Thursday, July 21, 2011

သခင် ( ၂ )

သခင် ခြွေရစ်
နေရစ်မဲ့သူပင်
မျက်နှာငယ်ဖြင့်
ရင်နင့်အောင်မပြောရက်
ကံကိုသာအပစ်ဖို့
ချစ်တတ်လို့
ကျန်ခဲ့လိုက်မယ်
ကဗျာညက“လ“ရယ်မသာဘူး
သခင့် စကားနားထဲကြားမြဲပါပဲ ။

သခင် အပါး
အနားနေချင်သူ
ဒါဏ်ရာပယ်ဖျောက်
သခင့်နောက်မှရပ်လို့
အမြဲဖေးမ
အမှားတွေ့ရင်
စကားတစ်မျိုးဆိုဆုံးမလို့
သခင့် လမ်းကိုညွှန်ချင်လို့သာ
သခင့် အပါးခခစားစား
သခင့်နှလုံးသားလှစေချင်မိသူ ။

သို့ပါသော်လည်း ...

ချစ်ခြင်းသခင်
ငါ့အရှင်ရယ်
တွယ်တာရစ်မော
ပျော်ရွှင်ဖွယ်
အမောကြားမှ
ငါ့ချစ်မမြင်
တစ်ရံတစ်ခါ
နှင်ရက်တယ်
ရင်လှိုက်သဲဖို
ငါငိုနေလည်း
သင်ကားမကြား 
ငါ့အားထားရက်လေခြင်း
သင့်အမိန့်တို့စွဲ
ငါ့နားထဲဝဲ
အသွားထက်ဓား
ငါ့ရင်ဝမှာ
သင်စိုက်ထားတာကြာပြီ သခင်။

No comments:

Post a Comment