Thursday, July 21, 2011

ဓား

ဓား
ဟုတ်တယ်မင်းအတွက်ဆို
ငါကဓား ..
မင်းအနားမှာ မြင်တာခုတ်ပါ
ဓားအိမ်ထဲကလည်း ထုတ်လိုမှ ထုတ် ။
ငါ့အချစ်က မင်းမသွေးပဲထက်တာ ယုံ
ဓားအိမ်ထဲမှာ ထားလိုကထား
ငါမင်းအနားမှာ ဆောင်တဲ့ဓား
ညိမ်ညိမ်လေးပဲနေမယ် အသုံးလိုမှ ရှာ
ငါ့အသွားမှာ မင်းအမည်ထိုးထားတယ်
ထားလိုကထား  ၊ ဆောင်လိုက ဆောင်
ငါလိုကောင်က မင်းသုံးမှရဲရင့်မဲ့ ဓား ။
ကြမ္မာသံကိုခုတ်မလား
ဘဝ သစ်သားကိုခုတ်မလား ငါအနားမှာရှိမယ် ။

No comments:

Post a Comment