Thursday, July 21, 2011

မုန်းလှပြီ

သွေးတွေ ... သွေးတွေ
နှလုံးသားလေးသွေးတွေယိုလို့
ငိုကြေွးဖို့လည်း မျက်ရည်ပါမလာဘူး
သီသန့်နေရာလေးမှာ ဖြစ်တည်သွားတယ်
အချစ်ဆိုတာ ဝင်္ဂပါလေးတစ်ခုလိုပဲ
ဝင်မသွားပဲလည်းရောက်တတ်တယ်
ထွက်ချင်တိုင်းလည်း ထွက်မရဘူး
အချစ်အောက်မှာ ဒူးထောက်မိပေါ့
ကြိုဆိုသူက ခံစားတတ်မှလေ
အလေးမထားရင် ဟာသလေးတစ်ပုဒ်လိုပဲ
ကြင်နာသူရေ အော်ခေါ်နေလည်း
နင်မထူးတော့ ငါပြန်မကြားရဘူး
ရယ်သံလေးပဲ သဲ့သဲ့ကြားလိုက်ရတယ်
ချစ်တတ်တဲ့ ငါ့နှလုံးသားကိုဖျောက်ဖျက်ပေးကြပါ
ထွက်ကျလာတတ်တဲ့ သွေးတွေကိုမုန်းလှပြီ

No comments:

Post a Comment