လွမ်းရက်တို့ရဲ့ ရှည်ရှည်
အတွေးစတို့လည်း ဝေဝေ
အကြင်နာပန်းခင်း ဖွေးဖွေး
သဝန်တိုစိတ်မို့ တိုးတိုး
ချစ်ခြင်းကလည်း ဆိုးဆိုး
ကို့ချစ်သူကို ခိုးခိုး
အနမ်းလေလွင့် ဟိုး ... ဟိုး မိုးပေါ်သို့
လွမ်းရက်လည်းရှည်
ငါ့ အချစ်ရက်တွေထဲမှာ
အတွေးစတို့က ဝေလို့ မေ ။
အကြင်နာတို့ ပန်းခင်းလို ဖွေး
ငါ့ အချစ်ရက်တွေထဲမှာ
သဝန်တိုစိတ်တို့က တိုးလို့ မေ ။
ဒီကချစ်ခြင်းတွေက ဆိုး
ငါ့ အချစ်ရက်တွေထဲမှာ
လက်တစ်ကမ်းအထင်နှင့်
ချစ်သူ့ပါးပြင် ခိုးလို့
အလွမ်းတွေလေလွင့် ဟိုး .... မိုးပေါ်သို့ပျံ့လွင့်လို့ မေ ။
No comments:
Post a Comment