Wednesday, July 20, 2011

တစ်ခုထဲရယ်ပါ

ငါကအဝေးကလေ သတိရတိုင်းမော့ကြည့်မိတယ် ငါ့ကောင်းကင်ကဒါလား ...
မျှော်လင့်ခြင်းတွေ ၊ ရည်မှန်းချက်တွေကို ဆုပ်ကိုင်ထားလိုက်တယ် ... ဒါပေမဲ့
ငါ့မှာပြစရာမရှိသေးဘူး ။ မြင်မြင်သမျှအရာရာဟာ အမြဲတမ်းမလှတာလဲလူတိုင်းအသိ
ငါ့အတွက်တော့ အထီးကျန်စိတ်ကို မြိုချလိုက်တယ် မဟုတ်ဘူး မြိုချထားခဲ့ရတာ
အချစ်ဆိုတာ လူတိုင်းအမျိုးမျိုးပြောကြပေမဲ့ ငါ့အတွက်တော့ ခုံမင်ရူးသွပ်ခြင်းတစ်ခုပဲ
ကြေကွဲလွမ်းဆွက်ခြင်းကိုလည်း သင်ကြားပေးပြန်တယ် ..... ဟုတ်တယ်
လူတွေထင်တာထက်ကို အချစ်ကနက်ရှိုင်းတာ ။
နင်နဲ့ကြည်နှုးတဲ့ရက်တွေထက် နင့်ကြောင့်ကြေကွဲတဲ့ရက်တွေပိုများတယ် စိတ်မနာနိုင်ခဲ့ဘူး
ဒါလားအချစ် ...ရက်စက်စွာနင်မေ့ပစ်တာတောင်မနာနိုင်တဲ့ငါပါ
နင်ငါ့ကိုထားရစ်တဲ့ရက်လေးတွေကို ပြန်လျှော်ပေးဖို့မလိုပါဘူး
နင်ငါ့ကို မေ့ခဲ့တဲ့ညတွေကို ပြန်လျှော်ပေးဖို့လဲမလိုပါဘူးလေ ။
တစ်ခုတော့လိုချင်မိတယ် ၊ တစ်ခုပါပဲ ၊တစ်ကယ့်ကိုတစ်ခုထဲ
တစ်ခုထဲပဲသိချင်မိတော့တာ ................... ။
တစ်ကယ်ချစ်ခဲ့တာလား ၊
လိမ်ညာချစ်ခဲ့တာလားဖြေကြားပေးပါ
မှန်တိုင်လေးပဲ သိချင်တယ် ...... တစ်ခုတော့သတိရပါ
နင့်အဖြေက ငါ့ကိုသေစေနိုင်သလို ပျော်ရွှင်စေနိုင်တာတော့မမေ့ပါနဲ့။




(မရေးတတ်ရေးတတ်နဲ့ရေးထားတဲ့စာစုလေးပါ ခံစားချက်ဖြစ်လို့ ဖတ်ကောင်းချင်မှကောင်းမယ်
ဘာပဲဖြစ်ဖြစ်ဖက်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ)

No comments:

Post a Comment