Thursday, July 21, 2011

ဒီလိုပါ

သူရယ်ကြည်ဖြူမယ်ဆို
ဒီလူက ရင်ကိုလှူထားတယ်
သူရယ်မကြည်ဖြူရဲ့ဆို
ဒီကလူက ငိုကိုငိုမိမှာ
ဇွဲနဲ့နပဲ အသဲထဲစွဲလို့
နင်နဲ့နီးဖို့ကြိုးစားနေသူ
အတ္တ မာန ခဝါချလို့
မင်းငါ့အနားနေ
ငါလည်းမင်းအနားသေမယ်
နွေပူမှာလမ်းလျှောက်
ငါတစ်ယောက်ထဲပဲ သူရေ
လမ်းပူပူမှာ
ဖိနပ်မယူပဲလျှောက်တဲ့သူဖြစ်လို့
ခေါ်ဖို့မရဲ ငါ့အသဲလေးနာတယ်
နင်ဘယ်လိုပြောပြော
ငါ့မနောက ဖြူစင်ပါတယ်
နှင်တာမဟုတ်
ကြင်နာလို့သာ
ချစ်စကားခြွေတိုင်း
တစ်ခုခုကိုပစ်မှားနေမိသလို
အဖြေရယ်ရှာချင်မိသူ
လောကတစ်ခွင်
အသက်ရယ်ရှင်လို့ရသေးရင်
ဒီလိုပါ
ချစ်သူလိုတိုင်းတ
ရအောင်စွမ်းချင်သူ
ချစ်သူလှမ်းသမျှ
ကတ္တီပါလမ်းလေးခင်းချင်သူ
ချစ်သူကြည့်မဲ့ည
“လ“လေးတစ်စင်းဖြစ်ချင်သူ ။

No comments:

Post a Comment