Sunday, March 27, 2011

တစ်ကယ်ပါ .. ဒါအချစ်လား ?




နွေတွေ
ဝေနေတာလားမသိလိုက်ဘူး
ပူလောင်ခဲ့တာပါ
ရေတွေရေတွေလေ
မျက်ရည်မှန်းလူတွေမသိကြဘူး
ရိုးသားပါတယ်နော်
နင်မသိတဲ့အချိန်ကစလို့ပေါ့
နွေးထွေးစေမဲ့အကြင်နာတွေကို
ငါကိုတိုင် သုတ်လိမ်းထားလိုက်တယ်
မေတ္တာတွေနဲ့ ...
နင်မသိချိန်မှာပဲ
ငါထုတ်ပိုးထားတာတွေများနေတယ်
အဲ့တာ ပိုင်ဆိုင်တဲ့ငါ့အချစ်တွေပေါ့
ရင်နဲ့ရင်းမိတယ် နွေလိုပူပါစေ
အမြင်နဲ့မနိုင်းမိပါစေနဲ့
ရင်ခုန်သံတွေနားထောင်ပါ
မာယာဆိုတာ ငါမပိုင်တဲ့
ဂုဏ်တစ်ခုလူတွေပေးကြတာပါလေ
မာယာမဟုတ်ဘူး
ဘဝပေးတဲ့မာနတော့ရှိရဲ့
အသိနဲ့ထိန်းထားတယ်
အကြည့်တွေမတိန်းပါနဲ့
ချစ်သူ့ဘဝမှာအမြဲပြေလည်ချင်တာလား
လူ့ဘဝဆိုတာ
အခက်အခဲတွေစုံတယ်
ဘယ်တော့အရှုံးမပေးတတ်ဘူး
သေချာတာ
မင်းကိုသိပ်ချစ်တယ်လေ



No comments:

Post a Comment