သခင်
ခြွေချင်ရဲ့ဆို
ခြွေလှဲ့ပါသခင်
ရင်နှင့်ရင်းလို့မြေခပေးမယ်
သခင်
မမြင်ချင်ရဲ့ဆို
နေခဲ့ပါသခင်
အနားမခွာချင်လည်း ထားသွားပေးမယ်
သခင်
ရွှေရင်သဲဖို
ရင်ခုန်လှည့်ပါသခင်
ကြယ်စင်များတောင် ဆွတ်ခူးပေးမယ်
သခင်
သိလား... အချစ်ဆိုတာ ..
ချစ်တတ်ခြင်းကိုဂုဏ်ယူတတ်စေတယ်
နာကျဉ်းတတ်ခြင်းကို မြေခစေတယ်
ဝမ်းနည်းကိုကြွေကျစေတယ်
ပူဆွေခြင်းကို ဝေငှစေတယ်
ဆာလောင်ခြင်းကို တူမျှစေမယ်
ဗျာဝါဒကို ဆူပွစေမယ်
ဒါပေမဲ့လေ သေချာတွေးတော့ အချစ်က ချစ်နေဖို့ပါပဲ ... သခင်ရယ်
No comments:
Post a Comment