Thursday, July 21, 2011

ချစ်ခြင်းရဲ့အပူမီး

အလွမ်းတွေပေး
ငါတို့ဝေးနေတာပဲလေ
စွမ်းမယ်ထင်တဲ့ အချစ်တွေက ခါးလို့
ငါ့လမ်းလေး ပြပေးပါဦးအချစ်ရယ် ။
အဆွေးတွေပေး
ငါ့တို့ ရင်ခုန်သံတွေနွေးနေချင်တယ်
အားရှိမယ်ထင်တဲ့အချစ်က အားချိလာပြီ
ငါ့နှလုံးသားကို နည်းနည်းလေးယုယပါလား အချစ်ရယ် ။
အချစ်ကို ဒိုင်ယာယီဟောင်းလေးလိုမဖြစ်ပါရစေနဲ့
ဒါဏ်ရာဟောင်းလေး လိုလဲ အနာရွတ်လေးမြင်တိုင် တသသ မဖြစ်ချင်ဘူး
တစ်ကယ်တော့ .. တစ်ကယ်တော့
ဘဝက ခက်တဲ့ အထဲ ငါ့အသက်ပိုင်တဲ့ နှလုံးသားလေးမှာ
အချစ်ဆိုတာ ကို .. နေရာပေးမိတာက စတင်လို့ .. ကျွမ်းလောင်ခဲ့တာပါ
ချစ်ခြင်းရဲ့ အပူမီးတစ်စ ။

No comments:

Post a Comment