဲမလာပါနဲ့
ချစ်မပါ မင်းအပြုံးလဲမလာပါနဲ့
ချစ်မပါ မင်းနှလုံးသားမညာပါနဲ့
ချစ်မပါ အပြစ်ဆိုတာဘယ်လိုဖုံး
ရုန်းရုန်းထွက်မှာပဲလေ ..........
ခုတော့ .............
ဆုံးရှုံးမှုပိုက်လို့ တဒင်္ဂလေးရူးလိုက်မိသူပါ

နေနိုင်သူလေးရယ် ။


သူ့ဟန်ပန်နဲ့ကိုယ့်ဟန်ပန်

ဆံနွယ်ပျော့ပြောင်း
ပါးမို့ဖောင်း
ရယ်ရင်း ပြောဟန်
သူ့ဟန်ပန်
မူမပို နွဲ့မနှောင်း
မှန်တိုင်းပြောပြန်
ဖြူစင်သံ ဒါလဲ
သူ့ဟန်ပန်
စွဲလမ်းရစ်မူး
အလှထူး
လှတစ်ပါးမဟုတ်သော်
ချစ်မိပြန် .... ဒါလဲ
သူ့ဟန်ပန်
ပန်းမျိုးလှတော့
ဝိုင်းအုံပြန်
ဒါလဲ လူ့ဓလေ့မှန်
ပိုင်ဆိုင်ထားတော့
ရင်ခုန်သံ
ချိုမြန်လွန်းလှပြန်
ဝိုင်းကြောင်ကြတော့
သဝန်တိုပြန်
ဒါတော့ ငါ့ဟန်ပန် ။ ။ ။ ။ ။



(ဘယ်လိုရေးရင်ကောင်းမလဲစဉ်းစားရင်း အဲ့လိုလေးရေးဖြစ်သွားပဲ့ သူငယ်ချင်းတို့ရေ)

တိမ်ဒဏ္ဍာရီ

မိုးတွေသည်းနေတယ် ...
လေလည်းတိုက်လို့လေ .....စိတ်ကူးလေးကိုခနလေးပေးစီဆင်းခိုင်းလိုက်တယ်
လေတိုက်နှုန်းလေးနဲ့အတူ မင်းထံလာခဲ့မယ် ...... ချစ်သူ ကြိုဆိုနေပေးပါ ။
လမ်းခရီးမှာတွေ့မဲ့ အန္တာရာယ်တွေ များတယ်မမှုချင်ဘူး ၊ ဂရုမစိုက်ချင်ဘူး
ငါချစ်တဲ့သူ့ထံသို့ပဲ ဦးတည်ထားလိုက်မယ် ..... ငါက လေဟုန်စီးတဲ့တိမ်တိုက်
လေတိုက်တိုင်းပါမယ်ထင်လား .... ချစ်သူ
လေတိုက်တိုင်း လွင့်မယ်ထင်လား ....
တစ်ကယ်တော့ ငါကတိမ်တိုက်လေး ...ရေမှုန်ရေမွှားလေး .....
ထိတွေလို့မရသူ၊လိုက်ဖမ်းလို့မရသူ ၊တွယ်တာမှုကင်းသူလေးပါ
ဒါပေမဲ့လေ
မျှော်လင့်ချက်မဲ့နေခဲ့ဘူးတယ် ၊ လေနှင်ရာလွင့်နေခဲ့ဘူးတယ်
မုန်တိုင်းတွေ ထန်နေတဲ့ကြားကမှ နင့်ကိုတွယ်တာခဲ့သူပါ ၊ ရူးသွပ်မိသူ
ချစ်မိခဲ့သူ ၊ မြတ်နိုးမိခဲ့သူ တိမ်တိုက်လေးတစ်ခုပါ
ကိုကအမြင့်ပေါ်ကတိမ်တိုက်လို့ မှတ်ထားပေမဲ့
တစ်ကယ်တော့မြေပေါ်လျှပ်ပြေးနေတဲ့
ဝေဒနာနဲ့တိမ်တိုက်လေးပါ ၊။ ဝေဒနာဗလပွနဲ့ တွေဝေသောညတွေကိုဖြတ်ကျော်နေရသူ
လေပူတွေကို လက္ခံပြီးခံစားသူ ၊ အပူဆောင်တိမ်တိုက်လေးပါပဲ
သံယောဇဉ်ကိုမြေစမ်းခရမ်းပျိုးမိသွားတာ ..... ဖြစ်ထွန်းလာတော့ ကြီးမားတဲ့အချစ်သစ်ပင်ကြီးပေါ့
နင်နဲ့ငါ့ကြားမှာ တံတိုင်းကြီးတွေခြားနေတယ် ချစ်သူ
ဝေမျှခံစားချင်တဲ့နင့်ကို နေရောင်အောင်က တိမ်ရင်ခွင်ထဲဝင်မလာစေချင်တာတစ်ကယ်ပါပဲ
ငါ့ရင်ထဲက အပူဆောင်ဝေဒနာတွေကို မျှဝေမခံစားပါနဲ့ ချစ်သူ
ပူးဆွေးနေတဲ့ချိန်လေးမှာ သီးသန့်နေပါရစေ
ပျော်ရွှင်နေတဲ့ချိန်လေးမှာ ငါနဲ့အတူလေဟုန်လာစီးလှည့်ပေါ့ .......

