Sunday, March 27, 2011

ရှင်သန်ခြင်းတစ်ခု





သေခြင်းဆိုတာ ရှင်သန်ခြင်းရဲ့
ပြောင်းပြန်ပေါ့ ... ငါနေထိုင်ရင်းပဲ
လည်လို့ရှုပ်တာမဟုတ်ဘူးနော်
မလည်လို့ရှုပ်နေတာ
ချစ်ခြင်းဆိုတာလည်း မုန်းတီးခြင်းရဲ့
ပြောင်းပြန်မဟုတ်လား
မုန်းလို့ ကဗျာဖြစ်တာမဟုတ်ဘူးနော်
မမုန်းလို့ ကဗျာဖြစ်နေတာ
သိမ်းပိုက်ခြင်းဆိုတာ ပေးဆပ်ခြင်းရဲ့
ပြောင်းပြန်ဖြစ်ပြန်ရော ... ဘာမှငါမလိုချင်ပဲ
လောဘမရှိလို့မဟုတ်ဘူးနော်
လောဘရှိလို့ရေးနေတာ ....
တောင့်တတယ် ငါ ၊ ကြောင့်ကြတယ် ငါ
အေးဆေးချင်တယ် ၊ တည်ငြိမ်ချင်တယ်
အချိန်တိုင်းမဟုတ်တောင် ခဏ ခဏ တော့
ပျော်ရွှင်ချင်တယ်.... တကယ်ပါ
ပြောရင်း ...ပြောရင် ငါ့ကဗျာ
ဘာကဗျာလဲမေးမလား ... ငါမသိဘူး
စိတ်ထဲရှိတာချရေးတာ ...
ဘာပြောချင်တာလဲသိချင်လား
ငါ့မှာအဓိပ္ပါယ်မဲ့နေတာကြာပြီ ...
စိတ်မကောင်းဘူး မင်းအချိန်တွေပုပ်ကုန်ပြီ
ဂရုစိုက်လို့ကျးဇူး အထပ်ထပ်တင်ထားတယ် အတည် ......

No comments:

Post a Comment