ချစ်တာတော့ချစ်ပါတယ်
မေတ္တာလဲရှိပါရဲ့
သစ္စာလဲရှိပါ့မယ်
ဂရုဏာလဲထားချင်တယ်ကွဲ့
ပစ်ခွာလို့ထားမယ်ဆိုလဲ
လွမ်းကမ္ဘာထဲငါနေမယ်
မေတ္တာတရားပြန်လာရင်
ယုယကာ ငါလေမခွဲ
အနားနားပဲနေချင်တယ်
အသွေးသားကဆာလောင်တဲ့
မင်းအချစ်တို့လိုချင်တယ်
နွေးထွေးမဲ့အကြင်နာနဲ့
မင်းစကားသံချိုမြိန်မယ်
ဘဝဒုက္ခခါးနေလည်း
ရွက်လွှင့်ကာရင်ဆိုင်မယ်
အတားအဆီးတွေဆုံကြုံလာလည်း
ဇွဲမလျှော့နဲ့ တွန်းလှန်မယ်
အတ္တကိုယ်စီပြိုင်လာရင်လည်း
ငါ့အတ္တကိုဖဲ့ချွေမယ်
မာနတွေပြင်းထန်လာလဲ
ငါ့မာနကိုသုတ်သင်မယ်
ဒီကဗျာရဲ့အဆုံးသတ်မှာ
ရိုးသားစွာဝန်ခံတယ်
ပြတ်သားတဲ့စိတ်ဓာတ်နဲ့
ထွက်သက်တို့ကြုံလာရင်လည်း
ချစ်လျှက်ပဲအသက်စွန့်မယ် ။
No comments:
Post a Comment