Wednesday, July 20, 2011

မေမေ

လေယာဉ်သံတွေကြားတိုင်းလွမ်းပါရဲ့လေ
ကမ္ဘာမြေက ကျယ်သားပဲ မြန်မာပြည်ကိုဘယ်လိုပြန်ရမလဲမသိတော့ဘူး
ဂုဏ် ၊ ဓန တွေကြားလိုက်ရင်မြောသွားလိုက်မိတာ ကိုယ့်ကိုတိုင်တောင် ဘယ်လိုကောင်လဲမသိတော့ဘူး
ငွေကြေး ၊ ဥစ္စာကို လုပ်ရိုးတိုင်းပဲ ရှာနေမိတာ မေတ္တာတရားတွေနဲ့ဝေးပါလေရော
အရေးကြီးတာက ဘာလဲ ၊ အဓိက ဆိုတာကရော.......

မေမေ ကျွန်တော့မျှော်လင့်ချက်တွေကို တစ်ခါတစ်လေ အစကပြန်ရွတ်မိတယ်သိလား
မေမေ့ရှေ့မှာ ပြောခဲ့တဲ့အတိုင်း နှုတ်ကတစ်သံထဲ မထွက်ချင်တော့
မေမေပြောဘူးတယ်နော် သားကြီးက စိတ်ဓာတ်မာကျောတယ်လို့လေ
မေမေ့မျှော်လင့်ချက်လေးတွေက လဲသားကြီးထံမှာပဲလို့လေ
မေမေရော မေမေ့မျှော်လင့်ချက်တွေကို သားရှေ့မှာပြောဖူးသလိုလေးပြန်ရွတ်လို့ရသေးလား


သိလိုက်မိတယ် ။
ကျွန်တော့်ရဲ့အရေးကြီးဆုံးဆိုတာလေးကိုပေါ့
ကျွန်တော့ဘဝရဲ့ အဓိကဆိုတာကိုရောလေ ....
လူတစ်ယောက်တိုင်းမှာ
မျှော်လင့်ချက်ပြည့်ဝတယ် ၊ မျှော်လင့်ချက်မပြည့်ဝဘူးဆိုတာထက်
မေမေ့ရင်ငွေ့လေးအောက်မှာ အနွေးထွေးဆုံးဆိုတာကိုပေါ့လေ ။
သားအမှားလေးတွေ လုပ်ရင် မေမေဆုံးမနေကျ
သားမိုက်ဖို့ပြင်နေတာကို မေမေကြိုသိနေကျ
သားသိလိုက်တယ် မေမေ ... မေမေဆိုတာလဲ သားဆိုတာရှိမှ ... သားဆိုတာကလဲ မေမေဆိုတာရှိမှ
မေတ္တာတရားလေးတွေ ဖြန့်ကျက်စီးစင်းသွားရမယ်
ဂရုဏာတရားလေးတွေ နဲ့ပျော်ရွှင်ချမ်းမြေ့နေကြရမယ်
ဒီချိန်လေးမှာတော့ ...
မေမေ့ ဆုံးမစကားတွေကို ပြန်လည်ကြားယောင်နေရင်းပေါ့
မေမေနဲ့ ဟိုးးးးး အဝေးကနေပြီး
နောင်တစ်ချိန်အတွက် တွေးတောရင်းပဲ
ကမ္ဘာတည်နေသမျှ ၊ သားဆိုတာရှိနေမှာပါမေမေ
မေမေဆိုတာလဲ ကမ္ဘာတည်နေအမျှ ထွန်းလင်းတောက်ပနေမှာပါလေ
မေမေ ခုဝေးနေပေမဲ့ ၊ သားပြန်ရောက်တဲ့အချိန်ကစလို့
မေမေ့နားမှာ ရိုသေကိုင်းရှိုင်းနေပါ့မယ် မေမေ ။

No comments:

Post a Comment