တိမ်ပေါ်မှအိမ်

ကိုယ်တိုင်ဆောက်တဲ့ အိမ်တိမ်ပေါ်မှာဖြစ်သွားတယ် ချစ်သူ
မုန်းတိုင်းနောက်မှာ အကျိုးဆက်က ဆိုးသထက်ဆိုးလာတယ်
ကိုယ်တိုင်ရောက်နေတဲ့နေရာလေး ဌာနေနဲ့ဝေးတော့ဆွေးရတာပေါ့
ရင်နဲ့ရင်းတဲ့စာတွေ ကဗျာဖြစ်ကုန်ရော
ဒါဏ်ရာနဲ့လူဖြစ်တဲ့ငါက ဒဏ်ရာတွေကိုမကြောက်တော့ပါဘူး
မင်းနဲ့မသင့်တဲ့ ဘဝတော့ငါမပေးရဲဘူး ... လုံးဝမပေးရဲတော့ဘူး

ငါဆောက်တဲ့အိမ်လေး ငါကိုယ်တိုင်သော့ခတ်ထားတယ်
မင်းမလွမ်းပါနဲ့ချစ်သူ ၊ ငါလဲမတမ်းတချင်သေးဘူး
နွမ်းလျှနေတဲ့ငါ့အသည်း မင်းအချစ်ဖြူဖြူလေးနဲ့ မတန်ပါဘူးကွယ်
ပြောဖူးခဲ့သလိုလေးပဲ “ ခရီးဆိုတာလျှောက်ရင်းနဲ့ပျောက်တတ်လား ”
သူများတွေပြောတော့ “သွားပါများခရီးရောက်“တဲ့လေ
ငါ့အတွက်တော့ “သွားပါများ ခရီးပျောက် “ ပေါ့
လမ်းပျောက်နေတဲ့ ဘဝဆိုးကို မမက်မောချင်နဲ့ချစ်သူ
မျှော်လင့်ချက်တွေ မပေးရက်တော့ဘူး မင်းလည်းမယူနဲ့တော့
မညှာတာလို့မဟုတ်ပါဘူး ချစ်သူ ..ငါစာနာလို့
ငါ့ဒုက္ခလေးတွေ မင်းခံစားရမှာစိုးရယ် ၊ ငါ့အပူတွေ မင်းဝေမျှမှာကြောက်တယ်
ဝင်းပအေးမြတဲ့ မင်းဘဝလေး အရိပ်ကျမယ်ချစ်သူ
ကျေနပ်ပျော်ရွှင်ရတဲ့ မင်းဘဝလေး လောင်မြိုက်ခံရလိမ့်မယ်
စာနာတဲ့စကားလုံးလေးတွေနဲ့ ငါ့ကိုမချုပ်ပါနဲ့ နော် .... ငါတွေဝေမိမယ်ကွယ်
ချစ်စရာ့အမူရာလေေးတွနဲ့ ငါ့ကိုမသိမ်းပိုက်ချင်ပါနဲ့ ...... ငါယူကျုံးမရခံစားမိတော့မယ်
တွယ်တာမိခဲ့တဲ့ငါအသည်းလေး ခနခွဲထားလိုက်မယ်
ကြင်နာချင်တဲ့ ငါ့နှလုံးသာ မေ့ဆေးပေးထားတယ်
နင်ရင်နာလဲခနပါပဲ ..... အဆင်ပြေတဲ့တစ်နေ့
မင်းတပါးရင်ခွင်ခိုနေလဲ .... ဖြေသိမ့်ပေးပါ့မယ်
မချစ်လို့မဟုတ်ဘူး
အသက်ထက်မြတ်နိုးလို့ ............
ငါ့ပိုင်အချိန်လေးတွေမှာ ငါ့ပိုင်အတွေးတွေ နင့်အတွက်အမြဲရွက်လွှင့်နေမိတယ် ယုံပါ
ဒါကမချစ်လို့လား သိချစ်လို့များလား
သို့သော်လည်း
ငါဆိုတဲ့ နင့်ချစ်သူကတိမ်ပေါ်မှာဆောက်ထားတဲ့အိမ်လေး အသက်သွင်းချင်တုန်းပါပဲ
ဒါပေမဲ့
မင်းမရိပ်မိစေရဘူး ။ ခုတော့ငါ့ကိုနာကျဉ်းထား ၊ ပေါက်ကွဲထား ၊ ခဝါချထား ။ ။ ။


 

ခွဲခွာခြင်းတစ်ခု

အလွမ်းလေးတွေကကျီစားနေတယ်.... “ကိုယ့်စိတ်ကိုထိမ်းတဲ့လေ “
ငါကပြောလိုက်ပါတယ်“ ခွဲခွာခြင်းကို မမုန်းပါဘူး ဒါပေမဲ့စက်ဆုပ်တယ်“

တစ်ပြေသူပဲ သူက
မရွှေထားမဟုတ်ခဲ့သူ
သူမဟုတ်သလို ငါကလည်း
အလှမဖတ်ဘူး
ဘဝကိုငတ်နေသူ
လူမျိုးတူတဲ့တစ်ပြေသူလေးရေ
နင့်အလှလေးနဲ့ပဲ
ရင်ထဲအေးခဲ့သူပါ
မှုန်ဝါးဝါး cam ထဲမှာ
သနပ်ခါးပါးကွပ်ကြားနဲ့
အမိလှငတ်သူ ငါလိုလူတွက်
နင်ကအလှဆုံးပဲလေ
ဝါးတားတား cam လေးမှာ
စူးရှရှမျက်ဝန်းတစ်စုံကို
ရူးရခဲ့သူပေါ့ကွယ်
လေလှိုင်းပေါ်မှာအိမ်တွေဆောက်ခဲ့ကြတယ်
လေလှိုင်းပေါ်မှာအိမ်လေးပြိုခဲ့ရရဲ့
မင်းငိုခဲ့ရမှာပေါ့
ငါလဲဝမ်းနည်းတယ်
ဖြူစင်တဲ့
အကြည့်နဲ့စကားလုံးလေးတွေအောက်
ရုံးမထွက်နိုင်ခဲ့သူကငါပါ
မာယာမဲ့ငါ့စကားတွေကြောင့်
ကြေကွဲနေမှာကမင်း
တည်ငြိမ်တဲ့ခွဲခွားခြင်းနောက်မှာ
ငါပိုင်တဲ့ PC လေးမေ့လဲသွားတယ်
အေးစက်တဲ့ငါ့စာသားတွေနောက်မှာ
ငါပိုင်တဲ့ နှလုံးသားလေးကျကွဲသွားတယ်
ခွဲခွာခြင်းရဲ့မှတ်တိုင်က
Facebook ပေါ်မှာဒဏ်ရာတွေကျန်ခဲ့လေရဲ့လေ
တို့နှစ်ယောက်ပိုင်ဒါဏ်ရာမှ ဒဏ္ဏာရီဖြစ်စေ .........


