ရင်ခွင်ရေပြင်ငယ်မှာ
လမင်းသမီးခြေဖွဖွနင်းသွားတယ်
စကားသံချိုချိုလေးနဲ့
ညှင်းသတ်တော့
မင်းထက်အချစ်ကို
ကိုးကွယ်မိသူပါ လမင်းသမီးရယ်
အမိပေးတဲ့ ဦးနှောက်က
ချစ်ခြင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မဲ့သွားတယ်
အနားတစ်ဖဝါးမခွာချင်လည်း
နေမထွက်ခင်နင်ပျောက်တယ်
မင်းထက်အချစ်ဆိုတာကို
ယုံလွယ်တတ်သူပါ လမင်းသမီးလေးရယ်
အပူအအေးမမျှတော့
နေ့နဲ့ညကြားမှာပဲ ငါရူးသွားခဲ့တယ်
ချစ်တတ်တဲ့နှလုံးသားကိုငဲ့ညှာပါ
မင်းနဲ့ ငါ့ဘဝ
ယူဇနာခြားလည်း
အချစ်ဆိုတာ ခံစားလို့ရပါသေးတယ်နော်
ကြည်လင်လမင်း မင်းပြုံးခြင်းကို
စွဲလမ်းမူးမိုက်ရူးလိုက်ရတဲ့ ကန်ရေပြင်ခမျာတော့
တိတ်ဆိတ်စွာပဲ့ကြွေ
အလွမ်းတွေဝေ မပိုင်နိုင်မှန်သိလို့
နေ့ပိုင်းဆိုငိုကြွေး
မသေနှလုံးသားနဲ့
ရေပြင်ငယ်လေးမှာ မင်းသမီးခြေရာ
ထင်ကျန်လျှက်ပေါ့လေ ....
No comments:
Post a Comment