Thursday, July 21, 2011

အဆုံး

မူးမေ့လဲသွားလား
ဒါပေမဲ့ မသိလိုက်တာ
ခံနိုင်ရည်တွေပျက်သုန်းလို့
လိမ်ခံရတာအရှက်ဆုံးပဲ
ကမ္ဘာမြေကြီးချာချာလည်သွားတယ်
နာကျင်မှုကို စုထားတယ်
ဒါပေမဲ့ မပေါက်ကွဲနိုင်ဘူး
မြိုသိပ်ခြင်းရဲ့နောက်မှာဆွံ့အလို့
တွေဝေတာကိုအကြောက်ဆုံးပဲ
ငါ့နှလုံးသားလေးပြုတ်ကျသွားတယ်
ကြေကွဲမှုကို လွှင့်ပစ်ကြည့်တယ်
ဒါပေမဲ့ အနားမှာရစ်ဝဲလို့
ကျကွဲသွားခြင်းရဲ့နောက်မှာ အံ့သြလို့
ငါ့အနာဂတ်တွေပျောက်ဆုံးသွားလေရဲ့
ဇာတ်လမ်းတစ်ခုရဲု့အဆုံး ။



No comments:

Post a Comment