ဝေတိုင်းမွှေးတဲ့ပန်း
လန်းဆန်းပါစေ။
ကြွေတိုင်းလှတဲ့ပန်း
ရိုးသားပါစေ။
နေ့တိုင်းစီးတဲ့စမ်း
အေးမြပါစေ။
စိမ်းလမ်းခြင်းတော
အေးချမ်းပါစေ။
ဓန ၊ ဥစ္စာ
ပျောက်ရှစေချင်။
ရုဏ်နဲ့သိက္ခာ
မြဲမြဲခိုင်စေ။
လောဘကင်းရှင်း
မာန်မာနဝေးစေ။
အချစ်စစ် ချစ်မှန်
နွေးထွေးပါစေ။
အမုန်းမကျန်
ကင်းစင်ပါစေ။
နေ ခြည်ဦးတို့
ပွင့်လန်းဝေဆာ
လ ညခင်းတို့
အေးချမ်းသာယာ
ချိုသာကြည်အေး
ငှက်တို့တေးဆို
မုန်းမာနကင်း
ချစ်ခြင်းဖလှယ်
သောကကင်းရှင်း
လူတိုင်းချစ်ခင်
သာယာဝေဖြိုး
ပြည်ဖွံ့ဖြိုးစေ ။
No comments:
Post a Comment