Wednesday, July 20, 2011

အလွမ်း

တွေ့ရင်လွမ်း
မတွေ့ရင်နွမ်း
ခမ်းခြောက်မသွားတဲ့အချစ်နဲ့ပါ
ရစ်သထက်ရစ်ရစ်လာတယ်
နှောင်ကြိုးဖြေ......ပြေဖို့မမြင်ပါဘူး ။
ရင်ဝှက်ပန်း က
လန်းဆန်းလာတယ်
မြင်လျှက်ကန်းသွားရော
အချစ်တစ်ခုပဲ ဂရုစိုက်မိလို့ပါ
တမ်းတလို့လွမ်းဆွတ်
မင်းအကြင်နာကို ငတ်မွတ်
ကြေကွဲခြင်းနိယာမထင်ပါရဲ့
အလွမ်းဆိုတာကရောဘာလဲ
ရှင်လျှက်သေခြင်းတစ်မျိုးပဲ

No comments:

Post a Comment