Thursday, July 21, 2011

လိုက်ပွဲ

ချစ်သူရေ ..
ငါ့အတွေးတွေကဝေးနေတဲ့နင့်အတွက်ပါပဲ
ရင်နဲ့လည်းရင်းရဲ့
နှလုံးသားနဲ့လည်းစတေးရဲ့
ခန္ဓာကိုယ်တွေချို့တဲ့ပါစေ
တို့ဝေးတဲ့ရက်တွေကိုငါဆွေးနေပါရစေ
ရေးတုန်းက ကဗျာအေးပဲ
ရင်ထဲမှာတော့ ပူလောင်လို့
နင်ငါ့ကိုလှည့်စားရက်တာလား
ငါကပဲ အလှည့်စားခံလိုက်တာလား
ဘာမှန်မသိပဲ အချစ်ပန်းခြံလေးထဲလေးမှာ
တဝဲဝဲလည်လို့ နင့်မာယာလေးတွေချိုပါစေ
ငါသာလျှင် နင့်အချစ်ဆုံးထင်ခဲ့တာ
ငါသာလျှင်နင့်ဘဝပေါ့
တစ်ခါတစ်ခါ ... ငါ့ဆန္ဒတွေကိုရိုက်ချိုးလို့
ငါကလဲ အမြဲမိုက်မဲလို့
ငါ့မှာ ခုဆို နင့်အပြင်လိုက်ပွဲပြင်မထားဘူး
နင်ပြင်ထာလဲ ငါရင်နာရုံပဲ ပေါ့
နင့်မာယာတွေကလဲချို
ငါ့ခန္ဓာ တွေကလဲပြို ..
ရင်ထဲမှာငိုငိုနေခဲ့ရတာ
နင်မသိလည်း ငါ့ရင်ထဲမှာပဲထားလိုက်တယ်
နင်မကြည့်လဲ ငါ့ရင်ထဲမှာပဲ
နင်ဝင်မလာလဲ ငါမျှော်နေမှာပဲလေ ...
ထားရာနေ စေရာသွား
ငါ့အချစ်တွေက ခါးတယ်မထင်ဘူး
ဒီစကားကြားရင်နင့်နားကခါးမယ်
နင့်လိုက်ပွဲတွေ မြိန်ပါစေ ။

No comments:

Post a Comment