Thursday, July 21, 2011

ဘဝ

နွေရာသီရဲ့ညပါပဲ
အရာရာအသစ်ကစချင်လဲ
ပူလောင်ခြင်းကြောင့်ပဲ
ငါ့မှာမနည်းရပ်တည်လိုက်ရတယ်
ဘာမှမသိ ၊ မရှိတဲ့
လောကလည်မှာလွင့်မြောရင်းသိသွားတယ်
အရာရာ ဒုက္ခနဲ့ မျိုးဖောက်ထားတာတွေပဲ
လူတွေကကြည့်တာငွေပဲမဟုတ်လား
မရှိစကားမကြားသူမှာ သနားစရာ
ဘဝရဲ့အရိပ်အောက်မှာ
အရာသာပျောက်သွားကြတယ် သူတို့မေးတယ်
ဘဝဆိုတဘာလဲ .............
ငါအသည်းနည်းနည်းတော့ခါးသွားတယ်
ငါတို့ကတော့ ...
ဘာမဆို မရှိစကားပဲနားထဲစွဲတော့
နူနူဝဲဝဲ ရင်ထဲလည်းနာရုံပဲရှိတယ်
ဖြတ်သန်းပါများတော့ ဘဝလေးချိုလို့
ခလေးဘဝကစလို့
အမိ ၊ အဖ အရိပ်အောက်မှာရပ်တည်းသော်လည်း
ကြိုးစားလို့ ရွယ်မတိုင်ခင် နှဖူးချွေးစို့ခဲ့ရတယ်
ခုတော့ ခြေမရောက်ရော ... ဘဝလား
မေမေပြောတော့ နာစရာတဲ့လေ
ဘဝလေးကပေးတော့ ကျတဲ့ချွေးလေးမွေးသွားတယ်
မေမေရေ ဘဝဆိုတာ ခနခနရေရွတ်ရင် စိတ်ဓာတ်ကျတတ်လား
တစ်ကယ်တော့ရောက်တာ ဘဝအစပဲရှိသေးတယ်
ချွေးကအိုင်လို့ ၊ မနိုင်လို့များထင်နေလား
တစ်နေ့တော့ ဘဝဆိုတာကို အားမာန်နဲ့ကိုင်လှုပ်မယ် ။ ။ ။
စိတ်မပူနဲ့ မေမေ ....
မေမေ့သားက မေမေ့သွေနဲ့ မနက်ဖြန်တိုင်းရဲရင့်နေခဲ့သူ .................

No comments:

Post a Comment