Thursday, July 21, 2011

ခါး

နွေခေါင်ခေါင်မိုးခြိမ်းသံကြားတော့
ခေါင်းမော့လိုက်တယ်
ငါ့အပြစ်တွေများနေပြီ
လောကရဲ့ကမ်းလွန်ပင်လယ်မှာ
သူသေကိုယ်သေနွှဲနေလိုက်မိတာ
ငါလည်းမသေ ၊ သူလဲပျော်နေတာပဲလေ
ခံနိုင်ရည်တို့ကို ဖဲ့ခြွေလို့
ချစ်ခြင်းတွေက ဘာလို့အစွန်းရောက်နေရတာလဲ
နိုးတဝက်အိပ်တစ်ဝက်ညကိုတောင်းပန်မိတယ်
မင်းငယ်ငယ်ကကိုင်တဲ့ပေတံတစ်ချောင်းလို
ခြိုးခြွေကြေမွှလိုက်ပါ ငါ့ဒါဏ်ကိုငါခံရဲပါ၏
အချစ်ဆိုတာ ခဲသားဘောပင်လေးလိုမဖြစ်နိုင်တာပဲ
ဖြစ်ခဲ့ရင်တောင် ခဲသားအသစ်မသုံးလို
ဝတ္တရားတွေပျက်တဲ့ ငါနဲ့
ဝတ္တရားမသိတဲ့ နင်နဲ့ကြားမှာ
လိမ်းကြံထားတဲ့ အချစ်ဆိုတာကရော
ဟောင်းပြီးသား ကာရံတစ်ခုလိုပဲ
လူကြိုက်တော့များမယ်
ဒါပေမဲ့ သစ်မလာနိုင်တော့ဘူး
မေတ္တာတွေသာ အထပ်ထပ်မျှလို့
သစ္စာတွေသာ အခါခါပြု
နိယာမတွေကြားမှာ ဗျာဝါဒတွေပွား
အချစ်စစ်စစ်ကို ခေါင်းခေါက်လိုက်မိပြီးမှပဲ
တရေးနိုးတော့ အိပ်ရေးပျက်လူနုံး
ခံနိုင်ရေလေးတွေတောင် ငါ့မှာကျရှုံးလို့
မနေ့ညကတော့ ခါးတယ်
ခုလဲခါးတယ်
နောင်လည်း ခါးပါရစေတော့ကွယ် ။


No comments:

Post a Comment