Wednesday, July 20, 2011

ချစ်လို့ပါလေ



ငါ့နေ့တွေနွေသာဖြစ်တယ်
ပူလောင်ခြင်းနဲ့ပေါ့
ရောင့်ရဲတင်းတိမ်မှုကို မေ့ထားလိုက်တယ်
နင်သာငါ့ဘဝပါ လေ
ငါ့ညတွေ လေပူတိုက်တယ်
အဆိပ့်သင့်ခြင်းနဲ့ပေါ့
အိမ်မက်တွေအသက်သွင်းလိုက်ချင်တယ်
နင်သာငါ့ညလေးဖြစ်ပါစေ
နင့်မသိတဲ့နေ့ ၊ နင်မရှိတဲ့ ညတွေ
တွေဝေစွာရှင်သန်ရင်း
ငါ့ကိုယ်ငါအပစ်တင်မိတယ်
နင်သာငါ့ဘဝ ၊နင်သာငါ့ညဖြစ်တာကို
ဘယ်လို ..ဘယ်လို ငါချစ်ချစ်
အားလုံးတော့အပစ်တွေဖြစ်နေတယ်လား
စကားပြောကောင်းတာကိုသဘောကျလား
ကြာပန်းသမားရှာ
ဟာသတွေပြောတာသဘောကျလား
လူရွှင်တော်ကိုရှာ ..
ငါ့မှာတော့ .....
နင့်အတွက် သဝန်တိုမှုတွေနဲ့မြတ်နိုးမိလို့
ဆုံးရှုံးမှာကြောက်
အရူးတစ်ယောက်လိုကောင်ပါ လေ

No comments:

Post a Comment