Thursday, July 21, 2011

ကဗျာသမားလေး

မိတ်ဆွေ
ရင်ထဲအပူဘယ်လိုလူမှယူမရဘူး
မိတ်ဆွေ
ကိုယ့်အကြောင်းကို ဘုရားတောင်ကို့လောက်မသိ
မိတ်ဆွေ
ဝေစားမစားသင့်တာ ချစ်ခြင်းမေတ္တာ

စကားတစ်လုံး ဓားတစ်ချောင်း
ဆောင်းထင်လို့ကိုးကွယ်
အချစ်က နွေလိုပဲ
ကာရံတစ်ခု နှလုံးတစ်ခါနာ
အလှထင်လို့ မက်မော
မာယာသံတွေပဲနှောတယ်
ကဗျာတစ်ပုဒ် ငါတစ်ယောက်
ခံစားချက်တွေမို့ချရေး
ငါ့ကိုခလေးတောင်မလေးစားတော့ဘူး ။
ဒါပေမဲ့
ခံစားချရေး
ကဗျာသမားလေးပါပဲ ။

No comments:

Post a Comment