ငွေခေါ်ရာနောက်
ကောက်ကောက်ပါရင်း
မြင့်မြတ်မျိုးမှန်
အဖိုးတန်တဲ့ဘဝတွေ
ပျက်စီးသုန်းလို့
ရေမတွက်နိုင်.....
မတက်နိုင်ပါဘူး
ရမက်နောက်ကြောင်း
တောက်လျှောက်မြောရင်း
ခန္တာကိုယ်ပေး
အသက်စတေးပြန်တဲ့
မြန်မာမိန်းခလေး
မနည်းကြပြန်ဘူးလေ.....
တမြေထဲနေခဲ့ပေမဲ့
သွေးသားချင်းဝါးမြို
တစ်ဘို့သမား
ရွှေအေ့ဂျင့်တွေလဲ ပေါမှပေါ....
ဘဝရွက်တိုင်မပြတ်လွှင့်ရင်း
မုန်တိုင်းနဲ့လောကပင်လယ်
စီးရင်းမြောရင်ပဲ
ရှေ့နားရှေ့နားနဲ့
ဘယ်ကမ်းမှမကပ်သေးတဲ့
ကျုပ်တို့လိုလူ ဘဝတူတွေလည်းမနည်းပါလားနော်
No comments:
Post a Comment