Wednesday, July 20, 2011

သူငယ်ချင်းရေ




သူငယ်ချင်းရေ
ဒဏ်ရာနဲ့ခင်းတဲ့လမ်း
ကြမ်းတော့ကြမ်းတယ်
မကြောက်တမ်းနင်းလျှောက်ကြမယ်လာ
နွေလိုပြင်းတဲ့ဘဝပဲ
မခံသာပေမဲ့ ထားရာနေရာမှစံတာပေါ့
ဇွဲနပဲနဲ့ အမြဲပဲ ကြိုးစားရင်တော့
တစ်နေ့ရောက်မယ် မုချပန်းတိုင်
မုန်း၊ ချစ် ၊ ခင် ၊ ကြည်
ဒီဖြစ်အင်တွေ ပိုင်ထားတော့
ဒို့လူသားတွေပဲမဟုတ်လား
ခရီးပြင်းတွေနှင်လာလိုက်တာ
ဒီချိန်ထိ ဘယ်ကိုင်းမှာနားရမှန်းမသိသေးဘူး...
ဒါပေမဲ့
ပျော်ပျော်ပဲ ချီတက်ကြမယ် သူငယ်ချင်း
လူတိုင်းဒါဏ်ရာနဲ့မကင်းဘူး အဟုတ်
မင်းတွေဝေရင် မင်းကျန်
ငါတွေဝေရင် ငါကျန်ပဲ့
ပန်ကာလိုလည်တာတွေပေါနေပြီ
မင်းညံ့မင်းခံ
ငါညံ့ငါခံပဲ့
မလည်ပဲ့တော့မရှုပ်မိစေနဲ့နော်
အနာဂတ်က စောင့်မျှော်နေတယ်
အလွဲအလွဲတွေကြားမှာပဲ
လူ့ဘဝက အလဲလဲအကွဲကွဲနေရင်နေမယ်
သို့သော်လည်း ...
တပွဲပွဲမှာတော့ နိုင်မှာပေါ့
အသဲတော့မကွဲစေနဲ့
စိတ်တော့တင်းထားကွာ
တချို့လွယ်ပေမဲ့ ဒို့တော့ရုန်းရမယ်
ဘဝကကြမ်းပေမဲ့
ခနခန လန်းလို့ရပါတယ်နော့

No comments:

Post a Comment