Thursday, July 21, 2011

မမုန်း

ပြုံးရောင်ရယ်သမ်း
ပန်းချီကားနှယ် ရွှင်လန်းပါစေ
ချစ်သူ့ဝိဥဉ် ဗိမ္မာန်လိုဆင်
ငါ၏ဖြစ်အင် ချစ်ခြင်းသွင်ပြင်
စာနာမွေးဖွား ဒီအကြင်နာအား
ခံနိုင်ရေအား မပြည့်ဝခဲ့သူရယ်ပါ ။
ပြုံးမယ်ဟန်ပြင်
ငါ့အမြင်ထဲ သုခပန်ချီ
ချစ်ခြင်းစေရာ ဝေဒနာအိမ်မက်
မြတ်နိုးလျှက်ငါ နင့်ဓာတ်ပုံသာ
မူရယ်မပို သူလိုလျှင်မြေခ
နှလုံးသားလေး ကွဲလည်းမမုန်း
ခံစစ်လေးကို ဆင်ထားတဲ့သူရယ်ပါ ။

No comments:

Post a Comment