Thursday, July 21, 2011

အိပ်ပျက်ညမှလွတ်ခွင့်ပေး

ငါ့ရင်ခွင်လှိုင်းထ
နင်လိုတိုင်းရနေတာက ငါပါ
ငါ့ချစ်ခြင်းမြေခ
နင့်အလိုသာ အရာရာယူဆောင်စေ
ငါ့မျက်နှာဝင်းပ
ဟိုအရင်ကတော့ နင်မြင်ချင်လှရဲ့ဆို
ငါ့စကားချိုမြ
နင့်အကြားတွေ သာယာစေရဲ့ဆို
ငါ့ချစ်ခြင်းတွေမှ
နင့်ဘဝပျော်၇ွှင်စေရဲ့ လို့
နင့်အပြောနဲ့မြောခဲ့ပေါ့ ။

ဒီလိုလေးနဲ့ .....
ချစ်ခြင်းရဲ့နောက်မှာ
ငါပဲ ရင်မောရတယ် ။

တော်ပြီ .. တော်ပြီ ....တော်ပါပြီအမိ
ငါ့အသိတွေကတားလို့
ငါ့နှလုံးသားတန့်ထားတော့မယ်
နင့်အတွက်ခတဲ့ ငါ့နှလုံးသား
နင့်အတွက်ကျတဲ့ငါ့မျက်ရည်နဲ့
နင့်အတွက်ရရလာတဲ့ ငါ့အလွမ်းတွေ
နေ့တွေ ညတွေထဲက ငါ့အချစ်တွေကိုဆွဲထုတ်တော့မယ် ။

နေတတ်သလိုနေ
ငါကျေနပ်လို့နေပေးပါ့မယ်
ပျော်သလိုလေး ဂေါ်
နင်ကငါလိုအဖော်မှမလိုတာပဲ .....
အချစ်စစ်နောက်မှာ ရောက်ရာပေါက်ရာပဲ
ငါကတော့ ကြောက်စရာတစ်ခုအဖြစ်တွေ့လိုက်တယ်
ပျော်သလိုနေတဲ့ နင်နဲ့ သဝန်တိုတဲ့ငါ့အတွက်တော့
လှည့်ဖျားတဲ့ချစ်ခြင်း ငါ့ရင်တွင်းမှာပဲပြီးသွားရတော့မယ်
အိပ်ပျက်ညမှလွတ်ခွင့်ပေး

No comments:

Post a Comment