Wednesday, July 20, 2011

၅၂၈

တိတ်တဆိတ်ကြေကွဲ
ရင်ထဲလဲဆွေးတယ်
နှုတ်ဆက်စကား
ဖွဖွကြားလား
ရင်နှစ်ခြမ်းခွဲ
အသဲကိုယူ
မူပိုင်အပ်နှင်း
ငါ့ချစ်ခြင်းသည်
ငွားငွားစွင့်ကွယ်
လှပဝင်ထည်ပါသော်လည်း
ဖြူစင်သန့်ရှင်း
သံယောဇဉ်ရင်းကို
ဘာဓားနဲ့မပြတ်လေငှား
ငါဘာအသုံးကျ
လုံးဝရှောင်ရှားမရလိုက်ဘူး
နင်နဲ့ငါ့ကြား
စည်းကာခြားနား
ရင်ထဲဝင်ကြည့်
ချစ်ခြင်းသိမယ်
သို့လော အတွေး
ရင်ထဲလည်းနွေးတယ်
၅၂၈ မှန်တယ်သူ့အပြောကြား
ငါရင်မောရတယ်
ချစ်ခြင်းရယ်တဲ့
                                             အသင်္ချေ ....................................

No comments:

Post a Comment