ခံစားချက်တို့ဖြာဝေ
တို့ကမ္ဘာတွေ ..တို့ဘဝတွေ
လေလိုနှင်လိုကနှင်
အလင်းလိုစေလိုရာစေ
နွေ...........နွေ.....နွေတွေဝေ
သောက မာယာတွေနဲ့
သဘောက ဌာနေဝေး
ကဗျာလေးတွေပဲပေးနိုင်တယ်
ခနလေးထင်လို့ ခွဲမိတာ
ကမ္ဘာနဲ့ချီနေပြီ လေ
အိမ်ကိုလွမ်း စမ်းတဝါးဝါးနွမ်း
ခန္ဓာပဲ ခြောက်ခမ်းချင်မိတယ်
ဒါလား ... ဘုရားဟောတဲ့ကိလေသာ
မိဝေးဖဝေး တနယ်စီဝေးတော့
ငါ့ အသွေးကို သောက်ကြပါ
အသားကိုယူ အရိုးကိုထုတ်
နှလုံးသားကိုတော့
ပြတိုက်ပို့ပေးပါ
ကြင်နာလိုသူလေးကြည့်ဖို့
ကြားတာတော့
အမြှီးကျက် အမြှီးစား
ခေါင်းကျက်ခေါင်းစား
လောင်းမလား ခုဆို
မီးတောင်မမွှေးကြတော့ဘူးလေ
ခေတ်ကပျက်တော့
အရစ်ရစ် ထပ်ထပ်ပဲ
နုံချာသူတို့ခံရယ်
ကံတရားတယ်
ဖေးမကူလှည့်ပါ
တွယ်တာသူတို့မျော်လို့
နွေကမ္ဘာလျှောက်ပြီးရင်
ပြောပါ
အမိမြေကို လွမ်းလှပြီ
No comments:
Post a Comment