Wednesday, July 20, 2011

ရင်ကိုထိရော

စတုန်းကတော့သံယောဇဉ်ပဲ
အချစ်ကြိုးတို့ဖြစ်သွားတယ်
ဖွင့်ချပြတော့ ခွင့်လွှတ်ခြင်းနဲ့
သဝန်တိုစိတ်လေးကပ်ပါလာမိတယ်
သူ့ချည် ၊ ကိုယ့်ချည်နဲ့
ချစ်စစ်မြေပြင်မှာ သံယောဇဉ်တို့ဖွဲ့
ရယ်လဲရယ်ချင်စရာ ၊ ငိုလဲငိုချင်စရာ
တွယ်တာစကားပြောရင်းပဲ ရန်ဖြစ်ကြတယ်
ရန်ဖြစ်ရင်းပဲ နားလည်မိသွားတယ်
သူငိုတဲ့အချိန်မှာ ၊ ငါငိုင်ဖြစ်တယ်
ငါငိုတဲ့အချိန်မှာ ၊ သူငိုင်ဖြစ်မယ်
ပွင့်လင်းဖို့တော့လိုတယ်
ပြေလည်စွာပြော
ကြည်ဖြူစွာအရာရာဖြေရှင်းလို့ရတယ်
နင်လိုချင်တာအချစ်စစ်တဲ့လေ
ငါလဲနင့်အတွက်ဒါပဲရှိတယ်
ကိုယ်တိုင်တောင် လမ်းပျောက်နေတာ
အချစ်ကိုလမ်းစရှာမရချင်တော့ဘူး
ဒါပဲလေ ....
ကိုယ်တိုင်စိုက်ထားတဲ့ ဝါး
ခုတော့အပင်ခုတ်ပြီး
မြှား အဖြစ်ဖန်ဆင်း
နှလုံးသားကိုပစ်သွင်းခံလိုက်ရတာ ........
ရင်ထဲကိုထိရော



No comments:

Post a Comment