Thursday, July 21, 2011

ပန်းသည်ဗျို့

မိန်းမလှ - သစ္စာပန်းရှိလား
ပန်းသယ် - သစ္စာပန်းတော့မရှိဘူးဗျ ၊ မေတ္တာပန်းပဲရှိတယ်
မိန်းမလှ - ဘာပြောတယ်ရှင့် ၊ လူကိုရိသဲ့သဲ့နဲ့ကျက်သရေကိုမရှိဘူး
ပန်းသယ် - တကယ်ပြောတာပါ မေတ္တာပန်းပဲရှိတယ် ကျွန်တော်တို့ ပန်းဥယျဉ်မှူးတွေက စံပယ်ကို မေတ္တာပန်း
ခရေကို နစ်နာပန်း ၊ နှင်းဆီကို ချစ်သဒ္ဒါပန်းရယ်လို့ သတ်မှတ်ကြပါတယ် အမိတို့လိုမျိုး ဂျန်းတော့တွေကတော့
ပန်းမျိုးကို ဘယ်သိပါ့မလဲ ဒါနဲ့ကျက်သရေဆိုတာ မက်မပြေနိုင်တဲ့ အမိတို့ရဲ့ဂုဏ်ပါဝါတွေကို ပြောတာလား ။
မိန်းမလှ - ဟုတ်တယ်ရှင့် ၊ ဟုတ်တယ် ။
ပန်းသယ် - ဒါဆို အမိက မြင့်မြတ်တဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာတယ် ထင်ပါရဲ့
မိန်းမလှ - ဟုတ်တယ်လေ
ပန်းသယ် - ဒါဆိုဂုဏ်ပါဝါကို ဆည်းကပ် ပုဇော်တတ်တဲ့ အလေ့အထရှိမယ်ထင်တယ်
မိန်းမလှ - ဒါလဲဟုတ်တာပဲ
ပန်းသယ် - ဒါဆိုအမိက ရွှေလင်ဗန်းနဲ့အချင်းဆေး မင်းမွေးတဲ့သမီးပေါ့ ။
မိန်းမလှ - ရှင်သိပ်တော်နေပါလား ။
ပန်းသယ် - ဘုရားရှင်ရဲ့ နှမတော်ကြီးမယ်ခေမာ ကြီးဆိုးတဲ့ အချိန်ကဆို အမိရုပ်နဲ့အမိရည်က ပုဆိုးဆုတ်နဲ့ကြမ်းသုတ်
ထမင်းတစ်လုပ်ကို ခက်ရာခက်ဆစ် ရှာဖွေစားသောက်ရမဲ့ကြင်အင် လက္ခဏာပဲ အမိရဲ့ ။

No comments:

Post a Comment