Wednesday, July 20, 2011

ဆွေးတယ်


နွမ်းနယ်တဲ့ နှလုံးသား

မင်းအပြုံးများဖြင့်အသက်သွင်းပါ ချစ်သူ

တစ်ဘဝလုံးပြုံးမပြတောင်

ခနလေးနဲ့ငါ ကျေနပ်နိုင်တယ် သိလား

အရှုံးတွေ ဆက်လာခဲ့ရင်

မင်းအနားနေပေးပါလား

အကြာကြီးမဟုတ်တောင်

ခနလေးလည်းကျေနပ်နိုင်ပါတယ်

မောပန်းလာတဲ့အခါတိုင်းမှာ

မင်းအပြုံးလေးတွေ ခံစားရွှင်ပြပါရစေလား ချစ်သူ

အခက်အခဲကြောင့် တွေဝေလာခဲ့ရင်လည်း

ဝိုင်းဖြေရှင်းမပေးတောင် ဘေးနားနေပေး

အရာရာကိုကျေအေးနိုင်တယ်

သိလား

မင်းငါ့ရဲ့ အား

မင်းငါ့ရဲ့အခါးကို ချိုမြိန်စေနိုင်သူ

မင်းငါ့ရဲ့ အနားမှာ စေလိုရာစေနိုင်သူ

မင်းငါ့နှလုံးသားကိုအုပ်ထိမ်းနိုင်သူ

မင်းငါ့ အချစ်ကိုဖန်ဆင်းတဲ့သူ

ငါ့ချစ်ခြင်းတွေကို မင်းရှေ့မှောက်

အစာလိုချကျွေးတို့ရေမြေတွေဝေးလို့

အလွမ်းတွေပေစေသူ

မင်းအချစ်ကို တွယ်တာရစ်မူး

ငါမင်းရဲ့ချစ်ဦးသူဖြစ်ချင်တယ်

ပန်းတိုင်းလည်းမပွင့်ဘူး

ကြယ်တိုင်းလည်းမကြွေဘူး

တိမ်ညိုတိုင်းမိုးမရွာဘူး

လှတိုင်းလည်းငါမချစ်ဘူး

ငါလွမ်းတိုင်းလည်းမင်းမသိဘူး

အိမ်မက်တိုင်းတော့မင်းလာတယ်

အနမ်းခြွေတော့မင်းပြေးတယ်

အချစ်ကိုချိုခါးမသိလည်း

ကံတရားကမဝေးဝေးအောင်ဖန်

ငါ့ဘဝလေးအခါခါပျောက်ဆုံး

ဝေးလွင့်ခြင်းဘူတာမှာပဲ

သေဆုံးရတော့မယ်ထင်ပါရဲ့

တစ်ရက်ထက်တစ်ရက်

ငါဟာ ပန်းတိုင်မသိတဲ့အပြေးသမားလေးပဲ

အလွမ်းက ခပ်ကြမ်းကြမ်းခါးတော့

နှလုံးသားကမြိုသိပ်

အချိုမဲ့တဲ့နေ့တွေပါ အချစ်ရယ်

နေ့နေ့ညညကဗျာရေး

မင်းနဲ့ဝေးတဲ့ဘဝမှာ

အဆွေးသာအဖော်ပြုရုံပဲတက်နိုင်တော့တယ်

No comments:

Post a Comment