Wednesday, July 20, 2011

ဗေဒါကောင်လဲချစ်တတ်တယ်

သေချာကြည့်ပါချစ်သူ
ကြမ္မာကြားမှာငြိနေတဲ့သူကငါ
ဗေဒါဆိုတာလဲသိပေးကွာ
ငါဆိုတဲကောင်က
ဗေဒါတော့ ဗေဒါ
နွေကမ္ဘာမှာ လျှောက်တဲ့ငါ
တွေဝေစရာတွေနဲ့ လေမှာလွင့်လို့
မိသားစုရေးပူနေမိသူပါ
မေ့ဆေးတွေသောက်လိုက်တယ်
စေတနာနဲ့ ကြွေစရာ မွှေတော့
ဝေဒနာအသစ်က မူးပြန်ရော
တစ်ခါတစ်လေ ရူးဖို့ပဲတတ်နိုင်ချင်တယ်
ခူးဆွတ်ချင်တာက မိုးပေါ်ကပန်း
မရနိုင်မှန်းသိတော့ လွမ်းလို့
ဝိုးတဝါးလမ်းတွေထဲ
မှန်းရမ်းလျှောက်လိုက်တယ်
ငါ့ပြေးလမ်းကဘယ်မှာလဲပြောစမ်း
အနောက်ကိုလား ၊ အရှေ့
ဘဝဆိုတာ .... အလွမ်းပဲပေးမှာလားကွာ
ခုတော့
လွမ်းရင်းနဲ့ မျက်လုံးတွေကန်းကုန်ပြီ
ရှေ့ကလမ်းကဘယ်ရောက်လဲ
ရောက်ချင်ရာရောက်
နင့်ကိုချစ်တာတော့သေချာတယ်
ဝင်မလာချင်နဲ့တော့ကွာ
ငါ့နွေကမ္ဘာထဲ ဝေဒနာပဲရှိတယ်
စေတနာနဲ့ ချစ်တာပဲလေ
ပူလောင်ရာထဲ ငါပဲနေမယ်
သေရာပါအောင်တော့ ချစ်ပေးပါ့မယ်
သေချာ ကြားအောင်နားထောင်
ဗေဒါကောင်လဲ ချစ်တတ်တယ်

ပြောလို့မပြီးသေးဘူး .....

ဗေဒါကောင်လဲချစ်တတ်တယ်

.......................................

ဗေဒါကောင်လဲချစ်တတ်တယ် .........
ဗေဒါကောင်လဲ............................... ချစ်တတ်တယ် ။



No comments:

Post a Comment