ပြည်ဖွံ့ဖြိုးစေ ( မေ ၊ ၄ ၊ ၂၀၁၁ )

ဝေတိုင်းမွှေးတဲ့ပန်း
လန်းဆန်းပါစေ။

ကြွေတိုင်းလှတဲ့ပန်း
ရိုးသားပါစေ။

နေ့တိုင်းစီးတဲ့စမ်း
အေးမြပါစေ။

စိမ်းလမ်းခြင်းတော
အေးချမ်းပါစေ။

ဓန ၊ ဥစ္စာ
ပျောက်ရှစေချင်။

ရုဏ်နဲ့သိက္ခာ
မြဲမြဲခိုင်စေ။

လောဘကင်းရှင်း
မာန်မာနဝေးစေ။

အချစ်စစ် ချစ်မှန်
နွေးထွေးပါစေ။

အမုန်းမကျန်
ကင်းစင်ပါစေ။

နေ ခြည်ဦးတို့
ပွင့်လန်းဝေဆာ
လ ညခင်းတို့
အေးချမ်းသာယာ
ချိုသာကြည်အေး
ငှက်တို့တေးဆို
မုန်းမာနကင်း
ချစ်ခြင်းဖလှယ်
သောကကင်းရှင်း
လူတိုင်းချစ်ခင်
သာယာဝေဖြိုး
ပြည်ဖွံ့ဖြိုးစေ ။


အချစ်ဆိုတာ

ညချမ်းဝယ် မဟူရာမင်းမူ
ပိန်းမှောင်တဲ့ မာန်ဝင့်
နေနိုင်ဝံ့သူ လမင်းရယ်ပျောက်ကွယ်
လှမ်းလာလှည့် လမင်းရယ်
ဒီမှာမှန် ထိုင်မျှော်လို့စောင့်စား
ထွန်းလင်းတောက်ပ ပါတော့လား ။
ချစ်သူရယ်စိမ်း
ယိမ်းမယ်တဲ့ ဟန်ပြင်
သူမကြင် ကို့ရင်ဝယ်နာမိမယ်
ပြေးပါနဲ့ချစ်ဆုံးရယ်
မောင့်အသဲ မြေဝယ်ဖြန့်ခင်းထားရဲ့
လှမ်းခဲ့တော့ မေ ။
နှလုံးသားရဲ့စေစားရာ
ဝေဒနာကိုမက်မောမိတယ်ကြည့်
ဒါထင်ပါရဲ့ အချစ်ဆိုတာ ။

ရင်ကိုထိရော

စတုန်းကတော့သံယောဇဉ်ပဲ
အချစ်ကြိုးတို့ဖြစ်သွားတယ်
ဖွင့်ချပြတော့ ခွင့်လွှတ်ခြင်းနဲ့
သဝန်တိုစိတ်လေးကပ်ပါလာမိတယ်
သူ့ချည် ၊ ကိုယ့်ချည်နဲ့
ချစ်စစ်မြေပြင်မှာ သံယောဇဉ်တို့ဖွဲ့
ရယ်လဲရယ်ချင်စရာ ၊ ငိုလဲငိုချင်စရာ
တွယ်တာစကားပြောရင်းပဲ ရန်ဖြစ်ကြတယ်
ရန်ဖြစ်ရင်းပဲ နားလည်မိသွားတယ်
သူငိုတဲ့အချိန်မှာ ၊ ငါငိုင်ဖြစ်တယ်
ငါငိုတဲ့အချိန်မှာ ၊ သူငိုင်ဖြစ်မယ်
ပွင့်လင်းဖို့တော့လိုတယ်
ပြေလည်စွာပြော
ကြည်ဖြူစွာအရာရာဖြေရှင်းလို့ရတယ်
နင်လိုချင်တာအချစ်စစ်တဲ့လေ
ငါလဲနင့်အတွက်ဒါပဲရှိတယ်
ကိုယ်တိုင်တောင် လမ်းပျောက်နေတာ
အချစ်ကိုလမ်းစရှာမရချင်တော့ဘူး
ဒါပဲလေ ....
ကိုယ်တိုင်စိုက်ထားတဲ့ ဝါး
ခုတော့အပင်ခုတ်ပြီး
မြှား အဖြစ်ဖန်ဆင်း
နှလုံးသားကိုပစ်သွင်းခံလိုက်ရတာ ........
ရင်ထဲကိုထိရော



ဘ၀အတွက်ပါ

ဘဝကပေးလို့
မာနလေးနဲ့သွေးအေးတတ်တာ ။
ဘဝကဖန်လို့
မာနနဲ့ အသံကမာတာပါ ။
ဘဝက ခါးလို့
မာနကလဲ ဓားတစ်ချောင်းလိုထက်တယ် ။
ဘဝက ခက်လို့
မာန ဆိုတာကို ဖက်တွယ်နေမိတာ ။
ဘဝက ချုပ်ကိုင်နေမိလို့
မာန ကိုပဲ ဆုပ်ကိုင်နေမိတာ ။
ဘဝ ကအရေးကြီးလို့
မာနက ပေါ့သေးသေးမဟုတ်တာပါ ။
ဘဝလှဖို့
မာနတော့ ကိုးကွယ်ရမယ် ။

                         ( ကျွန်တော် စိက်ပျက်လက်ပျက်ရေးမိတာလေးပါ အမှားပါရင်ခွင့်လွှတ်ပါ )

အချစ်ဆိုတာ

ညချမ်းဝယ် မဟူရာမင်းမူ
ပိန်းမှောင်တဲ့ မာန်ဝင့်
နေနိုင်ဝံ့သူ လမင်းရယ်ပျောက်ကွယ်
လှမ်းလာလှည့် လမင်းရယ်
ဒီမှာမှန် ထိုင်မျှော်လို့စောင့်စား
ထွန်းလင်းတောက်ပ ပါတော့လား ။
ချစ်သူရယ်စိမ်း
ယိမ်းမယ်တဲ့ ဟန်ပြင်
သူမကြင် ကို့ရင်ဝယ်နာမိမယ်
ပြေးပါနဲ့ချစ်ဆုံးရယ်
မောင့်အသဲ မြေဝယ်ဖြန့်ခင်းထားရဲ့
လှမ်းခဲ့တော့ မေ ။
နှလုံးသားရဲ့စေစားရာ
ဝေဒနာကိုမက်မောမိတယ်ကြည့်
ဒါထင်ပါရဲ့ အချစ်ဆိုတာ ။

