Thursday, July 21, 2011

ပန်းရယ်လှလှ

ပန်းရယ်လှလှ
ငါ့လက်နဲ့မတန်
နွမ်းမိပေါ့ ဒီအသည်း ။

အပြုံးရယ် လှလှ
ငါ့ဘဝ နဲ့မတန်
ကြံဖန်ဖန်ရယ် ဆုံရက်တယ်
လွမ်းလျှက်အထီးကျန် ။

ပျော်စရာ ပျောက်ဆုံး
ငါ့နေ့ဆိုးလေးတွေ
လှပလို့တင့်တယ်
နင်ရယ် ခနဖြတ်သန်းသွားတယ်
ဒီတစ်ညတော့ လွမ်းလိုက်ပါ့မယ် ။

ဒါဏ်ရာဆိုတာ များလို့
ငါ အခိုးလိုပျောက်ချင်မိတာ
သတ္တိရယ်ပေါက်ဖွား
နင်ရယ် ခနလာအားပေးသွားတယ်
ဒီတစ်ညတော့ သတိရနေပါ့မယ် ။

ပန်းရယ်လှလှ
ငါ့လက်နဲ့မတန်
နွမ်းမိပေါ့ ဒီအသည်း
လူထဲက လူပေမဲ့
နင့်ဘဝလှလှ
ပျောက်ပျက်မှာကြောက်မိသူ
ချစ်သူ့ ဘဝပန်းရယ်လှလှ
အနမ်းဖွဖွပေးချင်သော်လည်း
စေတနာ့ချစ်အား ငါမှပေးဝေ
အနမ်းဖွဖွ ငါကိုယ်တိုင်ပင်စတေးစေ ................... ။

No comments:

Post a Comment