Thursday, July 21, 2011

မူရင်းသံ

မျက်ရည်တွေက အတားအဆီးမဲ့သွားခဲ့တယ်
ချစ်ခြင်းဆိုတာကရော... ဘယ်လိုလဲ
မျက်ရည်နဲ့ ခင်းတဲ့လမ်းများလား
သံယောဇဉ်ဆိုတာတွေ စမိခဲ့တော့
အနာတရအချိန်တိုင်းမှာ .. ကြားလိုက်လားချစ်သူ
ရင်ထဲမှာ တဆစ်ဆစ်နဲ့
ငိုကြွေခြင်းကို သံစဉ်ရှာကြည့်တယ်
ဂစ်တာလေးတောင် ပူလောင်သွားပုံပဲ
ငါ့စိတ်ကြိုက်တေးသွားရှာမတွေ့ဘူး
အသဲကွဲရာလေပင့်လိုက်လေခြင်း
ညို့ချက်မိတဲ့ ဂျီသငယ်လို ငါလိုကောင်ပေါ့
ညို့ထားတဲ့မြွေမင်းသမီးက အိမ်မက်ထဲမှာလှောင်ပြုံးတွေနဲ့
အကြင်နာကြည့်တွေကို မက်မောလို့
သူခေါ်ရာနောက်အလိုက်သင့်လေးပဲ
ကွေ့ကွင်းခြင်းဆိုတာ အချစ်စစ်မှာမပါဘူးထင်ရဲ့
ငါ့ဘဝလေးကို ပေးအပ်ပါရစေ
မင်းသိလားချစ်သူရယ်
မင်းပိုင်တဲ့ အကြင်နာတွေ
မင်းပိုင်တဲ့ အနမ်းတွေတမ်းတလို့
ငါပစ်လိုက်တဲ့အချစ်မြှားတွေက ငါ့ကိုပြန်စိုက်သွားတယ်
ငါ့ဒါဏ်ရာလေးတွေကို
ကိုယ်တိုင်ကိုင်ကြည့်ရင်းပဲ ဖြေသိမ့်မိတယ်
အချစ်ဆိုကတစ်ကယ်တော့ နာကျဉ်းတာလေးတွေမရှိရင်ပျော်စရာတစ်ခုပဲ
နောက်တစ်ခါလေ့လာမိတော့ .... ငါ့အလွမ်းဂီတသံလေးပြောင်းလိုက်တယ်
ဒီတစ်ခါ ထွက်တဲ့အသံက မင်းချစ်ခြင်းရဲ့တန်ပြန်သံဖြစ်စေရမယ်
အခုတော့ ... အခုတော့ ...
ငါမျှော်နေတာ ပုံဖော်ရတော့မဲ့ မင်းရင်ထဲကလာမည့်မူးရင်းသံပေါ့ ။

(ကျွန်တော့ရင်ထဲက ရှိတာလေးတွေချရေးတာဖြစ်လို့ သီးခံဖတ်ရှုပေးပါလို့တောင်းဆိုပါတယ် )

No comments:

Post a Comment