Thursday, July 21, 2011

ချစ်လို့

ချစ်သူ

မင်းလည်းခံစားတတ်တဲ့ လူ

ငါလဲ ခံစားတတ်တဲ့သူ

အချစ်အတွက်နဲ့ ရူးတာချင်းတူချင်သူပါ

ကဗျာရေးစာရေး ငါ့အတွေး နင်ပဲရှိရဲ့

မင်းစကားသံတွေ ဘာလေးညာလေးငါအမြဲမေးနေတတ်သူ

လိုမှသာသုံး ၊ ငါအရှုံးပေးတယ်

မကြင်နာလို့မုန်းလဲ ငါပြုံးပြုံးပဲနေမယ်

ရင်ထဲမှာကြွေလို့ ။

ချစ်သူ

မင်းလဲ တွေးတတ်တဲ့လူ

ငါလဲမဝေးရက်တဲ့ သူ

ကမ္ဘာခြားမှာကြောက်လို့ ငါ့အနားနေပါ ပျောက်မှာစိုးလို့

မာနလေး အတ္တလေးတွေနဲ့နင်ပြေးနေသမျှ ငါကျကျန်နေခဲ့မှာပဲ

ကမ္ဘာကြီးကို ဘာနဲ့ပဲဖန်ဆင်းဖန်ဆင်း နင်နဲ့ငါ့ကြား

အချစ်နဲ့ပဲ ဖန်ဆင်းပါရစေ

နှလုံးခုန်တိုင်းချစ်လို့ ။

No comments:

Post a Comment