Wednesday, July 20, 2011

ဗေဒါဘ၀နဲ့လူ

မာယာနဲ့သူ
မာနတွေထောင်လွှားဘူး
သို့သော်လည်း
ငါရူးခဲ့တယ် ။
ခြေရာမဲ့အောင်သူ
အတ္တနဲ့လျှောက်မသွားဘူး
သို့ပေမဲ့
ငါရှာမတွေ့ ။
အချစ်ရေ .... အချစ်ရဲ့
ငါကဗေဒါဘဝနဲ့လူ
ဘယ်သောင်ကပ်လို့
ဘယ်ဂျောင်မှာနှပ်ရမယ်မသိ
လှိုင်းဒါဏ်တွေလှိမ့်ခံရင်း
ဖြေစရာမဲ့တယ် ။
တွယ်တာမိခဲ့တာပါ
အရိပ်ခိုလို့ ၊ အခက်မချိုးရက်ဘူး
ရက်ဆိုးတွေကြားမှာ
လက်တလောကိုပဲနေတတ်အောင်နေသူ ။ ။ ။ ။ ။
မြတ်နိုးပါတယ်ကွယ်
သားရေပေါ်အိပ်လို့ ၊ သားရေသားကိုမစားရက်ဘူး
မုန်တိုင်းတွေထန်တော့
မောပန်းနွမ်းနယ် မှုတွေပေးတဲ့
ပင်လယ်ပြင်ကြီးကိုပဲ ဖက်တွယ်နေမိသူ
ဗေဒါဘဝနဲ့လူ ။ ။ ။ ။ ။

No comments:

Post a Comment