Thursday, July 21, 2011

ဝေမျှမိမယ်

ဝေးးးးးးးးးးးးးးးးးးးးးး
ငါ့အတွေးနဲ့ဆွေးတဲ့ညက နင်ပြေးတယ်
သတိ ငါ့နှလုံးက ထိခိုက်လွယ်တတ်တယ်... အမိ ။
ဆွေးးးးးးးးးးးးးးးးးးးး
ငါ့နှလုံးသားလွမ်းတဲ့ည နင်မရှိခဲ့
ကျေးဇူးပြုပြီး ဂရုတစိုက်ကိုင်တွယ်ပါ
ငါ့နှလုံးသားလေး ကွဲလျှတတ်တယ် နင်သိ ။
လွမ်းးးးးးးးးးးးးးးး
ငါ့ရင်ထဲ နွမ်းတဲ့ခါတိုင်း နင်ကျွမ်းကျင်စွာခါချရဲ့
ဖြတ်သန်းသွားလာခွင့်မပြု မင်းတို့အချစ်မှာမာနတွေရှိနေသမျှ
ဘယ်လိုမိန်းမမှ ငါ့ဘဝထဲ ဖြတ်သန်းသွားလာခွင့် မရှိ ။
ချစ်သူ
အချစ်မှာ မာနတရားရှိမှတော့ ငါတို့ရှေ့လမ်းခါးမယ်
စမ်းတဝါးဝါးလွမ်း ... စမ်းတဝါးဝါးမှန်း
စိုးတထိတ်ထိတ် ချစ်ရတဲ့ဘဝမှာ ...
တစ်ယေက်နဲ့တစ်ယောက် ဂရုစိုက်မှ
ယုယစွာပိုက်ထွေးဖြစ်ကြမယ်ထင်
ငါ့ရင်ထဲကို ဒါဏ်ရာမပေးနဲ့
ကဗျာလေးတွေနဲ့ ကြေကွဲတတ်တယ်
ငါ့ကိုဝေဒနာလာမပေးနဲ့
နာကျဉ်းမှုကို ကာရံမဲ့ဝေမျှမိမယ် ။

တစ်နေ့ကတွေ့လိုက်တဲ့စာသားလေး ..... .
“ အချစ်ဆိုတာ ဆေးလိပ်သောက်နေသလိုပဲ ၊ ခနခနမဖွာရင် မီးသေတတ်တယ်တဲ့လေ။“
ငါက
“ လေကောင်းလေသန့် ရှူရှိုက်ရတာထက် မီးခိုးငွေ့ရှိုက်ရတာပိုသဘောကျသူ ၊
ထို့နည်းတူအချစ်ကိုလည်း အမြဲဖွာရှိုက်ချင်ခဲ့သူ “ ။
နင်က
“ လွတ်လပ်သောလေကောင်းလေသန့်အား ပိုမိုနှစ်သက်သူ ၊ ထို့ကြေင့်အမြဲခွာချင်သူ “ ။



( သူငယ်ချင်းတို့ ကျွန်တော်ကဗျာလှလှလေးတွေရေးတော့ရေးတယ်ခင်ဗျ ၊ တစ်ခါတစ်လေ
ကဗျာမှာ ကျွန်တော့ အတ္တလေးတွေပါသွားတဲ့အခါ ဖတ်မကောင်းတတ်တော့ဘူး
သူငယ်ချင်းတို့ကို လှလှလေးတွေပဲပေးဖတ်ချင်တာပါ ၊
ဒါပေမဲ့ ကျွန်တော်က ခံစားချက်လေးတွေကဗျာလုပ်ရတာပိုသဘောကျလို့ပါ
......... ဝေဖန်ပေးပါနော် ၊ နောက်ပြီး သည်းခံပြီးအားပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်  )

No comments:

Post a Comment