Wednesday, July 20, 2011

တိမ်ဒဏ္ဍာရီ

မိုးတွေသည်းနေတယ် ...
လေလည်းတိုက်လို့လေ .....စိတ်ကူးလေးကိုခနလေးပေးစီဆင်းခိုင်းလိုက်တယ်
လေတိုက်နှုန်းလေးနဲ့အတူ မင်းထံလာခဲ့မယ် ...... ချစ်သူ ကြိုဆိုနေပေးပါ ။
လမ်းခရီးမှာတွေ့မဲ့ အန္တာရာယ်တွေ များတယ်မမှုချင်ဘူး ၊ ဂရုမစိုက်ချင်ဘူး
ငါချစ်တဲ့သူ့ထံသို့ပဲ ဦးတည်ထားလိုက်မယ် ..... ငါက လေဟုန်စီးတဲ့တိမ်တိုက်
လေတိုက်တိုင်းပါမယ်ထင်လား .... ချစ်သူ
လေတိုက်တိုင်း လွင့်မယ်ထင်လား ....
တစ်ကယ်တော့ ငါကတိမ်တိုက်လေး ...ရေမှုန်ရေမွှားလေး .....
ထိတွေလို့မရသူ၊လိုက်ဖမ်းလို့မရသူ ၊တွယ်တာမှုကင်းသူလေးပါ
ဒါပေမဲ့လေ
မျှော်လင့်ချက်မဲ့နေခဲ့ဘူးတယ် ၊ လေနှင်ရာလွင့်နေခဲ့ဘူးတယ်
မုန်တိုင်းတွေ ထန်နေတဲ့ကြားကမှ နင့်ကိုတွယ်တာခဲ့သူပါ ၊ ရူးသွပ်မိသူ
ချစ်မိခဲ့သူ ၊ မြတ်နိုးမိခဲ့သူ တိမ်တိုက်လေးတစ်ခုပါ
ကိုကအမြင့်ပေါ်ကတိမ်တိုက်လို့ မှတ်ထားပေမဲ့
တစ်ကယ်တော့မြေပေါ်လျှပ်ပြေးနေတဲ့
ဝေဒနာနဲ့တိမ်တိုက်လေးပါ ၊။ ဝေဒနာဗလပွနဲ့ တွေဝေသောညတွေကိုဖြတ်ကျော်နေရသူ
လေပူတွေကို လက္ခံပြီးခံစားသူ ၊ အပူဆောင်တိမ်တိုက်လေးပါပဲ
သံယောဇဉ်ကိုမြေစမ်းခရမ်းပျိုးမိသွားတာ ..... ဖြစ်ထွန်းလာတော့ ကြီးမားတဲ့အချစ်သစ်ပင်ကြီးပေါ့
နင်နဲ့ငါ့ကြားမှာ တံတိုင်းကြီးတွေခြားနေတယ် ချစ်သူ
ဝေမျှခံစားချင်တဲ့နင့်ကို နေရောင်အောင်က တိမ်ရင်ခွင်ထဲဝင်မလာစေချင်တာတစ်ကယ်ပါပဲ
ငါ့ရင်ထဲက အပူဆောင်ဝေဒနာတွေကို မျှဝေမခံစားပါနဲ့ ချစ်သူ
ပူးဆွေးနေတဲ့ချိန်လေးမှာ သီးသန့်နေပါရစေ
ပျော်ရွှင်နေတဲ့ချိန်လေးမှာ ငါနဲ့အတူလေဟုန်လာစီးလှည့်ပေါ့ .......

No comments:

Post a Comment