ဗေဒါကောင်လဲချစ်တတ်တယ်

သေချာကြည့်ပါချစ်သူ
ကြမ္မာကြားမှာငြိနေတဲ့သူကငါ
ဗေဒါဆိုတာလဲသိပေးကွာ
ငါဆိုတဲကောင်က
ဗေဒါတော့ ဗေဒါ
နွေကမ္ဘာမှာ လျှောက်တဲ့ငါ
တွေဝေစရာတွေနဲ့ လေမှာလွင့်လို့
မိသားစုရေးပူနေမိသူပါ
မေ့ဆေးတွေသောက်လိုက်တယ်
စေတနာနဲ့ ကြွေစရာ မွှေတော့
ဝေဒနာအသစ်က မူးပြန်ရော
တစ်ခါတစ်လေ ရူးဖို့ပဲတတ်နိုင်ချင်တယ်
ခူးဆွတ်ချင်တာက မိုးပေါ်ကပန်း
မရနိုင်မှန်းသိတော့ လွမ်းလို့
ဝိုးတဝါးလမ်းတွေထဲ
မှန်းရမ်းလျှောက်လိုက်တယ်
ငါ့ပြေးလမ်းကဘယ်မှာလဲပြောစမ်း
အနောက်ကိုလား ၊ အရှေ့
ဘဝဆိုတာ .... အလွမ်းပဲပေးမှာလားကွာ
ခုတော့
လွမ်းရင်းနဲ့ မျက်လုံးတွေကန်းကုန်ပြီ
ရှေ့ကလမ်းကဘယ်ရောက်လဲ
ရောက်ချင်ရာရောက်
နင့်ကိုချစ်တာတော့သေချာတယ်
ဝင်မလာချင်နဲ့တော့ကွာ
ငါ့နွေကမ္ဘာထဲ ဝေဒနာပဲရှိတယ်
စေတနာနဲ့ ချစ်တာပဲလေ
ပူလောင်ရာထဲ ငါပဲနေမယ်
သေရာပါအောင်တော့ ချစ်ပေးပါ့မယ်
သေချာ ကြားအောင်နားထောင်
ဗေဒါကောင်လဲ ချစ်တတ်တယ်

ပြောလို့မပြီးသေးဘူး .....

ဗေဒါကောင်လဲချစ်တတ်တယ်

.......................................

ဗေဒါကောင်လဲချစ်တတ်တယ် .........
ဗေဒါကောင်လဲ............................... ချစ်တတ်တယ် ။



ဝေးဝေးကို

နောက်ဆုံးတဲ့လား ချစ်သူ
ရူးချင်အောင်ပါပဲ
နှလုံးသားနဲ့ရေးတဲ့ ဇာတ်လမ်း
ငါစွဲလမ်းနေသေးတယ်
နောက်ဆုံးမပြောပါနဲ့
ပျံသန်းသွားပါ ...... ဟိုး ........ဝေးဝေးကို ။
သူငယ်ချင်းလိုလေးပဲလား ချစ်သူ
ငါပေးတဲ့ ဒုက္ခမသေးတာသိတယ်
ဘယ်လိုစိတ်မျိုးနဲ့ ရှေ့မှာဆက်ဆံကြမလဲ
ဘာမှမပြောခဲ့ပါနဲ့နော်
ပျံသန်းလိုက်ပါ ...... ဟိုး ....... ဝေးဝေးကို ။
ပူလောင်နေခဲ့တာလားချစ်သူ
ငါ့အပူကိုခံနိုင်မယ်မထင်ထားခဲ့ပါဘူး
အမှောင်ထဲကို ယောင်လို့တောင်မခေါ်ရက်သူပါ
နှုတ်မဆက်ပါနဲ့
ချန်ထားခဲ့ပါတော့ အမဲရောင်လေးထဲမှာပေါ့
နင့်အချစ်လေးမှတ်ထားတယ် ခုတော့
ငှက်လေးတစ်ကောင်လို 
ပျံသန်းသွားလိုက်ပါ ........ ဟိုး ........ ဝေးဝေးကို ။
တိမ်တွေလဲပြို ....... မိုးတွေလဲငို
ငါလိုလူက ရူးသွားမှကောင်းမှာ
လေပူလဲတိုက် ......... ချွေးလဲပြိုက်ခနဲ့ကျရော
ငါလိုကောင်က ရူးလို့မိုက်မဲ
အရှိုက်ထဲဝင်တဲ့လက်သီးတွေပဲကြုံနေကျပါ
ရင်ထဲမှတ်ထားလိုက်မယ်
ငှက်ကလေးရဲ့ နှုတ်ဆက်စကား
ကြားတဲ့စကားနားခါးသော်လည်း
ရင်ထဲလှိုက်ဖို ....... ရှိုက်ငိုခဲ့မိတာကို
မင်းမပြောနဲ့ ....... ငါ့ကိုငါတောင်မသိစေရဘူး
မထင်ထားတဲ့ လမ်းခွဲစကား
ထပ်မကြားရဲတော့ဘူး ချစ်သူ
ဘာမှမပြောပါနဲ့ ...... ထားခဲ့လိုက်
ပြီးတော့ ချုပ်တီးခြင်းမဲ့စွာ
ပျံသန်းလိုက် နင်လွတ်လပ်သွားပြီ
ငါ့နှလုံးသားလှောင်အိမ်လေးတော့
ပွင့်လို့ .... ပွင့်လို့ .....ပွင့်လို့
နင်လဲ ...... ငါ့အနာဂတ်ဘဝထဲက
ဝေးလို့လွင့်လို့ ....... လွင့်လို့
တွေ့လိုက်တယ် .... နှုတ်ဆက်သံလေးနဲ့အတူ
တောင်ပံလေးခက်လို့ ..... ပျံသန်းသွားလေရဲ့
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး ...... ဝေးဝေးကို ...... ငါနဲ့ဝေးဝေးကို ။


                                              (ပြီးပါပြီလို့စာတန်းလေးထိုးပါရစေ)

