Wednesday, July 20, 2011

ဒါဏ်ရာ

ဆွေးစိတ်မပြေ ၊ ဒို့ဝေးရက်တွေ
မြူခိုးလိုဆိုင်း ၊ လူတိုင်းကြုံဖူးပါ့မလား
အလွမ်းတွေရှိတော့ ၊  နွမ်းနေတတ်တယ်
လွမ်းတိုင်းစူးရှ  ၊ ကြည်နူးရတဲ့ရက်တွေရှိတယ်
မက်မောဖွယ်ရူးရ ၊ ကြည်နူးခဲ့တာဆိုးတယ်
မင်းချန်ရစ်လည်း  ကျန်ခဲ့မဲ့ကောင်
ခြေရာဖျောက်လည်း သေမလောက်လွမ်းမယ်
ဝေဒနာကပူ လူတွေကဆူလည်း
အယူမလွဲ ဒီလူအသည်းမင်းပိုင်တယ်
ဆိုင်ချင်မှသာ ဆိုင်ပါနော်
အပိုင်သာပြောနေရတယ် ဒီကအရှုံးပဲ
ဆွေးရပြီအချစ်ရယ် ရစ်တွယ်လှလို့ထင်ရဲ့
နေ့တိုင်သာနေမြင်ရတယ်
ငါ့ဘဝလေး လင်းမလာဘူး
ဆွေးဘူးတယ်အချစ်ရယ် ..........
ဒီကဗျာ အဆုံးသတ်တော့
ငါအပြုံးပျက်နေတယ်
ရစ်သထက်ရစ်တာသံယောဇဉ်တဲ့
ငါ့သဘောနင်မြင်မှာပါ
ချည်ပြီးတုတ်ပြီးစကားတစ်ခုရှိတယ်
“အချစ်ကြီးရင်အမြတ်ကြီးတယ်“ တဲ့လေ
အရင်အနှီးကြီးခဲ့တော့လည်း
ငါ့အသည်း လွမ်းဆဲ ဆွေးဆဲ ..... နာကျဉ်းဆဲ .............

No comments:

Post a Comment