Wednesday, July 20, 2011

ရိုးရိုးလေးပါပဲ

တစ်နေ့ကလား
ငါ
အငွေ့ပျံသွားတယ်
ငါ့ရိုးသားမှုတွေ ခြစားခံလိုက်ရတယ်
အတွင်းရောအပြင်ရော
နေရာမလပ်သေနပ်နဲ့ချိန်ထားသလိုခံရတယ်
ငါ့ရဲ့စစ်ဖက်တွေ တွန်းလှန်ခြင်းမဲ့နေတဲ့
ငါ့ကို လှောင်ပြုံးတွေနဲ့
ရင်ထဲမှာမင်း
အပြင်မှာတော့ မဲ့ပြုံးနဲ့
ကြမ္မာနဲ့ ကြေကွဲစရာ
ငါ့စိတ်ဓာတ်တွေကိုပါ ခြစားသွားတယ်
ခန္ဓာကိုယ်ကို ... အရောင်ဖျောက်ချင်တယ်
အနိုင်ယူလိုချင်သူတွေမတွေ့အောင်
နှလုံးသားကို ခနဖွက်ထားမယ်
ကစားချင်သူတွေရှာမတွေ့အောင်
ရိုးသားမှုကို .. ခနသိမ်းထားမယ်
လှည့်ဖျားတတ်သူတွေပေါလို့
နေရိပ်ထဲခနဝင်ချင်တယ်
နေပူဒါဏ်တွေကြုံတာများနေပြီ
ကြိုးစားပြုံးရင်း ပါးတွေညောင်းလာတယ်
ကြိုးစားပြောရင်း အမှားတွေများလာတယ်
တွယ်တာတတ်ခြင်းမဲ့ပစ်လိုက်တော့မယ်
ငါဆိုတာကရော ........ ငါမဟုတ်ပါလား
ခနသိမ်းထားလိုက်မယ်
မြှားနတ်မောင်လည်း အိပ်ပါစေတော့
ကဗျာတွေရော
သိမ်းထားချင်တယ် .... ဒါပေမဲ့
ခံစားချက်ကတော့ ဝေငှနေတုန်း
ဒီတော့
ရိုးရိုးလေးပါပဲ
                                          ကဗျာတွေပါခြစားခွင့်ပြုလိုက်တယ် ။


                                                     

No comments:

Post a Comment