 ( အရှိုက်ထိသွားတဲ့သုညအဖြစ်လေးပါ ၊ ကျွန်တော့်ချစ်သူကမမှားပါဘူး ၊ မဆုံနိုင်တဲ့ဘဝလေးကခါးတာ )

ငတ်ကိုငတ်သူ

နွေးထွေးတဲ့မေတ္တာ
သစ္စာစကားတွေနဲ့ ပေါင်းလို့
ဒါကအချစ်ပါပဲတဲ့လေ
မေတ္တာအကြောင်းနဲ့
အချစ်ကဟောင်းမသွားသေးဘူး
သစ္စာစကားလေးတွေ
ငါ့အကြားအာရုံမှာ
ပလူပျံလို့ပေါ့
လူဆိုတာ အချစ်နဲ့ပတ်သတ်ရင်
တစ်ခါတစ်ရံ တစ်ယူသန်ကြမယ်
အကြင်နာ မျက်ဝန်း
ရင်နာလွန်းတော့
တဖတ်စွန်းဖြစ်သွားမှာပါ
အကြင်နာစကားတွေ
ရင်နာနာနဲ့ကြားလိုက်ရတယ်
ငါ့အမြင်လွှာကြားမှာပေါ့
ခံနိုင်ရည်အားထပ်လိုချင်မိတယ်
မိုးတွေခြိမ်းတော့
                                                     ရင်တွေခုန်မိပြန်ရော
မိုးစက်တွေကျတော့
                                              အချစ်ဆိုတာကိုတမ်းတမိတယ်
မင်းသိလား
အချစ်နဲ့ပတ်သတ်ရင်
ငတ်ကိုငတ်နေသူပါကွယ်။



“ဝင်လာတုန်းကတော့ ... ငါ့ရင်ဘတ်လေးကိုလှပ်လို့
ပြန်ထွက်ချင်ရင်ပြောနော် ....
ဗြုန်းဆို ..
ကျောကိုတော့ဖောက်မထွက်နဲ့ နှလုံးသားကအသက်နဲ့နီးတယ် .....“



ကဗျာ နှင့်

မျှော်လင့်ချက်တွေ
နေခြည်သမ်းပါတော့လား
ပျော်ရွှင်ခြင်းတို့မြင်ချင်လို့ပါ
အနာဂတ်ဆိုတာ
ပျောက်ဆုံးခြင်းခေါင်စဉ်အောက်မှာ
ရောက်မနေပါရစေနဲ့တော့
အတ္တတွေကို မြင်းတစ်ကောင်လိုစီးချင်တယ်
လိုရာကိုအမြန်ဆုံးပို့ပေးပါတော့
ဂရုဏာတရားတွေရှာဖွေချင်တယ်
မေတ္တာတရားကို တွေ့ချင်သေးတယ်
အချစ်စစ်ကိုလက်ထဲမှာဆုပ်ကိုင်လို့ပေါ့
မင်းမျက်နှာလေးက မော်လို့
ကို့မျက်နှာလေးကပျော်လို့
ရင်ခုန်သံလေးတွေကအော်လို့
ဒီလိုနဲ့ပဲ
သုညဆိုတဲ့ငါက
ကဗျာထဲမှာပဲ ပျော်လို့ပါ့
အလွမ်းလေးတွေရေးထားတယ်
အချစ်တွေကို ဝေငှလိုက်မယ်
ဘယ်သူ့ကိုမှငါမမုန်းဘူး
နှလုံးသားကို ငါငုံ့ကြည့်မိတယ်
ကဗျာပဲရှိတဲ့ နှလုံးသားမဟုတ်ဘူး
လာမကြည့်ပဲ ငါသိတယ်တော့မလုပ်နဲ့ချစ်သူ
ငါ့ဘဝထဲမှာက
ကဗျာနဲ့နင်အမြဲရှိနေတာပါ  .... ။



မေမေ

လေယာဉ်သံတွေကြားတိုင်းလွမ်းပါရဲ့လေ
ကမ္ဘာမြေက ကျယ်သားပဲ မြန်မာပြည်ကိုဘယ်လိုပြန်ရမလဲမသိတော့ဘူး
ဂုဏ် ၊ ဓန တွေကြားလိုက်ရင်မြောသွားလိုက်မိတာ ကိုယ့်ကိုတိုင်တောင် ဘယ်လိုကောင်လဲမသိတော့ဘူး
ငွေကြေး ၊ ဥစ္စာကို လုပ်ရိုးတိုင်းပဲ ရှာနေမိတာ မေတ္တာတရားတွေနဲ့ဝေးပါလေရော
အရေးကြီးတာက ဘာလဲ ၊ အဓိက ဆိုတာကရော.......

မေမေ ကျွန်တော့မျှော်လင့်ချက်တွေကို တစ်ခါတစ်လေ အစကပြန်ရွတ်မိတယ်သိလား
မေမေ့ရှေ့မှာ ပြောခဲ့တဲ့အတိုင်း နှုတ်ကတစ်သံထဲ မထွက်ချင်တော့
မေမေပြောဘူးတယ်နော် သားကြီးက စိတ်ဓာတ်မာကျောတယ်လို့လေ
မေမေ့မျှော်လင့်ချက်လေးတွေက လဲသားကြီးထံမှာပဲလို့လေ
မေမေရော မေမေ့မျှော်လင့်ချက်တွေကို သားရှေ့မှာပြောဖူးသလိုလေးပြန်ရွတ်လို့ရသေးလား


