Thursday, July 21, 2011

လိမ်ညာခြင်းနဲ့ဝေးရာ

ဒါဏ်ရာတွေက စည်ကားလို့
ငါ့ဘဝလေးမှအားမနာ
ခံစားစရာ ရင်ဘတ်လည်းမချိ
ဒါဏ်ခတ်ခံရတာလား 
ကျိမ်စာတွေပဲလား
ဝဋ်ဆိုတာဒါလား
ငါ့ကိုငါပြန်ကြည့်တယ်
သနားစရာမှမကောင်းတာပဲလေ
သနားအောင်လည်းမနေဘူး
ဘဝခါးကို ပိုခါးအောင်လည်းမနေဘူး
ငါ့ကိုယ်ငါပဲ တိုင်တည်မိတယ်
ပြေလည်ခဲ့တာတွေမေ့လိုက်တော့မယ်
ဒါဏ်ရာတွေပိုက်ထားလိုက်တယ်
ကျောကထိုးတဲ့ ဓား
ခါးမခါးမသိလိုက်ဘူး
လိမ်ညာခြင်းကိုမုန်းတဲ့သူ
ငါ
နာကျဉ်သွားတယ် ...
လိမ်မေနနဲ့တော့
ကိုယ့်လမ်းကိုယ်လျှောက်တာပေါ့
မင်းပြေလည်ပါစေ
ငါလည်းပြေလည်မှာပဲ
လိမ်ညာခြင်းနဲ့ဝေးရာ
ငါသွားတော့မယ်
ခုတ်မောင်းသွားတဲ့ အခါးတွေအောက်မှာ
ခံစားချက်တွေကသေလို့
ငါ့နှလုံးသားလေးကိုငါ မြေဖို့ထားလိုက်တယ်
လှုပ်လာခဲ့ရင်တောင် အဆိပ်ရေထပ်တိုက်ဖို့အသင့်

No comments:

Post a Comment