Thursday, July 21, 2011

ချစ်မိနေတုန်း

အတ္တအရည်ခြုံလို့
လူတောထဲရောက်သွားတယ်
ကံဆိုတာ မကောင်းလည်း
ဇွဲကမလျှော့
နာကျင်စရာတွေကို
ခုတုံးလုပ်ပြီးလှမ်းကြည့်တယ်
ပန်းတိုင် နဲ့ဝေးလို့မဆုံး
မေတ္တာတရားကိုမြေလှန်ရှာတော့
ကိုယ်တိုင်တောင် မေတ္တာရှားတာပဲလေ
ရေငတ်သူလိုပဲ တွေ့လေရာငေးလို့
ဂရုဏာ စကားတွေကိုမျှော်ရင်း
ရွှေသမင်အလိုက်မှားသွားတာ
မာယာကျော့ကွင်းထဲတန်းလို့
ငါ့ကိုငါမပိုင်တာ သူများပိုင်ချင်နေတုန်း
အတ္တအရည်ပြန်ချွတ်ကြည့်တယ်
သစ္စာတရားဆိုတာ
စောင့်တတ်သူမှသစ္စာစကားပြောကြေးဆို
ငါလဲ ဒီစကားကြားဘူးမှာမဟုတ်ဘူး
ဒါပေမဲ့မြတ်နိုးမိရာကစသွားတာ
မမှီတဲ့ပန်းလေးလှမ်းချင်းတုန်း
ပန်းမမှီလိုက်ပါဘူး
ရိုးတံကစူးတွေပဲကိုင်မိလိုက်တယ်
ထွက်လာတဲ့သွေးကရဲလို့
ဒါတောင် ချစ်မိတုန်း

No comments:

Post a Comment