သိလိုက်မိတယ် ။
ကျွန်တော့်ရဲ့အရေးကြီးဆုံးဆိုတာလေးကိုပေါ့
ကျွန်တော့ဘဝရဲ့ အဓိကဆိုတာကိုရောလေ ....
လူတစ်ယောက်တိုင်းမှာ
မျှော်လင့်ချက်ပြည့်ဝတယ် ၊ မျှော်လင့်ချက်မပြည့်ဝဘူးဆိုတာထက်
မေမေ့ရင်ငွေ့လေးအောက်မှာ အနွေးထွေးဆုံးဆိုတာကိုပေါ့လေ ။
သားအမှားလေးတွေ လုပ်ရင် မေမေဆုံးမနေကျ
သားမိုက်ဖို့ပြင်နေတာကို မေမေကြိုသိနေကျ
သားသိလိုက်တယ် မေမေ ... မေမေဆိုတာလဲ သားဆိုတာရှိမှ ... သားဆိုတာကလဲ မေမေဆိုတာရှိမှ
မေတ္တာတရားလေးတွေ ဖြန့်ကျက်စီးစင်းသွားရမယ်
ဂရုဏာတရားလေးတွေ နဲ့ပျော်ရွှင်ချမ်းမြေ့နေကြရမယ်
ဒီချိန်လေးမှာတော့ ...
မေမေ့ ဆုံးမစကားတွေကို ပြန်လည်ကြားယောင်နေရင်းပေါ့
မေမေနဲ့ ဟိုးးးးး အဝေးကနေပြီး
နောင်တစ်ချိန်အတွက် တွေးတောရင်းပဲ
ကမ္ဘာတည်နေသမျှ ၊ သားဆိုတာရှိနေမှာပါမေမေ
မေမေဆိုတာလဲ ကမ္ဘာတည်နေအမျှ ထွန်းလင်းတောက်ပနေမှာပါလေ
မေမေ ခုဝေးနေပေမဲ့ ၊ သားပြန်ရောက်တဲ့အချိန်ကစလို့
မေမေ့နားမှာ ရိုသေကိုင်းရှိုင်းနေပါ့မယ် မေမေ ။

ရင်ပြိုလို့

ကမ္ဘာမြေပြို
ငါလေငိုမယ်မထင်
လောကမုန်တိုင်းဆင်
ငါ့ကိုယူငင်သွားလည်း
ကြောက်မယ်မထင်
ပင်လယ်ရေပဲမြင်လေရာ
ဝေဒနာတချိုနဲ့
ငါ့ရင်ဆို့နေရတောင်
ဝမ်းနည်းမယ်မမြင်
လောကတစ်ခွင်
မီးလောင်တိုက်သွင်း
ရင်တွင်းလည်းပူ
အမြင်တွင်းလည်းပူလည်း
သေသာသေဆုံး
ငါမတုန်လှုပ်
ပြုံးဆိုပြုံးလိုက်မယ်
တခုတော့သိ
တစ်ခုပဲရှိတယ်
နင်မုန်းမဲ့နေ့နဲ့ညဆို
သေချာမမြင်လဲ
နင်မေ့များသွားခဲ့ရင်
တွေးကြည့်ရုံနဲ့
မြင်မြင်လေရာ
ငါ့ရင်ပြိုလို့ငိုချင်စရာ ။


တိမ်တိုက်လေးဖြစ်တယ်

မနေ့ကလား ဒီနေ့လား မသိလိုက်ဘူး
ငါရေးတဲ့ ငါ့အိမ်မက်လေး အရောင်လွင့်သွားတာ
လမ်းဆိုတာလျှောက်ရင်းပျောက်တတ်လား
မျှော်လင့်ခြင်းတွေထွေးပိုက်လို့ ငါတော့မိုက်ဆဲပဲ သိလား
အရောင်လွင့်တဲ့အိမ်မက်ကို ထုပ်ပိုးလို့ အရုပ်ကြိုးပြတ်သေလဲသေပါစေ
ငါတော့ ငါ့လမ်းပေါ်မှာ ဒါဏ်ရာတွေကို ချနင်းနေမှာပဲ အထုပ်လေးပိုက်လို့ပဲ
စိုင်ကော်လို့ ခြုံပေါ်ရောက်သူတွေတွေ့တော့လည်းအားကျတယ်
ဘဝမေ့လို့ ဇောက်ထိုးဖြစ်နေသူတွေကိုလည်းသနားတယ်
ဪ .. ငါကိုယ်တိုင်ကရော .......................
မျှော်လင့်ခြင်းနဲ့ မာနသာ ပိုင်တဲ့ .. တိမ်တိုက်လေးပါပဲ ............




အလွမ်း

တွေ့ရင်လွမ်း
မတွေ့ရင်နွမ်း
ခမ်းခြောက်မသွားတဲ့အချစ်နဲ့ပါ
ရစ်သထက်ရစ်ရစ်လာတယ်
နှောင်ကြိုးဖြေ......ပြေဖို့မမြင်ပါဘူး ။
ရင်ဝှက်ပန်း က
လန်းဆန်းလာတယ်
မြင်လျှက်ကန်းသွားရော
အချစ်တစ်ခုပဲ ဂရုစိုက်မိလို့ပါ
တမ်းတလို့လွမ်းဆွတ်
မင်းအကြင်နာကို ငတ်မွတ်
ကြေကွဲခြင်းနိယာမထင်ပါရဲ့
အလွမ်းဆိုတာကရောဘာလဲ
ရှင်လျှက်သေခြင်းတစ်မျိုးပဲ

အရှင်

တွယ်တာမက်မော  ၊  ဒီအလှတောကို
ဖြတ်ရင်ဝှေ့ရမ်း  ၊  နှုတ်ဆက်အနမ်းနဲ့
ဥတုနွေမှာ ကြေကွဲစရာ
လရိပ်မြေနမ်း ၊ ဒီလိုညချမ်း
အခါခါ လွမ်းတာပါ အရှင်
နွေဥတုပျောက်
မိုးသို့ရောက်
ဥတုစွတ်စို လွမ်းပိုတယ်ထင်
ခြောက်သွေ့သဲပိုက် ဒီမိုးညမိုက်တော့
လွမ်းရယ်ခါးခါး ထမ်းထားရတာပင်းပန်းလှတယ် အရှင်
မိုးလွမ်းကုန်ပြန်
ဆောင်းပဲကျန်
ဆောင်းနှင်းကြားလည်း ဗျာဝါဒပိုက်
မိုက်ရပြန်ပြီထင့်  ၊ လွမ်းချိန်မှန်မှန်
စိမ့်ကာချမ်းငြား  ၊ လွမ်းရယ်မပြေ
ချမ်းလေ ...ချမ်းလေ ဆတိုးတယ်
မောင့်ချစ်ခိုးတို့ ဆောင်းနှင်းလိုဝေ
ထပ်ထပ်တိုးလွမ်း အနမ်းရယ်ပေးသနားလှည့်ပါ
ခပ်ကြမ်းကြမ်းနွမ်း လွမ်းလှပါပြီ အရှင်
ဥတုသာလည်ပတ်
အလွမ်းသာရင်ဝယ်မှတ်လို့
တစ်သက်ရယ်မပြယ်
ဒီအလွမ်းနှယ်
ရှက်ရယ်လေးတောင်မရယ်နိုင်တော့ဘူး
ကံဆိုးလို့ သယ်ပိုးထားရတာထင်ပါရဲ့ အရှင်






