Thursday, July 21, 2011

ဆွံ့အခြင်းရဲ့စိတ္တဇ

နေရောင်အောက်မှာ ဒူပေဒါပေခံရင်
ပြေလည်ခွင့်တစ်ခုလိုချင်သွားတယ်
မထင်မှတ်နဲ့နေ့မှာ မိုတွေရွာချတယ် လျှပ်စီးတွေလပ်လို့
မျှော်လင့်ချက်ရောင်ခြည်တစ်ခုကောက်ရသွားတယ်
အလင်းတန်းကို ကြည့်ဖို့မရဲဘူး ..
ငါကမှေးမှိန်တဲ့ဘဝ ။
ပျော်ရွှင်ခြင်းလေးရင်ထဲ လှစ်ခနဲပေါ်သွားတာ
မထင်မှတ်တဲ့ အိမ်မက်တစ်ခုလိုပဲ
အရာရာပိုင်ဆိုင်ဖို့ကြိုးစားရင်း ငါ့အချစ်တွေပေးလိုက်ရတယ်
ယူဆောင်ခြင်းက မြန်ဆန်လိုက်တာ
ထင်ထားတဲ့နေ့မှာ မိုးတောင်မအုံ့သွားဘူး
ဒါပေမဲ့ စောဒကတက်ဖို့အင်အားတွေပျောက်နေလေရဲ့
အားချိတဲ့ ဘဝ ။
ကောင်ကင်ကြီးကကြည်လင်လိုက် မှောင်မှိုင်းလိုက်
ဒါဏ်ရာတွေလေတိုက်ရာလွင့်လို့ရရင် လွှင့်လိုက်ပါရစေ
အတွေးနဲ့စကားပြောတော့ ဆင်ခြေတွေကအပြည့်
ကိုယ့်ငါးချဉ်ပဲ ကိုယ်ချဉ်တာပဲလေ ငါလဲလူ
ကောင်းကင်မဲရင် ငါ့စိတ်လေးတွေငိုလို့
လိုရမယ်ရဆေးတစ်ခွက်ဆောင်ထားတယ်
သေတစ်နေ့မွေးတစ်နေ့ဖြစ်နေလို့ပါပဲ
တေးသံသာယာ ငှက်တွေမြူးတဲ့အချိန်မှာ
အပေါ်ကိုမကြည့်ရဲခဲ့ဘူးကောင်းကင်ရေ
မော်မကြည့်ရဲတဲ့ခန။

ဒါဏ်ရာတွေဖြေဖို့ငါ့အဖို့ ကဗျာ။
ဝေဒနာတွေ လျှော့ဖို့ ငါ့အတွက်စာ။
ကြင်နာသူသိဖို့ကရော ကာရံတွေကိုပဲရှာ။

တစ်ချိန်ကရှိခဲ့တဲ့မာနတွေကိုပြန်ခေါ်ပေးကြပါ
သူတို့ကို လွမ်းလှပါပြီ ........ ။....................  ဒီကကောင်က ဆွံ့အခြင်းရဲ့စိတ္တဇ

No comments:

Post a Comment