Wednesday, July 20, 2011

အရှင်းမဲ့လေခြင်း

စိမ်းလဲကျော့ရှင်း

မာယာကျော့ကွင်း

နာကျည်းခြင်းမဲ့ရင်း

ကိုယ်တိုင်ခုန်ဆင်းမိတဲ့

ချစ်အဝီစိကျွင်း

နေ့ချင်ညချင်းရူးသွားတယ်မို့

ဆူးကြားကပန်းလို့ မထင်လိုက်ဘူး

ထူးမလား ထူးမလားနဲ့

သူများပဲဦးသွားတယ်

တဂျောက်ဂျောက် ပေသီးသံတွေကြားမှာ

ငါတစ်ယောက်အထီးကျန်ရင်း

လူတွေတော့ ပြေးလွှားဆဲ

နေမင်း နဲ့ လမင်းအပြိုင်စစ်ခင်း

ငါ့အတွေးတို့ နယ်လွန်နေခြင်း

သေခြင်း နဲ့ ရှင်သန်ခြင်းကြားမှာပဲ

အသည်းပန်းကို သူများခူးသွားတယ်

ဆုံးရှုံးရခြင်းဆိုတာလဲ

တစ်ခါတစ်လေ သုခပဲ

ခုညလေးတော့ အတွေးဆိုတာက

ငါပြုသမျှနုရမယ်

ငါ့မနက်ခင်းလေးလဲ နောက်နေ့

ငါနိုးမှလင်းရမယ်

ဒါငါပိုင်တဲ့ အစစ်တွေပဲ

ချစ်ခြင်းနဲ့စစ်ခင်း

ဝေခွဲဆုံးဖြတ်ရင်း ချက်ချင်းသိလိုက်ရတယ်

ငါ့ နှိပ်စက်ခြင်းလေးလဲ

သူများပိုင်ဆိုင်သွားတော့တယ်

နိုင်ငံခြားတော့လည်း

မပြိုင်နိုင်တော့ ငါမှားတယ်ထင်တာ

စံတူမမှီတဲ့နင်လည်း

လောကမှုန်တိုင်းတွေကြားဝေဝါးဝေါးနဲ့

ရွှေများငွေများပိုက်လို့တံတိုင်းခြားနား

ရိုင်းများသွားလား

ခုတော့ ...

ငါ့ရင်ခွင်လွှာကြားထဲ

နင့်လှပခြင်းများလည်း

အရှင်းမဲ့လေခြင်း အတိ




No comments:

Post a Comment