ရိုးရိုးလေးပါပဲ

တစ်နေ့ကလား
ငါ
အငွေ့ပျံသွားတယ်
ငါ့ရိုးသားမှုတွေ ခြစားခံလိုက်ရတယ်
အတွင်းရောအပြင်ရော
နေရာမလပ်သေနပ်နဲ့ချိန်ထားသလိုခံရတယ်
ငါ့ရဲ့စစ်ဖက်တွေ တွန်းလှန်ခြင်းမဲ့နေတဲ့
ငါ့ကို လှောင်ပြုံးတွေနဲ့
ရင်ထဲမှာမင်း
အပြင်မှာတော့ မဲ့ပြုံးနဲ့
ကြမ္မာနဲ့ ကြေကွဲစရာ
ငါ့စိတ်ဓာတ်တွေကိုပါ ခြစားသွားတယ်
ခန္ဓာကိုယ်ကို ... အရောင်ဖျောက်ချင်တယ်
အနိုင်ယူလိုချင်သူတွေမတွေ့အောင်
နှလုံးသားကို ခနဖွက်ထားမယ်
ကစားချင်သူတွေရှာမတွေ့အောင်
ရိုးသားမှုကို .. ခနသိမ်းထားမယ်
လှည့်ဖျားတတ်သူတွေပေါလို့
နေရိပ်ထဲခနဝင်ချင်တယ်
နေပူဒါဏ်တွေကြုံတာများနေပြီ
ကြိုးစားပြုံးရင်း ပါးတွေညောင်းလာတယ်
ကြိုးစားပြောရင်း အမှားတွေများလာတယ်
တွယ်တာတတ်ခြင်းမဲ့ပစ်လိုက်တော့မယ်
ငါဆိုတာကရော ........ ငါမဟုတ်ပါလား
ခနသိမ်းထားလိုက်မယ်
မြှားနတ်မောင်လည်း အိပ်ပါစေတော့
ကဗျာတွေရော
သိမ်းထားချင်တယ် .... ဒါပေမဲ့
ခံစားချက်ကတော့ ဝေငှနေတုန်း
ဒီတော့
ရိုးရိုးလေးပါပဲ
                                          ကဗျာတွေပါခြစားခွင့်ပြုလိုက်တယ် ။


                                                     

ခွဲချိန်

စိမ်းလဲ့ကန်သာ
ယိမ့်နွဲ့မြက်ယှက်နွယ်
သစ်ပန်းမံဝေဆာလို့ရယ်
နားခိုတဲ့ကျေးငှက်ခါ
သာယာသံတွန်ကျူး
ကွန့်မြူးတဲ့ နေခြည်မှာ
ရေကြည်ပြင်
လေပြည်ခတ်တယ်
တို့တွေ့တဲ့ခါ
ဆောင်းလေပြေ
ညှင်းညှင်းသွဲ့နဲ့
မင်းဆံနွယ်
ရှင်းရှင်းပျော့ရယ်
တိုးဝှေ့တဲ့မင်းနံ့သာ
ချိန်ခါရယ် နေညိုစောင်းလို့
ခနမေ့လောကလယ်
တွဲလျှက်ပျော်ချင့်ဖွယ်
သို့လော ...သို့လော
ှနှစ်ယောက်အသဲဝယ်
ပျောက်ရှခဲ့နားခိုရာ
ဝေဖန်သံလူတွေများနဲ့
မိနဲ့ဖခွဲ ရင်ကွဲစရာမှန်
ရင်ဝယ်ဘယ်မှန်စွာချစ်လည်း
မုခုပင် ..... ...... မုချပင် .... ... မုချပင်
ရင်နင့်ခွဲရမဲ့
တွေးမရကံကြမ္မာ့နှယ်
ရင်ခွင်ငယ် မုန်တိုင်းခတ်လို့
မေ့လက်ရယ် မကိုင်ဝံ့တယ်
ယိုင်နဲ့တဲ့အခြေမဲ့ဘဝမို့
ပြိုင်ရဲသောအားရယ်ငယ်
အိုကွယ် .................................................
ရင်နဲ့ရင်းမိလည်း
ဘဝပေးအသဲခါး
ဒီဘဝရယ်မဆုံ
နောင်ဘဝရယ်ကြုံပါရစေ
မောင့်အလှငယ် ပြုံးပါ ။ ။ ။

ဆွေးရိပ်မြေ

ကဗျာ
ကဗျာ ... ကဗျာ
သူမလာ...ကဗျာသောင်ထွန်း
မောင်မျှော်လွန်းလို့ ...
ကဗျာလက်ငင်းကြွေတယ် မေ
နွေပမာပူ 
မိုးပမာ စိုရွှဲ
ဆောင်းပမာ ချမ်းသမို့
မောင့်အသဲတို့မြေခ
ကြွေကျရပါပြီလေ ...
သူလာလာ မလာလာ
ကဗျာမြတ်နိုးလို့
လက်တန်းရေးမိတယ်မေ....

ကျုပ် ...
ကဗျာချစ်တတ်သူပါမေ ...
တစ်သက်လုံးမျှော်ကိုး
မေ့ ရှက်ပြုံးကိုပဲ
မြတ်နိုးတယ်မေ ....
ကာရံမွဲကဗျာမို့
မာနသံတွေနဲ့ အစွဲမထားပါဘူးမေ
လျှော့ရဲ ..လျှော့ရဲစိတ်တို့နဲ့မျှော်ဆဲ
ဟောဒီ့
ဆွေးမြေရိပ်တို့မှာပဲ
မောင်တစ်ယောက်ထဲ
မလျှောက်ရဲ ..လျှောက်ရဲလျှောက်တာ
လွမ်းငွေ့တို့ ရစ်ဝိုင်း
လွှမ်းခြုံသိုင်းလို့
မောင့်မျက်ရည်တို့ခမ်းလုပြီမေ...
မေ ...
ကဗျာလိုမြတ်နိုး ..
ကြင်သူမေ လာနိုး ..လာနိုးနဲ့
မျှော်ကိုးမိသူ ကိုလိုလူအတွက်တော့
ကာရံတွေနဲ့အတူ
မျက်ရည်မိုးလေးတွေသွန်းဖြိုးနေလို့
မင်းမို့နေနိုင်ရက်တယ်မေ
နေနိုင်သူကနေနိုင်ရက်မှတော့
မောင်လိုလူ အပူတွေပိုက်လို့
ဒီလူ လူမိုက်လို့ပြောချင်သူပြော
ကဗျာစပ်ရင်း မောင့်အလွမ်းမြေကို
ယောင်ရမ်းလို့ တစ်ခါဘူးမှတော့
မေမလာဘူးလို့မောင်မယုံဘူးလေ

၅၂၈

တိတ်တဆိတ်ကြေကွဲ
ရင်ထဲလဲဆွေးတယ်
နှုတ်ဆက်စကား
ဖွဖွကြားလား
ရင်နှစ်ခြမ်းခွဲ
အသဲကိုယူ
မူပိုင်အပ်နှင်း
ငါ့ချစ်ခြင်းသည်
ငွားငွားစွင့်ကွယ်
လှပဝင်ထည်ပါသော်လည်း
ဖြူစင်သန့်ရှင်း
သံယောဇဉ်ရင်းကို
ဘာဓားနဲ့မပြတ်လေငှား
ငါဘာအသုံးကျ
လုံးဝရှောင်ရှားမရလိုက်ဘူး
နင်နဲ့ငါ့ကြား
စည်းကာခြားနား
ရင်ထဲဝင်ကြည့်
ချစ်ခြင်းသိမယ်
သို့လော အတွေး
ရင်ထဲလည်းနွေးတယ်
၅၂၈ မှန်တယ်သူ့အပြောကြား
ငါရင်မောရတယ်
ချစ်ခြင်းရယ်တဲ့
                                             အသင်္ချေ ....................................

သုညစစ်စစ်ပါ

ကြိုးစားရုန်းမိသမျှ

မုန်းမိတော့မယ်။

ငါဆိုတဲ့ကောင်က

ဘဝမှအားမနာ

နာရီပြန်တစ်ချက်ထိုးတိုင်း

အနာဟောင်းပေါ် ပြန်လန့်နိုးဆဲ

အိမ်မက်တွေအသက်ဝင်လို့

အိပ်စက်ခြင်းကိုရန်ရှာမိတယ်။

လူမက်တဲ့ငွေကြေးပိုင်ရန်

ဒါဏ်ရာတွေအဖြေရှာ

ငါငွေရှာထွက်ခဲ့တယ်။

လက်သိပ်ထိုးညတွေမှာ

တိတ်တိတ်ပုန်းလန့်နိုးသမျှကို

ဘဝ နဲ့ နှိုင်းရင်း

စိတ်ကုန်လူမော ဖြစ်မိတယ်။

ဆိုးရွားတဲ့ မုန်တိုင်းတွေကြား

ဝိုးတဝါး ခဏမှာ

ငါ့ည နဲ့ ငါ့ဘဝကို

ငါကိုယ်တိုင် အစိုးမရပါလား။

အချိန်တိုင်းလို ၊ အက်ရှင်အပြည့်

ငါရုန်းကန် သမျှတွေက

သုည သာကြံဖန်ဖြစ်ခဲ့တော့်

ဒါဏ်ရာဘဝတွေကို

နာခံသမျှတွေမှာ ၊ ကနေရင်းရက်တွေမှာ

ကြံဖန်ဖန် ဇာတ်ဆရာရေ

ငါ့အတွက်ကော အလှကွက်တွေမပါဘူးလား။

ဒါ့ထက်မက ……..,

တန်ဖိုးမဲ့ကာ ၊ မာယာကင်းသော

အဆင်းကင်း ၊သုညရက်တွေသာရှည်ခဲ့တယ်

နိုင်သလောက်တော့စွမ်းချင်တယ်။

မာနပြိုင်ကိုင်ဆောင် ၊ဒေါသမာန်ဟုန်ပြင်းတဲ့

ငါ့လက်တွေအံသေနေပြီ။

မိဘသွေး နဲ့ ရဲတဲ့ခန်ဓာက ၊ အေးချမ်ရာမှာ

ပြာစခန်းဝင်ချင်နေပြီ။

ဓားတောင်သာကျော်လို့ ၊ မီးပင်လယ်သာကူးလိုက်ချင်ရဲ့

နာရီပြန်တစ်ချက်ထိုး ၊ လန့်နိုးဆဲရက်တွေရယ်

လူကုန်ကြောက်တဲ့ ၊ သုညရောက်ဘဝရယ်

ချုပ်ကိုင်ခြင်းအပြည့်နဲ့ ဘဝကိုဆုပ်ကိုင်လှုပ်နေတယ်

အာ………..ဒါက

စေတနာဗလပွ နဲ့ ဝေဒနာသမယလေလား

ခုများတော့်ဗျာ

သုခမှန်းရည်

ဗျာဝါဒအပေါင်း ခကာညောင်းသော

အယုတ်မရှိ ၊ အလတ်မဲ့

အဆုတ်မရှိ ၊ အတတ်ရှင်း

ဝေဒနာကင်း ဘဝတစ်ခု

ရုတ်တရက်လိုချင်မိတယ်။

ကဲ………………ရွာစားမလေးရေ

နုံအထုံထိုင်း ၊ ရက်စက်မှုရှင်း

ဂရုဏာပြင်းသော ကျုပ်အား

မတိမ်းမစောင်း ၊ ဗန်းမောင်းမကျန်

ဆိုင်းသံဗုံဆင့် ၊ သြဝါဒချွေ သံစုံကြူးလို့

ဆိုဆုံးမတော်မူပါတော့လား………………………..။